March 18, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

စာအုပ်စင်

အိတ်ဖွင့်ပေးစာ

မောင်တောမြို့ စည်ပင်သာယာ ဈေးမီးရှို့ခံရ၊ ၄ ဆိုင်ပြာကျ၊ ဆိုင်များ လုယက်ခံရ

RB News
23.11.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်ရှိ စည်ပင် သာယာ ဈေးကို အမည် မသိ ရခိုင် အစွန်းရောက် အုပ်စုမှ မီးရှို့ ခဲ့ရာ၊ ဆိုင် ၄ ဆိုင် ပြာကျ သွားပြီး၊ ဆိုင်များစွာ လုယက် ခံရကြောင်း သတင်း ရရှိ ပါသည်။ 

ဒေသခံများ၏ ပြောကြား ချက်အရ ည ၇ နာရီ ခန့်တွင်စတင်၍ မီးလောင်ကျွမ်း ခဲ့ပြီး၊ ည ၈ နာရီ အချိန် တွင် လုံခြုံရေး တပ်ဖွဲ့ ၀င်များ ရောက်ရှိ လာပြီး အခြေ အနေကို ထိန်းသိမ်း နိုင်ခဲ့ကြောင်း သိရှိ ရပါသည်။

မောင်တောမြို့ စည်ပင် သာယာ ဈေးတွင် ဆိုင်ခန်းပေါင်း ၄၀၀ ခန့်ရှိပြီး ၉၅% ကျော်မှာ ရိုဟင်ဂျာ လူမျိုး များ ပိုင်ဆိုင်သည့် ဆိုင်ခန်းများ ဖြစ်ပြီး၊ ကျန်သည့် ဆိုင်ခန်း အချို့မှာ ရခိုင်လူမျိုး များပိုင်ဆိုင် ကြကြောင်း သိရှိ ရသည်။

မီးရှို့မှုကြောင့် ဆိုင်ခန်းလေးခန်း ပြာကျ ခဲ့ရပြီး၊ ရခိုင် လူမျိုး ရာပေါင်း များစွာ စုရုံး၍ ဆိုင်ခန်း များမှ ပစ္စည်း များကို မီးစတင် လောင်ကျွမ်းသည့် အချိန်မှ စ၍ လုယက် ခဲ့ကြောင်း ဈေးပတ်ဝန်းကျင် တွင်နေထိုင် သူ များက ဆိုသည်။

မြန်မာနိုင်ငံ အ၀န်းတွင် လျှပ်စစ် မီးများ ယခု အချိန်ထိ ပုံမှန် ပေးနိုင်ခြင်း မရှိသောကြောင့် မောင်တော ဈေး တွင် ယနေ့ မီးလာ ရမည့် အချိန်မှာည ၆ နာရီမှ ၁၀ နာရီထိ ဖြစ်သော်လည်း ၇ နာရီ ၄၀ မိနစ်မှသာ မီးလာ ခဲ့ပြီး၊ မီးရှို့မှု မဖြစ်ပေါ်မှီ အချိန်ကပင် ဆက်သွယ်ရေး တယ်လီဖုန်း၊ မိုဘိုင်းဖုန်း များကို ဖြတ်တောက် ထားပြီး၊ လျှပ်စစ်မီး ပြန်လာသည့် အချိန်မှသာ ဆက်သွယ် ရေးလည်း ပြန်လည် ကောင်းမွန် လာခဲ့သည် ကိုတွေ့ ရှိရသည်။

လျှပ်စစ်မီး ပြန်လာသည့် အချိန်မှသာ မီးသတ် ကားများ ရောက်ရှိ လာပြီး မီးငြိမ်းသတ် ခဲ့ပြီး၊ လုံခြုံရေး တပ် ဖွဲ့ဝင် များရောက်ရှိ လာပြီး လုယက်နေသည့် ရခိုင်လူမျိုး များကို တားသည့် အခါ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင်လူမျိုး များအကြား တင်းမာမှုများ ဖြစ်ပွားခဲ့သည်။ သို့သော်လည်း တစ်စုံ တစ်ဦးကိုမှ ဖမ်းဆီး အရေး ယူခြင်း မပြုလုပ် ခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus