တောင်ယာ သမားများ ငွေ ၃ သောင်း ရဲကင်းမှူးကို ပေးမှ ယာလုပ်ခွင့်ရ
RB News
3.10.2013
ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ညောင်ချောင်း ကျေးရွာ အုပ်စု၊ ညောင်ချောင်း အခြေစိုက် ရဲကင်း စခန်းမှ စခန်းမှူးသည် ပြင်ချောင်း ရွာသား များကို ငွေကျပ် ၃ သောင်းစီ မပေးပါ က တောင်ယာ လုပ်ငန်း လုပ်ခွင့် ပေးမည် မဟုတ်ကြောင်း ပြောကြား၍ လတ်တလော တွင် တောင်ယာ သမား ၁၈ ဦး ထံမှ ငွေကျပ် ၃ သောင်းစီ ရယူ ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ပြင်ချောင်း ရွာသား အများစုမှာ တောင်ယာ လုပ်ငန်း လုပ်ကိုင် သူများ ဖြစ်ကြပြီး၊ တောင်ယာခင်း များမှ ထွက်ရှိသော ထွက်ကုန် များကို ရောင်းချ၍ အသက် မွေးဝမ်းကျောင်း ပြုသူများ ဖြစ်ကြသည်။ အများစုမှာ လွန်စွာ ဆင်းရဲ ကြသူများ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ ယ ခင် နှစ်များ က တောင်ယာ လုပ်ငန်း လုပ်ကိုင် ခဲ့ရာတွင် မည်သူ တစ်ဦး တစ်ယောက် ကိုမှ ငွေပေး ခဲ့ရခြင်း မရှိ ခဲ့သော်လည်း၊ ယခု ရဲကင်းမှူးမှ ငွေကျပ် ၃ သောင်း မပေးလျှင် ယာလုပ်ငန်း လုပ်ပိုင်ခွင့် ပေးနိုင်မည် မ ဟုတ်ကြောင်း တောင်ယာ လုပ်ငန်း လုပ်ကိုင် သူများကို စက်တင်ဘာလ (၁၅) ရက်နေ့ ခေါ်ယူ၍ အသိပေး ခဲ့သည်။ ၎င်း၏ အတင်း အဓမ္မ ငွေတောင်းခံ နေမှုကို မေးခွန်း ထုတ်သူ များအား၊ ရိုက်နှက် ခဲ့ပြီး၊ ဖမ်းဆီး၍ ထောင်ချမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း သိရှိ ရပါသည်။
တောင်ယာ လုပ်ငန်း မလုပ်ကိုင်လျှင် အခြားသော နည်းဖြင့် စားဝတ် နေရေး ဖြေရှင်းရန် နည်းလမ်း မရှိသဖြင့် ရွာသား ၁၈ ဦးမှ ယခု ရက်ပိုင်း အတွင်း ငွေကျပ် ၃ သောင်းစီ ပေးခဲ့ ရကြောင်း ဒေသခံ တစ် ဦးက RB News သို့ ပြောပါသည်။
ငွေကျပ် ၃ သောင်း ပေးခဲ့ ရသူများမှာ ---
(၁) ဦးအစ္စမိုင်လ် (ဘ) ဦးအဒူ မော်တော်လော်ဖ်
(၂) ဦးဟူစိန်းအဟမတ် (ဘ) ဦးဇူဘိုင်ရ်
(၃) ဦးရှော်ဘီရ် (ဘ) ဦးနူရ်အစ္စလာမ်
(၄) ဦးဟာဘီအုလ္လာ (ဘ) ဦးနော်ဇီရ် အဟမတ်
(၅) ဦးအဒူဟူစိန်း (ဘ) ဦးရရှစ်
(၆) ဦးအဒူမူနာဖ် (ဘ) ဦးအဘူလ်ဟူစိန်း
(၇) ဦးမိုဟာမတ် ကရီးမ် (ဘ) ဦးအဘူလ်ဟူစိန်း
(၈) ဦးကာဆိမ်း (ဘ) ဦးအဒူဂျလိလ်
(၉) ဦးရှမ်ရှု (ဘ) ဦးမော်ဂုလ်
(၁၀) ဦးယာစီးန် (ဘ) ဦးမိုဟာမတ် ဆွေယာဒ်
(၁၁) ဦးမိုဟာမတ်အုလ္လာ (ဘ) ဦးဘေလာလ်
(၁၂) ဦးဂျမီလ် (ဘ) ဦးမိုဟာမတ်ရှဖီး
(၁၃) ဦးကမာလ် (ဘ) ဦးဆွေယာဒ် အဟမတ်
(၁၄) ဦးဟနီဖာ (ဘ) ဦးမိုဟာမတ်ဂျလာလ်
(၁၅) ဦးအဘူဘကရ် ဆီဒိတ် (ဘ) ဦးမိုဟာမတ်ဂျလာလ်
(၁၆) ဦးမိုဟာမတ်ဂျူနိုက် (ဘ) ဦးဖာကူမျာ
(၁၇) ဦးနူရ်အစ္စလာမ် (ဘ) ဦးမိုဟာမတ်နော်ဘီ
(၁၈) ဦးနူရ်ဟူစိန်း (ဘ) ဦးအလီအဟမတ် --- တို့ဖြစ်ပါသည်။