နောက်ဆုံးသတင်း/ဆောင်းပါးများ

စင်ကာပူ ထိပ်သီး ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက်



22.9.2013

ဒေသ တွင်း စီးပွားရေး ခေါင်းဆောင်တွေ အဓိ က တက်ရောက် ကြတဲ့ စင်ကာပူ ထိပ် သီး ညီလာခံ မှာ မြန် မာ နိုင်ငံနဲ့ ပတ် သက် တဲ့ ဆွေးနွေးချက်တွေ ပါဝင်ခဲ့ ပါတယ်။ ဒီ အကြောင်း အရာတွေ ကတော့ မြန် မာ နိုင် ငံရဲ့ စီးပွားရေး နဲ့ နိုင် ငံရေး ပြုပြင် ပြောင်း လဲရေး တွေ အဓိက ထားကြတဲ့ အကြောင်း ဘီဘီစီ သ တင်းထောက် ဦးကိုကိုအောင်က ပြောပါတယ်။ 

ရိုဟင်ဂျာ အရေးနဲ့ ပတ်သက် ပြီးလည်း ဒေါ်အောင်ဆန်း စုကြည်ကို အမေရိကန် နိုင်ငံ ဆိုင်ရာ စင်ကာပူ သံအမတ် ဟောင်းကမြန်မာ အစိုးရ ကိုင်တွယ်ပုံ သဘောထားကို မေးရာမှာ ဒီအရေး ကိစ္စ ဟာ မြန် မာ နိုင် ငံတွင်း ကြုံရတဲ့ ပြဿနာတွေ အနက် ခက်ခဲတဲ့ အထဲမှာ ပါဝင်တဲ့ အကြောင်း၊ ဒါ ကို ဖြေရှင်းဖို့ တ ရား ဥ ပဒေစိုးမိုးဖို့လိုတဲ့အကြောင်း၊တရားဥပဒေစိုးမိုးပြီးအကြမ်းဖက်မှုတွေမရှိမှ အတူတကွ ထိုင် ပြီး ဆွေးနွေး ဖြေ ရှင်း လို့ရမယ့် အကြောင်းတွေ ဒေါ်အောင်ဆန်း စုကြည်က ဖြေသွား ပါတယ်။ 

အာဆီယံ အဖွဲ့ အနေနဲ့ လည်းပြဿနာရဲ့ အတိမ် အနက်ကို ပိုပြီး နားလည်အောင် ကြိုးစား သင့်တဲ့ အကြောင်း တွေ ဒေါ်အောင်ဆန်း စုကြည်က ဖြေသွား ပါတယ်။ အခုလို ဘာသာရေး၊ လူမျိုးရေးနဲ့ နွယ်တဲ့ ပဋိပက္ခ တွေ့ကြုံ ခဲ့ဖူးတဲ့ အင်ဒိုနီးရှား နိုင်ငံ ဒုတိယ သမ္မတ ယူစွတ်ကလား ကိုမေးကြည့် ရာမှာတော့ ဒီ ကိစ္စ တွေကို လွယ်လွယ်နဲ့ ဖြေရှင်း လို့မရပုံ၊ အင်ဒို နီးရှား နိုင်ငံမှာ ၆၈ နှစ် အတွင်း ၁၅ ကြိမ် အထိ ဘာ သာရေး ပဋိပက္ခ တွေ ပေါ်ပေါက် ခဲ့ကြောင်း၊ ဘာသာရေး အစွန်း ရောက်သူ တွေဟာ သတ်ဖြတ် မှုတွေ ပြုရင် ကောင်းကင်ဘုံကို ရောက်မယ်လို့ ယုံကြည် ကြတဲ့ အကြောင်း၊ ဒီပြဿနာ အစွဲကို ဖြေရှင်း ရာ မှာ ပါဝင် ပတ်သက်မှု ရှိနေတဲ့ လူအဖွဲ့ အစည်း တွေကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့ လိုတယ်လို့ အင်ဒို နီး ရှား နိုင်ငံ ဒုတိယ သမ္မတ ယူစွတ် ကလားက ဖြေကြား ပါတယ်။ 

တခါ ဒေသတွင်းမှာ ဈေးကွက် အသစ် ဖြစ်တဲ့ မြန်မာ နိုင်ငံမှာ ရင်းနှီး မြှပ်နှံမှု ပြုရင် ဘယ်လို အခွင့် အလမ်း နဲ့ စိန်ခေါ်မှု တွေ ရှိနိုင်မလည်း၊ ဒေသတွင်း နိုင်ငံတွေ အသွင် ကူးပြောင်းမှု ကြောင့် စီးပွားရေး အပေါ် ဘယ် လို အကျိုး သက်ရောက်မှု တွေရှိမလည်း ဆိုတာတွေ ဆွေးနွေး ကြတဲ့ အကြောင်း၊ စင်ကာ ပူ မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဦးကိုကိုအောင်က ပြောပါတယ်။

Comment ရေးရန်

Rohingya Exodus