လ၀က စခန်းမှူး ငွေတောင်းခံ နေခြင်းကြောင့် ငါးဖမ်းသမားများ အခက်ကြုံလျက်ရှိ
RB News
3.10.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ တောင်ပိုင်း၊ အမှတ် (၇) နယ်မြေ၊ ပညောင်ပင် ကြီး ကျေးရွာရှိ ငါးဖမ်း သမား များထံမှ လ၀က စခန်းမှူးက ငါးဖမ်း သွားရာတွင် လိုအပ်သည့် ထောက်ခံစာ ရှိသော်လည်း ထွက်ခွာ ချိန်တွင် ငွေကြေးများ မတရား သဖြင့် တောင်းခံ နေခြင်းကြောင့် ဒေသခံ ရိုဟင်ဂျာ ငါးဖမ်း သမား များအခက် ကြုံလျက် ရှိကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ပညောင်ပင်ကြီး ကျေးရွာရှိ ငါးဖမ်း သမား များသည် အခြားသော ငါးဖမ်း သမား များကဲ့သို့ စက်လှေ များဖြင့် ပင်လယ်တွင် ငါးဖမ်းခွင့်ကို နယ်မြေမှ ခွင့်ပြုချက် ရယူ၍ ငါးဖမ်းရန် သွားလေ့ ရှိသည်။ အဆိုပါ ခွင့်ပြုချက် ရရှိရန် အတွက် နယ်မြေသို့ ငွေကျပ် ၂၀၀၀ ပေးရပြီး ၁၅ ရက် ငါးဖမ်းခွင့် ရရှိ ကြသည်။ နယ်မြေမှ ခွင့်ပြုချက် ရလျှင် ငါးဖမ်းရန် ထွက်ခွာခွင့် ရှိသော်လည်း ပညောင် ပင် ကြီး ရှိ ငါးဖမ်း သမား များမှာ မိုးဝင်း စခန်းရှိ လ၀ကမှူး အား စက်လှေ တစ်စီးလျှင် ငွေကျပ် ၅၀၀၀ စီပေးမှ ထွက်ခွာခွင့် ပေးလျက် ရှိသည်။ ထို့အပြင် စက်လှေ တစ်စီးတွင် ငါးဖမ်း သမား တစ်ဦး ထက်ပိုပါက တစ်ဦး အတွက် ငွေကျပ် ၂၀၀၀ စီ ပေးနေ ရသည်။ မောင်တော မြို့နယ်ရှိ အခြားရွာ များတွင် ငါးဖမ်းခွင့် ရ ပါက ထိုကဲ့သို့ လ၀က စခန်းမှူး များအား ပေးရခြင်း မရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ပညောင်ပင်ကြီးရှိ ငါးဖမ်း သမား များသာလျှင် ယခုကဲ့သို့ ပေးနေ ရခြင်းကြောင့် အခက်ကြုံ လျက် ရှိကြောင်း သိရှိ ရပါသည်။ အဆိုပါ မိုးဝင်း စခန်းမှူးမှ လ၀ကမှူး၏ ငွေတောင်းခံ မှုနှင့် ပတ်သက်၍ ငါးဖမ်း သမားများ ကဒေသဆိုင်ရာ အာဏာပိုင်များကို တိုင်ကြားသော်လည်း အရေးယူဆောင် ရွက်ပေးခြင်းမ ရှိဘဲ၊ ဒေသခံ ငါးဖမ်းသမားများမှာ ငါးဖမ်းရန်ထွက်သည့် အခါတိုင်း အဆိုပါ လ၀က စခန်းမှူး အား တောင်း သည့် ငွေကို ပေးနေရ သည်ဟု ဆိုသည်။
ပညောင်ပင်ကြီး ကျေးရွာတွင် ငါးဖမ်း စက်လှေ အစီး ၃၀ ကျော်ရှိပြီး၊ ငါးဖမ်း သမား များမှာ ငါးဖမ်းသည့် လုပ်ငန်း မလုပ်ကိုင် နိုင်ပါက စားဝတ်နေရေး အခက်အခဲ ကြုံမည်ဖြစ်သောကြောင့် တောင်း သ မျှ ငွေကြေး ကို ပေး၍ လုပ်ကိုင် နေရသည်ဟု ပြောပါသည်။ သို့သော်လည်း အပတ်စဉ် ပေးနေ ရ ခြင်း ကြောင့် ၀င်ငွေ မလောက်ငှခြင်း ပြဿနာနှင့် ရင်ဆိုင် နေရခြင်းကြောင့် လွန်စွာ အခက်ကြုံ လျက်ရှိသည်ဟု ဆိုသည်။