နောက်ဆုံးသတင်း/ဆောင်းပါးများ

ခရိုင် လ၀က ထက် အာဏာပိုရှိသည့် မောင်တော ကုန်သည်ကြီး များအသင်း

RB News
11.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် ကုန်သည်ကြီး များအသင်းကို လွန်ခဲ့ သည့် နှစ်ပေါင်း ၂၀ ကျော်မှ စ၍ ဖွဲ့စည်း ခဲ့ပြီး၊ နှစ်စဉ် အသင်းဝင်ကြေး သိန်းပေါင်း နှစ်ထောင် ကျော် ရ ရှိနေသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ၎င်းအသင်းသည် ခရိုင် လ၀က ထက်အာဏာ ပါဝါ ရှိသည့် အ ဖွဲ့အစည်း တစ်ခု ဖြစ်နေသည်။ စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်း ခဲ့ပြီး ယခု ဒီမိုကရေစီ အစိုးရ လက် ထက် ဖြစ်နေပြီ ဖြစ်သော်လည်း ဒီမိုကရေစီ နည်းအရ အလုပ် အမှုဆောင် အဖွဲ့ ရွေးချယ်ခြင်း ယခုထိ မ ရှိသေးကြောင်း သိရှိ ရပါသည်။ 

အသင်းဝင်ကြေး အဖြစ် ကျပ် တစ်သောင်း ကောက်ခံပြီး၊ နှစ်စဉ် အသင်းဝင် ကဒ်ပြား လဲလှယ် လျှင် လည်း ငွေကျပ် တစ်သောင်း ပေးရသည်။ ကုန်သည်ကြီး များအသင်းဝင် ထားမှ တစ် ဖက် နိုင် ငံသို့ ဆေး ကုသ ရန်ဖြစ်စေ၊ ကူးသန်း ရောင်းဝယ်ရေး ကိစ္စဖြင့် ဖြစ်စေ သွားလာ နိုင်သည်။ တစ် ဖက် နိုင်ငံသို့ သွား မည် ဆိုလျှင် ကုန်သည်ကြီး များအသင်းမှ ခွင့်ပြုမှသာ ခရိုင် လ၀က မှ ခွင့်ပြုသည်။ အသင်း ၀င် ကဒ်ပြား လဲလှယ်လျှင် အသင်းဝင် နှစ်စဉ်ကြေး တစ်သောင်း အပြင်၊ ဥက္ကဌ ကြေး ငါးထောင်၊ အတွင်းရေး မှူး ကြေး ငါးထောင်၊ စာရေး ကြေး တစ်ထောင် စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုး အတွက် ငွေကျပ် သုံးသောင်း ခန့် ပေးနေ ရသည်။ ထို့အပြင် တစ်စုံ တစ်ဦးမှ အရေးပေါ် ဆေးကုသရန် သွားရလျှင် ကုန် သည်ကြီး များ အသင်း၏ ထောက်ခံချက် ရရန် အတွက် အနည်းဆုံး ငွေကျပ် ငါးသောင်းခန့် ကုန်ကျနေသည်။ 

ကုန်သည်ကြီး များအသင်းမှ ခွင့်ပြုချက် ရလျှင် ခရိုင် လ၀ကသို့ သွား၍ နယ်စပ် ဖြတ်ကျော်ခွင့် လက် မှတ် ကြေး ၅၀၀၀ ကျပ်ပေး၍ လက်မှတ် ထုတ်ယူ ရသည်။ ၇ ရက်အတွက် နေခွင့် ပြုပြီး၊ လက်မှတ် သက် တမ်းမှာ တစ်နှစ် ဖြစ်သည်။ အကယ်၍ ယခင် ကိုင်ဆောင် ထားသည့် လက်မှတ် ရှိပါက ၂၀၀၀ ကျပ်ဖြင့် ၇ ရက် သွားလာခွင့် လျှောက်ထား နိုင်သည်။ သွားလာခွင့် ရရှိပါက တစ်ဦးတည်း ကိုယ်စားလှယ် ယူထား သည့် စက်လှေ များဖြင့် ငွေကျပ် ၄၅၀၀ ပေး၍ သွားရသည်။ စက်လှေ များတွင်လည်း လူ ၅၀ မှ ၁၀၀ အထိ သတ်မှတ်ဝန် ထက်ကျော်လွန် ၍တင်ဆောင် သောကြောင့် ခရီးသွား များအတွက် အလွန် အန္တရာယ် များလှ ပါသည်။ 

ကုန်သည်ကြီး များအသင်းနှင့် ခရိုင် လ၀က မှ တောင်းခံသည့် ငွေကြေး များသည် အစိုးရ ဘဏ္ဍာ ဖြစ် သည် လားဆိုသည့် မေးခွန်းကို မည်သူ တစ်ဦး တစ်ယောက်မှ ဖြေဆို နိုင်မည် မဟုတ် ပါ။ နိုင် ငံတော်မှ ၇ ရက် သွားလာခွင့် လက်မှတ် အတွက် ငွေကျပ် ၅၀ ဟု တရားဝင် သတ်မှတ် ထားသည်။ သို့သော်လည်း အရေးပေါ် ဆေးကုသရန် တစ်ဖက် နိုင်ငံသို့ သွားနေရသည့် သူများမှာ သွားလာခွင့် လက်မှတ် ရရန် အတွက် ငွေကျပ် သုံးသောင်းမှ ငါးသောင်းထိ ကုန်ကျ နေသည်။ တစ်ဖက် နိုင်ငံသို့ သွားသူ များတွင် မည်သူ တစ်ဦး တစ်ယောက်မှ အပျော် အပါး လည်ပတ်ရန် အတွက် သွားရောက် နေခြင်း မရှိပေ။ 

ခရိုင် လ၀က သည် အစိုးရ အသိအမှတ်ပြု၊ အစိုးရ လက်အောက်ခံ ဌာန တစ်ခု ဖြစ်သော်လည်း ကုန် သည် ကြီး များ အသင်း ကဲ့သို့ ပုဂ္ဂလိက အဖွဲ့အစည်း တစ်ခု၏ လက်အောက်ခံ ဖြစ်နေ သဖြင့် ဒေသခံ အများစုက ကုန်သည်ကြီး များအသင်းသည် အစိုးရ ဥပဒေ၏ အထက်တွင် ရောက်နေ သလားဟု မေးခွန်း ထုတ်နေ ကြသည်။ ကုန်သည်ကြီး များအသင်း၊ ခရိုင် လ၀ကနှင့် စက်လှေ များမှ မတရား သဖြင့် ကောက် ခံ နေသော ငွေကြေးများ သည် နိုင်ငံတော် ဘဏ္ဍာ အဖြစ် အမှန် တကယ် အစိုးရ ထံရောက် ရှိ လျှင် ဒေ သခံ များမှ ပေးရသည်မှာ နိုင်ငံတော် အတွက် ဖြစ်သောကြောင့် အကျိုး ရှိသည်ဟု ယူ ဆကြောင်းနှင့် အ ကယ် ၍ ထိုကဲ့သို့ ကောက်ခံ နေသော ငွေကြေးများကို စာရင်း ဇယား မရှိ ဒေသဆိုင်ရာ အာဏာပိုင် များနှင့် အ ဆို ပါ အသင်းကြီးမှ တာဝန်ရှိသူ များဝေခွဲ၍ သုံး စွဲနေလျှင် ပေးရသည်မှာ မည်သို့မျှ အကျိုး မရှိကြောင်း ၊ ပြည်ထောင်စု အစိုးရမှ ယခုကဲ့သို့ လုပ်ဆောင် နေ သည် များကို သိရှိစေရန် လို အပ်ကြောင်း ဒေသခံ များ မှ RB News သို့ ပြောပါသည်။ 

ကုန်သည်ကြီး များအသင်းတွင် အသင်းဝင် ၁၅၀၀၀ ထက်မနည်း ရှိပြီး၊ တစ်ဦးလျှင် နှစ်စဉ်ကြေး တစ်သောင်း အပြင် အခြားကြေး အနည်းဆုံး ၅၀၀၀ ကျပ်ပေး ရသဖြင့် ကုန်သည်ကြီး များအသင်းမှ နှစ်စဉ် သိန်းပေါင်း ၂၂၀၀ ကျော် ရရှိနေသည်။ စစ်အစိုးရ လက်ထက်တွင် စတင် ဖွဲ့စည်း ခဲ့သည့် အချိန်မှ စ၍ ယခု ဒီမိုကရေစီ အစိုးရ လက်ထက် အထိ မည်သည့် အခါကမျှ ငွေစာရင်း ရှင်းလင်းခြင်း မပြုလုပ် ခဲ့ကြောင်း သိရပါသည်။ 

ဒေသခံ များမှ ၎င်းတို့ အနေဖြင့် ခရီးသွားလာ ခွင့်လက်မှတ်ကို ခရိုင် လ၀က ကိုတိုက်ရိုက် ကိုင် တွယ် စေပြီး၊ လက်မှတ်ကြေးကို အစိုးရမှ တရားဝင် နှုန်းထား အတိုင်း ဘဏ်တွင် ငွေပေးသွင်း၍ ခရိုင် လ၀က တွင် သွားရောက်၍ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ် ထုတ်ယူသည့် စနစ် ရှိလာစေရန်၊ ယခုကဲ့သို့ မတရား ကုန်ကျ နေသည့် ကုန်ကျ စရိတ်များ သက်သာ လာအောင် ပြည်ထောင်စု အစိုးရမှ စီမံပေးရန်၊ ကုန်သည်ကြီး များအသင်းကို လည်း ဒီမိုကရေစီ နည်းစနစ်ဖြင့် အမှုဆောင် များရွေးချယ်ပြီး နှစ်စဉ်ကြေးကို ၃ နှစ် တကြိမ် သို့မဟုတ် ၅ နှစ် တကြိမ် ပေးရသည့် စနစ် မျိုးပေါ်ပေါက် လာစေရန် လိုလားကြောင်း RB News သို့ ပြောပါသည်။ 

ကုန်သည်ကြီး များအသင်းသည် ယခုကဲ့သို့ အာဏာ ကြီးထွား နေခြင်းမှာ အသင်းဝင် ကြေး ရရှိ သည့် ငွေကြေး များဖြင့် ခရိုင် အာဏာပိုင် များနှင့်ပြည်နယ် အစိုးရအာဏာပိုင် များကိုဝယ်ယူ ထား ခြင်းကြောင့် ခရိုင် လ၀ကမှာ ကုန်သည်ကြီး များအသင်း၏ လက်အောက်ခံ ဖြစ်နေရသည်ဟု ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Rohingya Exodus