နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင် လုံထိန်း ဌာနချုပ် ရှေ့တွင် စခန်းချ၍ ခရီးသွားများထံမှ ငွေတောင်းနေ

RB News
21.9.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ကျီးကန်းပြင်ရှိ ယခင် နစက ဌာနချုပ် နေရာတွင် လုံထိန်း တပ်ရင်း ဌာနချုပ်မှ နေရာ ယူထားသည်။ အဆိုပါ လုံထိန်း ဌာနချုပ် ရှေ့တွင် စစ်ဆေးရေး ဂိတ် ပြု လုပ် ထားပြီး၊ နယ်မြေ (၁) (၂) (၃) (၄) (၅) တို့မှ ရောက်ရှိ လာသော ဘတ်စ်ကား များ၊ ဟိုင်း လတ် ကား များနှင့် ဆိုင်ကယ်ဖြင့် ရောက်ရှိ လာသော ခရီးသည် များကို စစ်ဆေးရေး ဂိတ်နှင့် အလှမ်းဝေး သည့်နေ ရာတွင် ရပ်ခိုင်း၍ တစ်ဦးချင်း လမ်းလျှောက် လာစေပြီး စစ်ဆေး လျက်ရှိသည်။ 

စစ်ဆေးရေး ဂိတ်မှ စစ်ဆေး ရာတွင် ယာယီ ကဒ်ပြားနှင့် ခရီးသွား ထောက်ခံစာ ကိုစစ်ဆေး ခြင်းဖြစ် သော် လည်း အထောက် အထား အပြည့်အစုံ ပါသူ များအားလုံး ငွေကျပ် ၅၀၀ စီ ပေးနေ ရသည်။ လုံခြုံရေးကို အကြောင်းပြ၍ စစ်ဆေးခြင်းဟုပြောဆိုနေသော်လည်းခရီးသွားပြည်သူများ စိတ်အနှောက် အ ယှက် ဖြစ်စေ ရန် ရိုင်း ပျစွာ ဆက်ဆံခြင်း၊ ရင့်သီးစွာ ပြောဆိုခြင်း များပြုလုပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရဲတပ်ဖွဲ့ဝင် များ၏ အဓိက တာဝန်မှာ ပြည်သူ လူထု၏ လုံခြုံရေး ဖြစ်သော်လည်း မောင်တော မြို့နယ်တွင်း ယခု လပိုင်းအတွင်း ဖြစ်ပွား ခဲ့သော ဓါးပြ တိုက်မှု များကို ယခု အထိ ဖော်ထုတ်၍ မရသေးဘဲ၊ ဒေသခံ များ က လုံထိန်း ၀တ်စုံဖြင့် လာသည့် ဓါးပြ များကို လုံထိန်း ၀တ်စုံဖြင့် မြင်သည်ဟု မထွက်ဆိုရန် အာ ဏာ ပိုင် များက ဖိအား ပေးခဲ့သည်။ ထို့အပြင် ဒေသခံ များကို ဓါးပြ တိုက်သည်တွင် ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်း ဆီး ညှဉ်းပန်း နှိပ်စက်၍ အချုပ်ခန်းတွင်း တစ်ဦး သေဆုံး ခဲ့ရသည်။ ထိုကဲ့သို့ စွပ်စွဲ ၍ ငွေ ညှစ်ခြင်း များ လည်း ပြုလုပ် ခဲ့သည်။ 

ရဲတပ်ရင်း ဌာနချုပ် ရှေ့တွင် ဖွင့်လှစ် ထားသော စစ်ဆေးရေး ဂိတ်မှာ လုံခြုံရေး အရ စစ်ဆေး ရန် ဖြစ် သည်ဟု ဆိုသော်လည်း အမှန်မှာ ဒေသခံ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက် ရန်နှင့် ငွေ ညှစ်ရန် ရည် ရွယ် ၍ ဖွင့်လှစ် ထားခြင်း ဖြစ်သည်။ 

စက်တင်ဘာလ (၁၅) ရက်နေ့တွင် မောင်တော မြို့နယ် မြောက်ပိုင်းသို့ မောင်တော ခရိုင် လ၀က ဦးစီး အရာရှိ၊ ခရိုင် ဥပဒေ အရာရှိ ဦးဆောင်သော အဖွဲ့ လာရောက်၍ ဒေသခံ များကို အစည်း အဝေး ခေါ်ပြီး၊ ယာယီ သက်သေခံ လက်မှတ်ဖြင့် မြို့နယ်တွင်း မည်သည့် နေရာမဆို လွတ်လပ်စွာ သွားလာ နိုင်ကြောင်း   ထောက် ခံစာ ယူရန် မလိုအပ်ကြောင်း၊ အကယ်၍ မြို့နယ် ကျော်၍ သွားမည် ဆိုပါက လ၀ကမှ ခရီးသွား ခွင့်ထောက်ခံစာရယူရန် လိုအပ်ကြောင်းပြောဆို သွားခဲ့ သော်လည်း၊ ယခု ရဲတပ်ရင်း ဌာနချုပ် စစ်ဆေးရေး ဂိတ်နှင့် အခြားသော စစ်ဆေးရေး ဂိတ်များတွင် ယာယီ ကဒ်ပြား နှင့်အတူ ခရီးသွား ထောက် ခံစာ မပါက၊ ဆဲဆို ကြိမ်းမောင်းခြင်း၊ ကိုယ်ထိ လက်ရောက် ရိုက်နှက်ခြင်းနှင့် ငွေကြေး မြောက်မြားစွာ ညှစ် ယူခြင်း များ ပြုလုပ် လျက်ရှိသည်။ 

မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းသည် ကျေးရွာ အုပ်ချုပ်ရေးမှူး များခန့်ထား ခဲ့စဉ်က အုပ်ချုပ်ရေးမှူး ရာထူး ရယူချင် သူများထံမှ ငွေ သိန်းပေါင်း များစွာ ရယူခဲ့သည်။ ထို့ကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များသည် ၎င်းတို့၏ အရင်း ပြန်ရရန် အတွက် ဒေသခံ ရွာသား များကို နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ရန် လိုအပ် လာပေသည်။ ဒေသခံ များမှ ခရီးသွား ထောက်ခံစာ လိုသည့် အခါ လုံခြုံရေး ဘန်းပြ၍ ထုတ်ပေးခြင်း မပြုဘဲ ငွေပေးမှသာ ထုတ်ပေး လျက်ရှိသည်။ အချို့သော ရွာများတွင် ထောက်ခံစာ ကြေး ကျပ် တစ်ထောင် သတ်မှတ်၍ တောင်းခံ လျက်ရှိသည်။ 

“ကောင်းကောင်းမွန်မွန်ခရီးသွားတဲ့ပြည်သူတွေကို စိတ်အနှောက် အယှက် ပေါင်းစုံ ပေးတယ်။ စစ်ဆေးရေး ဂိတ်တွေမှာ တိရစ္ဆာန်လို ဆက်ဆံတယ်။ လမ်းလျှောက် ခိုင်းတယ်။ ဆဲတယ်။ ဆူပူ ကြိမ်းမောင်းတယ်။ ပြီးတော့ ငွေညှစ်တယ်။ ဒါ လုံခြုံရေး တွေရဲ့ အလုပ်လား။ ဒမြ တိုက်နေတာ တွေကို မကာကွယ် နိုင်တဲ့ အ ပြင်၊ တ ရား ခံ တွေ မရှာ နိုင်တာလည်း မေးခွန်း ထုတ်စရာ ပါဘဲ။ ကောင်းကောင်း မွန်မွန် နေ တဲ့ ဒေ သခံ တွေကို အမျိုးမျိုး ညှဉ်းပန်း နှိပ်စက်မယ်၊ ငွေညှစ်မယ်။ ကျွန်တော်တို့ ဒေသ ခံ တွေ ကတော့ အာ ဏာပိုင် တွေရဲ့ အလုပ်က အဲဒါတွေဘဲလို့ မြင်နေတယ်။” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။


Comment ရေးရန်

Rohingya Exodus