နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမောင်းဆိပ်မြို့ အတွင်းသို့ ခမရ ၃၅၂ သို့ ၀င်ရောက်၍ လုယက်ခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်

MYARF
RB News
14.11.2016

ခမောင်းဆိပ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ခမောင်းဆိပ်မြို့၊ ပဒကားကျေးရွာအုပ်စု၊ ရွာသစ်ရွာသို့ ခမရ (၃၅၂) တပ်ရင်းမှ တပ်ရင်းမှူး အပါအ၀င် တပ်ဖွဲ့ဝင် ၃၀ ခန့်ပါသည့် အဖွဲ့တစ်ဖွဲ့ ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ ရွာသားများကို ရိုက်နှက်ခြင်း၊ ရွှေငွေများ၊ အိမ်မွေး တိရစ္ဆာန်များ လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည် ၃ နာရီခန့် အချိန်တွင် နယ်မြေ အခြေစိုက် ခမရ (၃၅၂) တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် တပ်ဖွဲ့ဝင် ၃၀ ခန့်ပါသော အဖွဲ့က ပဒကားကျေးရွာအုပ်စု၊ ရွာသစ်ရွာသို့ ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ပြီး တွေ့ရှိသမျှ ကျေးရွာသားများကို ရိုက်နှက် ခဲ့သည့်အပြင် ရွေငွေများ၊ ကြက်၊ ဘဲ၊ ခို စသည့် အိမ်မွေးတိရစ္ဆာန် အများအပြားတို့ကိုလည်း လုယက် ယူဆောင် သွားခဲ့သည်။

လုယက်ခံရသည့် ပစ္စည်းများမှာ --

(၁) ရွှေနားကပ်တစ်ရံ တမတ်သား
(၂) ရွှေနှာခေါင်းပန်း တစ်ခု နှစ်ပဲသား
(၃) ငွေကျပ် တစ်သိန်း
(၄) 3K ဘက်ထရီတစ်လုံးနှင့် 50 Watts ဆိုလာပြား တစ်စုံ
(၅) ဆိုလာပြားတစ်ချပ်၊ ဘက်ထရီတစ်လုံးနှင့် GSM ဖုန်းတစ်လုံး
(၆) တန်ဖိုးကြီး အနွေးထည်အင်္ကျီတစ်ထည်
(၇) ကြက် (၂၁) ကောင် တို့ဖြစ်သည်။

စစ်သားများသည် အိမ် (၂၀) အတွင်းသို့ ၀င်ရောက် လုယက်စဉ် အမျိုးသမီးများ၏ ရင်ဘတ်ထဲသို့ လက်ထဲပြီး ရွှေ၊ ငွေ၊ မိုဘိုင်းဖုန်းများ ၀ှက်ထားခြင်း ရှိ/မရှိ စစ်ဆေးသည်ဟု ဆိုကာ လိင်အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus