နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာရေး ဆရာတစ်ဦးကို ရဲဝန်ထမ်း မိသားစုမှ ၀ိုင်းရိုက်ပြီး၊ ရဲက ဖမ်းဆီးသွား

RB News
7.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့သူကြီး ရွာမှ ဘာသာရေး ဆရာ တစ်ဦး အား သောကြာနေ့ (စက်တင်ဘာ ၆ ရက်) က ရဲဝန်ထမ်း မိသားစု များမှ လူမဆန်အောင် ၀ိုင်းဝန်း ရိုက်နှက် ပြီးနောက် ရဲများက ဖမ်းဆီး သွားကြောင်း သတင်း ရရှိပါသည်။ 

သောကြာနေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့်တွင် မောင်တော မြို့နယ် ရဲစခန်း ရှေ့မှ ဖြတ်၍ လမ်းလျှောက် လာသော မြို့သူကြီးရွာမှ မော်လ၀ီ ဦးအဘူဆီဒိတ် (ဘ) ဦးအီဆာခ် (အသက် ၅၀ နှစ်) အား ရဲစခန်းဝင်း အတွင်း နေထိုင်သော ရဲဝန်ထမ်း မိသားစု အမျိုးသမီး များနှင့် ကလေး များမှ ထွက်၍ ၀ိုင်းရိုက် ခဲ့သည်။ 

“ဒီဆရာက သူ့ဟာသူ လမ်းလျှောက် လာတာကို ရဲမိသားစု တွေက ထွက်ရိုက် တာပါ။ အမျိုးသမီး တွေနဲ့ ကလေး တွေချည်း ပါဘဲ။ နောက်ကနေ ပြေးလိုက်ပြီး ရိုက်တာ United တည်းခိုခန်း ရှေ့ထိ ရောက်တယ်။ အဲဒီ အမျိုးသမီး တွေနဲ့ ကလေးတွေ ၀ိုင်းရိုက်တာ ဒဏ်ရာ ရသွားတယ်။ ပြီးတော့ ရဲတွေလာပြီး ဆရာကို ဖမ်းသွားတယ်” ဟု မောင်တော ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ယခုကဲ့သို့ ဥပဒေမဲ့ ၀ိုင်းဝန်း ရိုက်နှက်ပြီး သော်လည်း မြန်မာ နိုင်ငံတွင် ပြဌာန်း ထားသော တရား ဥပဒေ သည် အကြမ်းဖက် ခံရသည့် ဘာသာရေး ဆရာဘက်မှ ရပ်တည် ပေးလိမ့်မည် မဟုတ် ဘဲ၊ ငွေညှစ် ၍သာ ပြန်လည် လွှတ်ပေး လိမ့်မည်ဟု မျှော်လင့် ရသည်။


Comment ရေးရန်

Rohingya Exodus