နောက်ဆုံးသတင်း/ဆောင်းပါးများ

မလေးရှားတွင် ဖမ်းဆီးခံရသူ များကို တရားဝင် အလုပ်လုပ်ခွင့် လျှောက်ထားရန် အခွင့်လမ်း ပေးဦးမည်



RB News
7.9.2013

မလေးရှား နိုင်ငံတွင် တရားမ၀င် နေထိုင်သော သူများကို အထူး စီမံကိန်းဖြင့် ဖမ်းဆီး လျက်ရှိ ရာ၊ ပြည် ထဲရေး ၀န်ကြီးက တရားဝင် နေထိုင်ခွင့် ရရန် အတွက် နောက်ထပ် အခွင့်လမ်း တစ်ရပ် ပေး သွားမည်ဟု ယမန်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။ 

မလေးရှား ပြည်ထဲရေး ၀န်ကြီး ဒေါက်တာ အဟမတ် ဇာဟီဒ် ဟမီဒီက နိုင်ငံအတွင်း အလုပ်သမား အင် အား လျော့နည်း သွားမည် ဖြစ်သဖြင့် ယခုကဲ့သို့ တရားဝင် နေထိုင်ခွင့် များပြုလုပ် နိုင်ရန် အတွက် အခွင့် လမ်း တစ်ရပ် ပေးအပ်ခြင်း ဖြစ်သည်။ 

လွန်ခဲ့သည့် တနင်္ဂနွေနေ့ အထိ တရားမ၀င် အလုပ်သမား ၅၀၀၀ ကျော်ဖမ်းဆီး ခဲ့သော်လည်း၊ အားလုံး ကို နေရပ်သို့ ပြန်လည် ပို့ရန် အစီအစဉ် မရှိကြောင်း ၎င်းကဆိုသည်။ အလုပ်ရှင် များကို တရားမ၀င် အ လုပ် သမား များအား ပြန်လည် မှတ်ပုံတင်၍ တရားဝင် အလုပ်လုပ်ခွင့် လက်မှတ်များ လျှောက်ထားရန် လို အပ်သည် များကို ထောက်ပံ့ သွားမည် ဖြစ်သည်။ ပြည်ထဲရေး ၀န်ကြီးက မလေးရှား နိုင်ငံ တွင် နိုင်ငံခြား သားအလုပ်သမားများလိုအပ်သည့်အတွက် အလုပ်သမားအင်အားလျော့နည်း သွား မည် ဖြစ်သောကြောင့် ယ ခုကဲ့သို့ စဉ်းစားရခြင်း ဖြစ်သည်ဟု ဆိုသည်။ 

အလုပ်ရှင် များကလည်း အစိုးရသို့ အသနားခံစာ များတင်သွင်း ခဲ့ပြီး၊ အချို့မှာ မလေးရှား ရင်းဂျစ် ၃၀၀၀ မှ ၈၀၀၀ ထိပေးခဲ့ သော်လည်း အလုပ်သမား အေဂျင်စီများ၏ လိမ်လည်မှု များကြောင့် တရားဝင် စာရွက် စာတမ်း မရရှိ ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကို အပြစ် မပေးနိုင်ကြောင်း ဒေါက်တာ ဟမီဒီက ပြောပါသည်။ ထိုကဲ့သို့ အလုပ်သမား အေဂျင်စီ များ၏ လိမ်လည်မှု များကို ရှာဖွေ၍ အပြစ်ပေးရန် လိုအပ်ကြောင်း သော ကြာနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ပြည်ထဲရေး ၀န်ကြီးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus