နောက်ဆုံးသတင်း/ဆောင်းပါးများ

အင်အားကြီး နိုင်ငံများရဲ့ ပါဝါဂိမ်းနဲ့ ချကျွေးခံ မြန်မာမွတ်စလင်မ်



Robert Elhose
5.10.2013

ရခိုင်တွေ ကပဲ တစ်နိုင်ငံ လုံးကို ထောင်ချောက် ဆင်နေ တာလား၊ စစ်တပ်နဲ့ ကြံ့ဖွတ် ကပဲ ရခိုင် တွေ ကို ထောင်ချောက် ဆင်ထား တာလား။ ဘယ်သူက ဘယ်သူ့ကို အသုံး ချ နေသလဲ။ ရခိုင်တွေ နဲ့ သမ္မတ ဦးသိန်းစိန် သဘောတူ ထားတယ် ဆိုတဲ့ ရခိုင့် အရေးကို သစ္စာစောင့် သိပါမယ် ဆိုတာ က ဘာလျှို့ဝှက် ချက်ပါလဲ။ 

ဦးသိန်းစိန်ဟာ ဒီနေ့ မြန်မာနိုင်ငံရေးမှာ ရုပ်ပြသာသာ ခေါင်းဆောင်တစ်ဦးသာ ဆိုတာမြင်ရပါပြီ။ တ ကယ် တမ်း အာဏာ ကိုကိုင်ထားနိုင်သူဟာတပ်မတော်အကြီးအကဲဒုတိယဗိုလ်ချူပ်မှုးကြီး မင်းအောင်လှိုင်ပါ။ ဗိုလ်ချူပ် မှုးကြီးရဲ့ ဇနီး ဟာ ရခိုင် လူမျိုး တစ်ဦး လို့လည်း သတင်းတွေ ထွက်နေတာ ဟာ ဒီ ပြဿနာ ကြီး တစ်ခုလုံး အတွက် စဉ်းစားစရာ ဇာတ်ကွက် ကောင်းတစ်ခုပါ။

ရခိုင်တွေ ဒီလောက် တောင် ပေါ်တင် ခွဲထွက်ရေး ကို အသံ ကျယ်ကျယ် ဟစ်နေတာ တောင် တစ်တိုင်း ပြည် လုံး ရဲ့ အစိုးရ က ဒီအတိုင်း ထိုင်ကြည့်နေ ရတာဟာ ဘာအတွက်လဲ။ သူတို့ ကြားမှာ ဘာအကြီး အ ကျယ် လျှို့ဝှက် ထားစရာ တွေ ရှိနေ သလဲ။ ဗမာက တရုတ်ကို မဟာ ဗျူဟာမြောက် မဟာမိတ် ဖွဲ့ထား တယ်။ တရုတ်ကို တစ်ဖက် က ပထ၀ီ နိုင်ငံရေး သီအိုရီ အရ ချိန်ခွင်လျှာ တန်ပြန် ချိန်ညှိ နေတဲ့ ဒေသတွင်း အကြီး ဆုံး ပြိုင်ဖက် နိုင်ငံက အိန္ဒိယ။ 

ဒီအိန္ဒိယက တရုတ်ရဲ့ မဟာ ဗျူဟာမြောက် အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ကိုပိတ်ဆို့ ထားချင်ရင် ဘာလုပ် မလဲ။ ဗမာ စစ်တပ်နဲ့ အစိုးရကို သူတို့ အပိုင် ကိုင်ထားမှ ရမယ်။ ဒါကို ရဖို့ နှစ်ပေါင်း များစွာ ကြိုးစား ခဲ့ပေမယ့်လည်း ဘယ်တော့မှ မအောင် မြင်ခဲ့ပါ။ အိန္ဒိယနဲ့ ကပ်လျက် ရှိနေတဲ့ ရခိုင် ကမ်းလွန် သဘာဝ ဓါတ်ငွေ့ကို အိန္ဒိယ ကုလားက ဈေးပိုပေး တာတောင် မရောင်းဘဲ ဟိုးအဝေးကြီးက တရုတ်နဲ့ ကိုရီးယား ကို ရောင်း လိုက်တာ ဟာ အိန္ဒိယ ကို အရှိုက်ထိ သွားစေ ပါတယ်။ သဘောတူ ထားပြီးသား ကုလားတန် စီမံကိန်း ဇာတ်မျော နေရတာတွေ ကလည်း အိန္ဒိယ အတွက် အကြပ် ဆိုက်စေတဲ့ နောက်ထပ် သာဓက တစ်ခုပါ။

တရုတ်ဖက် ကလည်း ဒီနေ့ ကမ္ဘာမှာ ခေတ်စား နေတဲ့ ပထ၀ီ နိုင်ငံရေး ပေါ်လစီ သီအို ရီအရ သမုဒ္ဓရာ နှစ်စင်း ထွက်ပေါက် ရှိထား သူသည် ကမ္ဘာကို ပိုင်စိုးမည် ဆိုတဲ့ သီအိုရီ အဟောင်းကြီး ကို အကြီး အကျယ် တွယ်ဖက် ကိုင်စွဲထား တယ်။ အမေရိကန်က ပစိဖိတ် နဲ့ အတ္တလန္တိတ် သမုဒ္ဓ ရာ နှစ် စင်း လုံး ရဲ့ ကျယ်ပြန့်တဲ့ ထွက်ပေါက် ကို သဘာဝ အရ ပိုင်ဆိုင် ထားတာမို့၊ သူလည်း သမုဒ္ဓရာ နှစ်ခုရဲ့ ထွက်ပေါက်ကိုကိုင်ထားပြီး ဗိုလ် လုပ်ချင် လာတယ်။ တစ်ရိပ်ရိပ် တက်လာတဲ့ တရုတ် စီးပွားရေး ကလည်း ဒီအနေ အထား ကို အားပေး အားမြှောက် လုပ်ပေး နေတယ်။ ဒီနေ့ တောင်တရုတ် ပင်လယ် ထဲ က တရုတ်ရဲ့ ဗိုလ်ကျ စိုးမိုး လိုတဲ့ ပေါ်လစီ တွေက ဒါကို အထင် အရှား ပြသ နေတယ်။

ဒါဆို ဒီအိန္ဒိယ ကဘာလုပ် မလဲ။ ဗမာ ကို မကိုင်နိုင်ရင် ဗမာ နဲ့ ရာဇ၀င်ကြွေး အကြီး ကြီး ရှိထားတဲ့ ရ ခိုင်တွေ ကို ကိုင်နိုင် ရင်ရမယ်။ ရခိုင်ကို သီးခြားနိုင်ငံ တစ်နိုင်ငံ အဖြစ် ခွဲထုတ် ပေးပြီး ရခိုင် နိုင်ငံ လို အပ် နေ တဲ့ အခြေခံ လိုအပ်ချက် အားလုံးကို ပံ့ပိုး ပေးပါ့မယ် ဆိုတဲ့ ကတိ က၀တ် တွေ ထားထား ပေး မယ် ဆိုရင် ရခိုင် တွေက ရဲရဲ တင်းတင်း တစ်ခုခု လုပ်ရဲ သွားပြီ။ အခုလည်း ဒါမျိုးလုပ် နေတာ ပါပဲ။

ဒါပေမဲ့ ရခိုင် တွေဖက်က ကတိ တစ်ခုတော့ ပေးထား ရမယ်။ ဒါက အားလုံး ကိစ္စ၀ိစ္စ တွေ ပြီး သွားခဲ့ပြီး လွတ်လပ်တဲ့ ရခိုင် နိုင်ငံတော် ပေါ်ပေါက် လာပြီး ရင်တော့ ရခိုင် ကမ်းလွန် ကထွက်သမျှ သဘာဝ ဓါတ်ငွေ့ တို့ ရေနံ တို့ကို အားလုံး လောင်စာ စွမ်းအင် အကြီး အကျယ် ဆာလောင် မွတ်သိပ် နေတဲ့ အိန္ဒိယ ကို သာ ရောင်းချ ပေးရမယ်။ အခု တရုတ် က မြန်မာပြည်ကို လုပ်နေ သလို ပေါ့လေ။

ဒါကို ပါဝါဂိမ်း လို့ ခေါ်ပါတယ်။ တစ်နည်း အားဖြင့် နိုင်ငံရေး အာဏာ လွန်ဆွဲ ကစားပွဲ ပေါ့။

ကဲ ... ဒီပါဝါ ဂိမ်း အတွက် တော့ ဇာတ်ပို့တွေ လိုတယ်ဗျာ။ ဒီဇာတ်ပို့ တွေဟာ ဘယ်သူ တွေလဲ။ ဒါ က မေးခွန်းပါ။

ဟုတ်ပါတယ် ကျွန်တော်တို့ မြန်မာ ပြည်က အယုတ် အလတ် အမြတ် မရွေး မွတ်စလင်မ် အားလုံးဟာ ဒီ ဇာတ်ညွှန်း ကြီးမှာ ဇာတ်ပို့ များပါပဲ။ ရခိုင် နဲ့က ဗမာ သူတို့နှစ် ဖက်လုံး တူညီတဲ့ ဘုံ သဘော ထားက အစ္စလာမ် ဘာသာ ကိုးကွယ်ရင် ကုလား ပါပဲ။

ကုလား ရှင်းထုတ်ရေး ဆိုတာ တကယ်တမ်း သဘာဝ မကျ ပေမယ်လို့ သူတို့ အားလုံးရဲ့ အရူးအမူး အိပ် မက် ကဒါပါပဲ။ အိန္ဒိယ ကနေ မွတ်စလင်မ် တွေကို နှိပ်ကွပ်ရေး ဥပဒေသ တွေ ကို အိန္ဒိယ ထောက် လှမ်းရေး ကနေ တစ်ဆင့် ပါးပါး နပ်နပ် သယ်ဆောင် လာတယ်။ ဒီထဲမှာ ဘာသာရေး ဆိုင်ရာ အထင် ကရ ကြည်ညို ခံရတဲ့ ပုဂ္ဂိုလ် ကြီး များ တောင် ပါဝင် အသုံးတော် ခံနေတယ်။

တစ်နေ့မှာ သီးခြား ရက္ခိုင် နိုင်ငံတော် ဆိုတာ ပေါ်လာ ခဲ့ရင် ဒီနေ့ ရခိုင်ပြည်မှာ ရှိနေတဲ့ မွတ်စလင်မ် အား လုံးကို ၁၉၄၈ ခုနှစ်က ပါလက်စတိုင်း မှာ အစ္စရေး တွေ လုပ်ခဲ့ တဲ့ ဒေယာ ယာစင် ရွာ အစု အပြုံလိုက် သတ်ဖြတ်မှု လို အစု အပြုံလိုက် ရွှေ့ပြောင်းမှု တွေ ကို စေ့ဆော် ပေးနိုင်မယ့် ၀ါဒ ဖြန့်ချိရေး ရက်စက် သတ်ဖြတ် မှု တွေ လုပ်ပြီး ဒေသတွင်း က မွတ်စလင်မ် များကို အစု အပြုံလိုက် ရွှေ့ပြောင်း ထွက်ခွာမှု (Exodus) ဖြစ်အောင် သူတို့ ကြံစည် ထားတာပဲ။ အခုလည်း ဒါမျိုး လုပ်နေတာပဲ။ ဒီနည်းဗျူဟာ ကို ရခိုင်တွေ ဗမာတွေ သုံးနေ တာပါပဲ။

ဒီကစားပွဲ အပေါ်မှာ အမေရိကန် ရဲ့ သဘောထား ဘယ်လို ရှိမယ် ဆိုတာ ဟာလည်း သိပ်ကို စိတ်ဝင် စားစရာ ကောင်းပါတယ်။ တရုတ်ရဲ့ ပစိဖိတ် ထွက်ပေါက် ကို အမေရိ ကန် က ပိတ်ဖို့ အသေ အချာ ကြိုး စား ပြီးပါပြီ။ ဒုတိယ ကမ္ဘာ စစ်ကြို ကာလက ဂျပန် တွေ အပေါ် အထင် အမြင် သေးပြီး မှားခဲ့တဲ့ အ မှားမျိုး ကို အမေရိကန် က နောက်တစ်ခါ မလုပ်တော့ ပါဘူး။ အမေရိကန် ရဲ့ ပစိဖိတ် ဒေသ ဗဟိုပြု စစ်ရေး မူဝါဒ က ဒါကို ထင်ရှား စေပါတယ်။

တရုတ်ကို ချိနဲ့ သွားအောင် ပိတ်ဆို့ဖို့က အခု ရခိုင် သဘာဝ ဓါတ်ငွေ့ စီမံကိန်း လို တရုတ်ရဲ့ အိန္ဒိယ သမုဒ္ဓရာဖက် ထွက်ပေါက် ကို ပိတ်ဆို့မှ ထိရောက် မှာပါ။ ဒီနေရာမှ အိန္ဒိယ နဲ့ ဘုံအကျူိး စီးပွားခြင်း သွားတူ ညီ နေပါတယ်။

ဒီတော့ မြန်မာ မွတ်စလင်မ် များ စဉ်းစားရမှာက (ကျွန်တော်လည်း မြန်မာ မွတ်စလင်မ် တစ်ယောက် ပေမို့) ကိုယ်တွေ က ဘယ်နေရာမှာ ရှိနေလဲ၊ ဘယ်မှာလဲ၊ ကိုယ့်ကို ဘယ်သူ တွေက ဘာတွေ လုပ်နေလဲ ဆိုတာ ပါပဲ။ ပြီးအောင် ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ် ခင်ဗျာ။

မနက်ဖန် များအတွက် စဉ်းစား ကြပါ။

Comment ရေးရန်

Rohingya Exodus