နောက်ဆုံးသတင်း/ဆောင်းပါးများ

ထန်းကုန်းရွာ ဒုက္ခသည် များအတွက် စစ်ကိုင်းအစိုးရ ဘိလပ်မြေလှူဒါန်း

ထန်းကုန်းတွင် အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ (ဓါတ်ပုံ - AP)

10.9.2013

စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် ထန်းကုန်း ရွာမှာ မီးရှို့ ဖျက်ဆီး ခံလိုက်ရတဲ့ အိမ်ထောင်စု တွေအတွက် စစ်ကိုင်းတိုင်း အစိုးရက ဘိလပ်မြေအိပ် သုံးရာကျော် ကူညီ သလို၊ စစ်ကိုင်းတိုင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက သွပ်အမိုး အတွက် ငွေကူညီပြီး၊ နေပြည်တော်က အစ္စလာမ် ဘာသာဝင် လုပ်ငန်းရှင် တွေက လည်း နေ အိမ်တွေ ပြန်ဆောက်ဖို့ ကူညီတယ် လို့သိရ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဒုက္ခသည် ကူညီရေး ဆောင်ရွက်နေတဲ့ ထန်းကုန်းရွာက အစ္စလာမ် ဘာ သာရေး ခေါင်းဆောင် ဦးမောင်မောင်က RFA ကိုအခုလို ပြောပါတယ်။

“ပြန်လည် တည်ဆောက် ပေးဖို့ အတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ကနေ ဘိလပ်မြေ ၃၁၉ အိတ် ပို့ထား ပါတယ် ခင်ဗျ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက သူရ ဦးအေးမြင့် စစ်ကိုင်းတိုင်း တာဝန်ခံပေါ့၊ သူက အိမ်ထောင်စု တစ်စုကို သွပ်အချပ် ၂၅ အတွက် ငွေ ၅ သောင်းစီ ပေးသွားပါတယ်၊ နေပြည်တော်က အစ္စလာမ် ဘာသာဝင် တချို့ ကယ်ဆယ်ရေး စခန်းကို လာတယ်၊ ပေးသင့် ပေးထိုက်တာ တချို့ ပေး ပြီးတော့ လူ ကြီးတွေ နဲ့တွေ့သွားတယ်”

မီးလောင် သွားတဲ့အိမ် ၅၃ လုံးရှိပြီး၊ အခုတော့ အိမ်တွေ ပြန်ဆောက် တော့မှာ ဖြစ်လို့ နေအိမ် ခြံဝင်းတွေ ခတ်ထား လိုက်ပြီလို့ ဆိုပါတယ်။ အဲဒီ အိမ်တွေက လူဦးရေ သုံးရာကျော် ကိုတော့ အစ္စလာမ် ဘာသာရေး အဆောက် အဦမှာ ယာယီ လက်ခံ စောင့်လျှောက် ထားတယ်လို့ ဦးမောင်မောင် ကပြောပါတယ်။

ဒီပဋိပက္ခနဲ့ ဆက်နွယ်ပြီး ဖမ်းထားတဲ့ လူ ၁ဝ ယောက်ထဲက ၆ ယောက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လွှတ် လိုက်ပြီး၊ ကျန် ၄ ဦးကိုတော့ စွဲချက် တင်ထား တယ်လို့ သိရပါတယ်။

Comment ရေးရန်

Rohingya Exodus