နောက်ဆုံးသတင်း/ဆောင်းပါးများ

ကြိမ်ချောင်း ဒေသခံများ ရဲများ၏ ငွေညှစ်မှုကြောင့် အခက်ကြုံနေ

RB News
20.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ရဲစခန်းမှ စခန်းမှူးနှင့် တပ်ဖွဲ့ဝင် များက ကြိမ်ချောင်းနှင့် ကြိမ်ချောင်း ရဲစခန်း အပိုင်ရှိ ကျေးရွာ များရှိ စည်ပင် သာယာမှ လုပ်ငန်း လုပ်ကိုင်ရန် လိုင်စင် ရယူ၍ လုပ်ကိုင် နေသော ဈေးဆိုင်ခန်းများ၊ လမ်းဘေးရှိ ဆိုင်ခန်းများနှင့် အခြား ဆိုင် ခန်း များမှ လစဉ် ငွေကျပ် နှစ်သောင်းစီ ဆက်ကြေး သဖွယ် ကောက်ခံ လျက် ရှိကြောင်း သတင်း ရရှိ ပါ သည်။ 

ထို့အပြင် ယခုလ မှစ၍ ရေနံဆီနှင့် ဓါတ်ဆီ ရောင်းချသူ များထံမှ ရေနံဆီနှင့် ဓါတ်ဆီ ရောင်းချသည့် အ တွက် ဆိုကာ ငွေကျပ် တစ်သောင်း ထပ်၍ ကောက်ခံ နေသည်။ ထို့ကြောင့် ရေနံဆီနှင့် ဓါတ်ဆီ ရောင်းချ သူများမှာ တစ်လလျှင် သုံးသောင်းကျပ် ပေးနေ ရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုသို့လစဉ် ငွေကြေး ကောက်ခံခြင်း များကို ရဲစခန်းမှူး၏ ကိုယ်စားလှယ် မတရား ညှဉ်း ပန်း နှိပ်စက်ရေးနှ င့် မတရား ငွေရှာဖွေရေး အရာရှိ ဖြစ်သူ တပ်သား ဇော်ဇော်အောင်မှ ပြုလုပ် လျက်ရှိသည်။ စံပယ်ကုန်း ရွာသား များဖြစ်သော (၁) ဦးမာန်စူရ် (ဘ) ဦးဇာဟိဒ် ဟူစိန်း (၂) ဦးစလင်းမ် (ဘ) ဦးမိုဟာမတ် ဆိဒိတ် (၃) ဦးအာ ရာဖတ် (ဘ) ဦးဆိဒိတ် အဟမတ် တို့၏ ရေနံဆီနှင့် ဓါတ်ဆီဆိုင် များမှာ အမှတ် (၅) နယ်မြေ အပိုင်တွင်ရှိသော်လည်း၎င်းတို့လည်းလစဉ်ငွေကျပ်တစ်သောင်းစီပေးနေရသည်။ရဲတပ်သား ဇော်ဇော်အောင် က ဘင်္ဂလီ ပစ္စည်းများ ဖြစ်သည့် အတွက် ယခုကဲ့သို့ ပေးရသည်ဟု ဆိုကြောင်း အဆိုပါ ဒေသခံ မှ ပြော ပါသည်။ 

“ကျွန်တော်တို့ရဲ့ ဆိုင်တွေမှာ ဘင်္ဂလား ပစ္စည်း၊ တရုတ် ပစ္စည်း၊ ထိုင်း ပစ္စည်း အကုန် ရောင်း တယ်။ ရောင်း ကုန် တွေ အားလုံးက နိုင်ငံခြား ပစ္စည်း တွေပါ။ အဲဒီလို နိုင်ငံခြား ပစ္စည်း ရောင်းလို့ လစဉ်ကြေး ပေးရတယ် ဆိုတာ ကတော့ အကြောင်းပြချက် တစ်ခုသာ ဖြစ်ပါတယ်။ ရဲတွေရဲ့ အလုပ်က လုံခြုံရေးပါ။ သူတို့ အလုပ် သူတို့ မလုပ်ဘဲ နေ့စဉ်နဲ့ အမျှ ငွေညှစ်တဲ့ အလုပ်နဲ့ ညှဉ်းပန်း နှိပ်စက်တဲ့ အလုပ်ဘဲ လုပ်နေတာပါ” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရဲတပ်သား ဇော်ဇော်အောင်သည် ကြိမ်ချောင်းတွင် မွေးဖွား ကြီးပြင်း လာသည့် ဒေသခံ တစ်ဦး ဖြစ် ပြီး၊ ငွေကြေး တတ်နိုင်သူ များကို ပစ်မှတ် ထား၍ နည်းလမ်း မျိုးစုံဖြင့် အကြောင်း အမျိုးမျိုး ပြ၍ ငွေညှစ် လျက်ရှိသည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဦးနဘီဟူစိန်း ထံမှ ငွေကျပ် ၁၆၀၀၀၀ နှင့် မော်လ၀ီ ဦးအာယုတ် ထံမှ ငွေကျပ် ၁၁၀၀၀၀ ရယူခဲ့သည်။ ရဲတပ်သား ဇော်ဇော်အောင်နှင့် အတူ လုံထိန်း တပ် သား ကျော်သန်းအောင် လည်း ထိုနည်းတူစွာ ဒေသခံ ရိုဟင်ဂျာ များကို နည်းမျိုး စုံဖြင့် နှောက် ယှက် ၍ ငွေ ညှစ်ခြင်း များပြုလုပ် လျက်ရှိသည်။ 

နယ်မြေ (၁) (၂) (၃) (၄) မှ ကြိမ်ချောင်း ဈေးသို့ လာသော ဒေသခံ ရိုဟင်ဂျာ များကိုလည်း ယာယီ ကဒ်ပြားနှင့် ခရီးသွားလာခွင့် စစ်ဆေးပြီး ပါမလာသူ များထံမှ ငွေကျပ် ၅ သောင်းမှ ၁ သိန်းထိ ရယူလျက် ရှိကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus