နောက်ဆုံးသတင်း/ဆောင်းပါးများ

ဝှိုက်ကတ် (သို့) အဆင့်လျော့ နိုင်ငံသား

ဦးဦးမှော်ဆရာ
5.10.2013

ဦးအေးမောင် ခေါင်းဆောင်တဲ့ RNDP ပါတီက ဦးဆောင်ပြီး ရခိုင် ပြည်နယ်မှာ နေထိုင်တဲ့ ရိုဟင်ဂျာ လူ မျိုးတွေ ထဲက ယာယီ သက်သေခံ ကတ်ပြား (အဖြူကတ်) ကိုင်ဆောင်ထား ရတဲ့ အခြေ အနေ တွေကို အကြောင်း ပြုပြီး လာမည့် ရွေးကောက်ပွဲ တွေမှာ မဲပေးခွင့် မပြုဖို့၊ နိုင်ငံရေး ပါတီ တွေမှာ ပါဝင် လှုပ် ရှား ခွင့် မပြုဖို့၊ လွှတ်တော် ကိုယ်စားလှယ် အဖြစ် အရွေးခံ နိုင်ခွင့် မပြုဖို့ အားကြိုး မာန်တက် လုပ်ဆောင် နေ တာ တွေ့နေရ ပါတယ်။ ရည်ရွယ်ချက် ကတော့ ဦးသိန်းစိန် ပြောခဲ့ သလို ရိုဟင်ဂျာ များကို ကမ့်သွင်းပြီး လူညွန့် တုံးအောင် လုပ်ဖို့ မဖြစ် နိုင်တော့တဲ့ အတွက် မတတ်သာတဲ့ အဆုံး ဥပဒေ ပြုရေး နဲ့ အုပ်ချုပ်ရေး ပိုင်းမှာ လုံးဝ ပူးပေါင်း ပါဝင် ဆောင်ရွက်ခွင့် မရှိတဲ့ အုပ်ချုပ်ခံ၊ ဖိနှိပ်ခံ အဆင့်လျော့ နိုင်ငံ သား များ ဘ၀ကို တွန်းပို့ နိုင်ဖို့ လုပ်ဆောင် နေခြင်းသာ ဖြစ်ပါတယ်။ 

ဒီတော့ ဒီအဖြူ ကတ်ပြား တွေက အရင် ထဲက ရှိခဲ့ သလား၊ ဒီ ကတ်ပြား တွေကို ဘာအဓိပ္ပါယ်နဲ့ ပေးထား တာလဲ၊ ဘယ်လို လူတွေကို ဘာကြောင့် ပေးထား တာလဲ .. ဒါတွေ စပြီး မေးခွန်း ထုတ်ရ ပါလိမ့်မယ်။ ကျနော် လေ့လာ မိသလောက် ကတော့ ဒီကတ်ပြား တွေက လွတ်လပ်ရေး ရတဲ့ အချိန် ကစပြီး လုံးဝ မရှိခဲ့ဘဲ ၁၉၉၀ နောက်ပိုင်း န၀တ လက်ထက် မှာမှ စတင် ဖန်တီး ခဲ့တာပါ။ ဒီအဖြူ ကတ်ပြား တွေ ဟာ မြန် မာ နိုင်ငံသား ဟုတ်၊ မဟုတ် မသေချာ သေးတဲ့ လူတွေကို ပေးထား တယ်လို့ ဆိုပါတယ်။ သို့သော် စဉ်းစား မရဖြစ်နေ တာက ၁၉၉၀ မတိုင်ခင် ကတည်းက “ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံ” ဆိုတဲ့ ဘွဲ့ ထူး ဂုဏ်ထူးကြီး ပိုင်ဆိုင်နေပြီဖြစ်တဲ့ မြန်မာ နိုင်ငံရဲ့ အမိုးပွင့် အကျဉ်းထောင် တစ်ခုမှာ ဒုက္ခ ခံပြီး လာနေ နေ ပါတယ် ဆိုတဲ့ (အဖြူကတ် ကိုင်ထား ရသူ) လူဦးရေက ၅ သိန်း ၀န်းကျင် ရှိနေတာ ရယ်၊ မြန်မာ ပြည်နဲ့ နယ်နိမိတ်ချင်း ထိစပ် နေတဲ့ နိုင်ငံ (၅) နိုင်ငံ ရှိနေပေမဲ့ အဲဒီ (၅) နိုင်ငံ ထဲမှာ နယ်နိ မိတ်စည်း အတိုဆုံး နိုင်ငံ တစ်နိုင်ငံ တည်းကိုသာ အကြောင်း ပြုပြီး အဖြူ ကတ်ပြားတွေ သတ်မှတ် ထားတာ တွေဟာ မြန်မာကို ကမ္ဘာ ကျော်စေတဲ့ အကြောင်းရင်း တစ်ခု ဖြစ်သွား စေပါတယ် .. 

ဒါကြောင့်လည်း ဒီအဖြူကတ် ကိုင်ထား သူတွေ အကြောင်း ကျနော် လေ့လာ ကြည့်ပြီး မိတ်ဆွေ တချို့ အကူ အညီနဲ့ အချက် အလက် တွေကိုလည်း ရသလောက် စုဆောင်း နိုင်ခဲ့တယ်။ ဒီအခါ ကျမှ လူမသိ သူမသိ ဖုံးကွယ် ထားတဲ့အလွန် စိတ်မကောင်း စရာ အခြေအနေ မှန်တွေကို သိလာရပါတယ်။ အ မှန်တော့ ဒီ ရိုဟင်ဂျာ တွေဟာ ဘိုးစဉ် ဘောင်ဆက်ဟာ ဒီဒေသမှာမွေးဖွား ကြီးပြင်း လာခဲ့တဲ့ မူ ရင်း ဒေ သခံများ ဖြစ်ပါလျက် သူတို့ လက်ထက် ကျမှ နိုင်ငံမဲ့များ အဖြစ် သတ်မှတ်ခြင်း ခံနေကြ ရတာပါ။ ဒီ အကြောင်း တွေ ကို အတွင်း ကျကျ သိထားတဲ့ နိုင်ငံရေး သမားများ အများ အပြား ရှိပေမဲ့လည်း ဘယ်သူ ကမှ အမှန် အတိုင်း ထုတ်ပြောတာ မကြားမိပါ။ ပိုဆိုးတာက သိန်းချီတဲ့လူသား တွေကို ခိုင်လုံတဲ့ အကြောင်းပြချက် မရှိ ဘဲ မွေးလာကတည်းက ဥပဒေ ချိုးဖေါက် သူတွေ အဖြစ် တံဆိပ် ကပ်လိုက်တဲ့ အဖြစ်မျိုး တွေ ကို မြန် မာ့ နိုင်ငံရေး လောကမှာ ဆွေးနွေး စရာ ခေါင်းစဉ် တစ်ခု အဖြစ်ထည့် မစဉ်းစား ဘဲ၊ ပြောင်းပြန် ဒီ လူ တွေ ကို နှိပ်ကွပ်ဖို့၊ မောင်းနှင် ထုတ်နိုင်ဖို့ ရည်ရွယ်ရင်း အဆို တင် ဆွေးနွေး နိုင် တာကို ကြည့်ရင် မြန် မာ ပြည် မှာ လူပြိန်းကြိုက် နိုင်ငံရေး အမြစ် တွယ် နေတာ ကို ပေါ်လွင် စေပါတယ်။ 

ဒီနေရာမှာ အချက် အလက် တချို့နဲ့ ရှင်းပြ လိုပါတယ် .. အောက်ပါ ပုံများကို ကြည့်ပါ။



အထက် ပါပုံဟာ မြန်မာ နိုင်ငံ သားလား၊ နိုင်ငံခြား သားလား ဆိုတာ သတ်မှတ် ဖို့ရန် အတွက် လ၀ကမှာ အရင်ဆုံး အစစ် ဆေးခံ ရတဲ့ ပုံစံ(၁) ဖြစ်ပါတယ်။ လူတိုင်းရဲ့ ကိုယ်ရေး ရာဇ၀င် အတိ အကျ ဖြစ်ပြီး၊ ဒီလို စစ်ဆေး ပြီးမှသာ နိုင်ငံသား၊ နိုင်ငံ ခြားသား ခွဲခြား သတ်မှတ် တာပါ။ ဒီပုံရဲ့ နိုင်ငံသား နေရာမှာ (ပ) လို့ ရေး ထား တာ တွေ့ရ ပါလိမ့်မယ်။ ဒါဟာ ပြည်ထောင်စု တိုင်းရင်းသား (Union National) ကို ဆိုလို ပါ တယ်။ မွေးဖွားရာ ဒေသလည်း ဖေါ်ပြ ထားပါတယ်။ ရခိုင် ပြည်နယ် ဘူးသီးတောင် ဇာတိပါ။ နောက်ပြီး သူ တို့ ဒီဒေသမှာ မွေးဖွား ခဲ့ကြောင်း ရှေ့မီ နောက်မီ ဂုဏ်သရေရှိ လူကြီး တစ်ဦးမှ သက်သေခံ ရပါတယ်။ သို့သော် လူမျိုး နာမည် ဖြည့်စရာ မလိုဘူး ဆိုတာ သတိ ပြုပါ။ ပုံမှာ ကြည့်ပါ။


ပုံစံ (၁) ရဲ့ ကျောဘက်ပါ။ 



အထက်ပါ ပုဂ္ဂိုလ်ရဲ့ အမျိုးသား မှတ်ပုံတင် ကတ်ပြားပါ။ (ပိုက်ဆံ ပေးပြီး မှတ်ပုံတင် ကတ်ပြား ယူထား တယ်လို့ စွပ်စွဲချင် သူများ အပေါ်က ပုံစံ(၁) ကို မမေ့ပါနဲ့။ ပုံစံ (၁) ကို အစစ်ဆေး မခံရဘဲ ဒီမှတ်ပုံတင် ကတ်မရပါ။)



အထက်ပါ ပုဂ္ဂိုလ်ရဲ့ အမျိုးသမီးရဲ့ ပုံစံ(၁) ပါ။ သူလည်းပဲ နိုင်ငံသား နေရာမှာ (ပ) ဖြစ်ပြီး၊ မွေးဖွားရာ ဇာတိ ကလည်း ရခိုင် ပြည်နယ် ဘူးသီးတောင် ဇာတိပါ။


ပုံစံ (၁) ကျောဘက်ပါ။



ထိုအမျိုးသမီးရဲ့ အမျိုးသား မှတ်ပုံတင် ကတ်ပြားပါ။ 

အထက်ပါ နိုင်ငံသား ဖြစ်သူ မိဘ နှစ်ပါးမှ မွေးဖွားတဲ့ သားဖြစ်သူ ဟာလည်း တရားဝင် မြန်မာ နိုင်ငံသား အဖြစ် အမျိုးသား မှတ်ပုံတင် ကတ်ပြား ကိုင်ဆောင် ခဲ့သူ ဖြစ်ပါတယ်။



ဒါပေမဲ့ ၁၉၉၀ နောက်ပိုင်း ရခိုင် ဒေသက ရိုဟင်ဂျာ မွတ်ဆလင် တွေကို အထူး နှိပ်ကွပ် ခဲ့တဲ့ အချိန် ကစပြီး လူသိန်းနဲ့ ချီပြီး အမျိုးသား မှတ်ပုံတင် ကဒ်ပြား အစား အဖြူကဒ် ကိုင်ဆောင်သူ ဖြစ်သွားတဲ့ အ ပြင်၊ မွေးဖွားလာ သမျှ ကလေးတွေ အားလုံးလည်း အဖြူကတ် ပိုင်ရှင်တွေ ဖြစ်လာ ကြပါတယ်။ ပိုဆိုး တာက (ပ) ဆိုတဲ့ နိုင်ငံသား အဆင့် ကနေ ဘင်္ဂါလီ ဆိုတဲ့ တိုင်းခြားသား အဖြစ် အဓမ္မ ပြောင်းလဲ သတ် မှတ် ခဲ့တာပါ။ ဒါဟာ ဘယ်ဥပဒေ အရ လုပ်ဆောင် တာပါ ဆိုတဲ့ ခိုင်လုံတဲ့ အဖြေ မရှိတဲ့ ဥပဒေမဲ့ လုပ် ရပ်တွေ သာဖြစ် ပါတယ်။ ဒီလို ဥပဒေမဲ့ လုပ်ရပ် တွေကြောင့် အဖြူကတ် ပိုင်ရှင် ဖြစ်ခဲ့ ရသူ တွေထဲမှာ အထက်က ပုဂ္ဂိုလ်လည်း တစ်ဦး အပါ အ၀င်ပါ။



ဒီတော့ မိဘ ကိုယ်တိုင်လည်း နိုင်ငံသား စစ်စစ်၊ သားသမီး ကလည်း နိုင်ငံသား ဖြစ်ခဲ့သူ တွေဟာ န၀တ စစ်အစိုးရရဲ့ ဥပဒေမဲ့ လုပ်ရပ် တွေကြောင့် ချက်ချင်း လက်ငင်း နိုင်ငံမဲ့ ဘ၀ရောက် သွားတယ် ဆိုတာ အလွန် ရှင်းလင်းစွာ သိရ ပါပြီ။ အမှန် တကယ် မှာတော့ ၁၉၈၂ နိုင်ငံသား ဥပဒေ အရ ဆိုရင်တောင် သူတို့ကို Degrading (အဆင့်လျော့ နိုင်ငံသား) လုပ်လို့ မရပါဘူး။ 

အောက်ပါ ပုဒ်မ ၆ နဲ့ ၇ ကိုကြည့်ပါ။



သူရဲ့ မိဘ တွေရော၊ ထိုသူပါ ဒီဥပဒေ မရေးဆွဲမီ နှစ်များစွာ စောပြီး တရားဝင် နိုင်ငံသား ဖြစ်ထား သူတွေပါ။ နိုင်ငံသား မိဘ နှစ်ပါးက မွေးဖွား သူတိုင်း နိုင်ငံသား ဖြစ်ရမှာ ဖြစ်ပေမဲ့ ဒီပုဒ်မ တွေက စာအုပ် ထဲမှာ ပဲရှိနေပြီး အမှန် တကယ် အသက် မ၀င်ဘဲ စိတ်ထင်ရာ လုပ်နေတယ် ဆိုတာ သိသာ ပါ တယ် ။ နောက်ပြီး အဲဒီ ရိုဟင်ဂျာ တွေဟာ နိုင်ငံသား ရွေးချယ်ရေး ဥပဒေ အရ နိုင်ငံသား ဖြစ်လာသူတွေ မဟုတ် ပဲ၊ နိုင်ငံသား ဥပဒေ အရ အလို အလျောက် နိုင်ငံသား ဖြစ်နေသူ တွေပါ။ ဘာကြောင့် ဒါမျိုး မတရား လုပ် ထား သလဲ ဆိုတဲ့ အမေး အတွက် လူတိုင်းနဲ့ သဘောထား ညီမယ့် အဖြေပဲ ဖြေပါ့မယ်။ အစိုး ရ ဘက် မှာတော့ political intention တွေရှိပေမဲ့ အဓိကကတော့အသိဥာဏ် ချွတ်ခြုံ ကျနေ သူတွေ ဖြစ်လေ့ ရှိတဲ့ Racism နဲ့ Islamphobia ကြောင့်ပါ .. ကျန်တာတွေ အားလုံး ဒီကနေပဲ အခြေခံ ပြီး ဖြစ်လာ တယ်လို့ မြင်ပါတယ်။

ဒါဟာ လူတစ်ဦးတည်း အကြောင်း ကိုပဲ ဥပမာ အနေနဲ့ ရေးခဲ့ ဖြစ်ပါတယ်။ ကျနော် စုဆောင်း မိသလောက် အချက် အလက်တွေ အများကြီး ရှိပေမဲ့ အချက် အလက် တိုင်းဟာ အွန်လိုင်းမှာ တင်ရေးဖို့ မဖြစ် နိုင်ပါ။ မဲလိုချင်လို့ အဖြူကတ် ၅ သိန်း ထုတ်ပေး ခဲ့တယ် ဆိုတဲ့ အပြော မျိုးတွေ၊ ခိုးဝင် လာတဲ့ လူတွေ ကို စေတ နာနဲ့ အဖြူ ကတ်ပြား ပေးပြီး နေခွင့် ပေးထား သလိုလို propaganda လုပ်နေတဲ့ ငကြောင် တ ချို့ကို တွေ့နေ ရလို့ ဒီအကြောင်း ရေးလိုက် တာပါ။ အမှန်က (၂၀၁၀) ရွေးကောက်ပွဲ မတိုင်မီ ဦးသိန်း စိန် ကိုယ်တိုင် ကြံ့ဖွံ့ပါတီ အတွက် ရခိုင် ဒေသမှာ မဲသွား ဆွယ်တုန်းက ဒီလို "အဆင့်လျော့ ခံထား ရတဲ့ လူတွေဟာ အမှန် တကယ် နိုင်ငံသား တွေသာ ဖြစ်လို့ လက်ရှိ အဖြူကတ်တွေ အစား မူလနိုင်ငံသား ကတ်တွေပြန်ထုတ်ပေးမယ်"လို့မဲဆွယ် ခဲ့တာပါ။ ဒါပေမဲ့ စစ်ခေါင်းဆောင်တွေ ထုံးစံ အ တိုင်း ရွေးကောက် ပွဲ ပြီးထဲက အရူးကွက် နင်းရင်း ပြောင်ပြ နေတာ ခုချိန်ထိ ပါပဲ။ ဒီတော့ အဖြူ ကတ်ပြား အကြောင်း ပြော ချင် ရင် ဒီရိုဟင်ဂျာတွေ အဖြူ ကတ်ပြား (ယာယီ သက်သေခံကဒ်) ကိုင်ဆောင် ထားရတဲ့ နိုင်ငံ မဲ့ဘ၀ ဘယ်လိုကြောင့် ရောက်သွား ရသလဲ ဆိုတဲ့ အရင်းခံ အကြောင်းကို မသိ ယောင်ဆောင်ပြီး ကျော်သွားလို့ မရပါ။ ကိုယ်တိုင်က ဒီအကြောင်းတွေ တကယ် မသိဘဲ ရေးနေတာ ဆိုရင်လည်း ဒီကိစ္စ တွေကို ဆရာကြီး ဂိုက်နဲ့ လေဖမ်း ဒန်းစီး လျောက်ပြော နေမဲ့ အစား သေချာ လေ့လာ စူးစမ်းပြီး ရေးရင် တော့ဖြင့် ကိုယ့် သိ က္ခာ ကိုယ် ထိန်းရာ ရောက်ပါ လိမ့်မယ်။

Comment ရေးရန်

Rohingya Exodus