March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မောင်တောမြို့မှ ရှေးဟောင်း ဗလီကို ရခိုင် အကြမ်းဖက်များ မီးရှို့

RB News
23.11.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ရှေးဟောင်းဗလီ တစ်လုံးကို ရခိုင် အကြမ်းဖက် များ က မောင်တော မြို့ရှိ စည်ပင်သာယာဈေးကို မီးရှို့ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရ ရှိပါ သည်။ 

ရခိုင်အကြမ်းဖက်သမား၃၀၀ခန့်စုဝေး၍မောင်တောမြို့နယ်၊မြို့သူကြီးကျေးရွာအုပ်စု၊ဆုံဖီညာရွာအနီးလမ်းမ တန်းရှိ ရှေးဟောင်းဗလီကို ည ၉ နာရီခွဲ အချိန်တွင် မီးရှို့လိုက်ခြင်း ဖြစ်ပါသည်။ အဆိုပါ အကြမ်း ဖက် အုပ်စုသည် ဗလီကို မီးရှို့ဖျက်ဆီး ပြီးနောက် အနီးရှိ ရွာကို မီးရှို့ဖျက်ဆီးရန် ကြိုးစား ခဲ့ကြောင်းဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

မြန်မာနိုင်ငံသို့ အစ္စလာမစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ လာရောက် လေ့ လာသည့် အချိန်မှ စ၍ အစွန်းရောက် အုပ်စု များမှ မွတ်စလင် များကို အကြမ်းဖက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက် ရှိသည်။ လွန်ခဲ့သည့် ရက်ပိုင်းက ကျောက်တော် မြို့နယ်နှင့် ပေါက်တော မြို့နယ်တွင် လူမယ် ကလေးငယ် နှစ်ဦး သတ်ဖြတ် ခံခဲ့ ရပြီးနောက် ရိုဟင်ဂျာ များက သတ်ဖြတ်သည် ဟူ ၍ သတင်း များ လွှင့်ထုတ်ပြီး ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရန် လှုံ့ဆော်မှု များပြုလုပ် ခဲ့သည်။ ကုလသမဂ္ဂမှ ရိုဟင်ဂျာလူမျိုးများကို နိုင်ငံသားပေးရန် ဖိအားပေးပြောဆို မှုကြောင့်ရခိုင်ပါတီများ ၏ ခေါင်းဆောင်များ အမျက်ထွက်ပြီးနောက် ယနေ့ညပိုင်းတွင်မောင်တော မြို့ရှိ ရိုဟင်ဂျာ လူမျိုးများကို တိုက်ခိုက် သည့် အခင်း ဖြစ်ပွားမှုနှစ်ရပ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ 

၉၆၉ အစွန်းရောက် ဘုန်းကြီး များကလည်း မြန်မာ နိုင်ငံတွင်းရှိ ဗလီ ၀တ်ကျောင်းတော် များကို ပိတ်ပင်ရန် နည်းအမျိုးမျိုးဖြင့် ကြိုးစား လျက်ရှိသော်လည်း လက်တွေ့တွင် အောင်မြင်မှု မရသဖြင့် အကြောင်းမဲ့ ပြဿ နာ ရှာခြင်းများ ဖြစ်ပေါ်လျက် ရှိရာ ယမန်နေ့က ရန်ကုန်တိုင်း ဒေသကြီး၊ သင်္ကန်းကျွန်း မြို့နယ်တွင် စည် ပင် သာယာမှ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုပြင် လျက်ရှိသော အစ္စလာမ် ဘာသာရေး ကျောင်းကို ဘုန်း ကြီး များက အာဏာပိုင် များအား ဖိအားပေး၍ ပြင်ဆင်ခြင်း လုပ်ငန်းကို ရပ်ဆိုင်း ခဲ့သည်။ 

၁၂၀ခန့် အင်အားရှိသည့် ဘုန်းကြီးများ သင်္ကန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်၍ ဘာ သာရေး ကျောင်းပြုပြင် နေခြင်းကို ရပ်တန့်ခိုင်းရန် ခြိမ်းခြောက်၍ ဖိအားပေးခဲ့ရာ၊ အာဏာပိုင်များ ကို ကျောင်းကော်မတီသို့ စာပို့၍ ပြင်ဆင်ခြင်း လုပ်ငန်းကို ရပ်တန့် ခိုင်းခဲ့သည်။ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံး သို့ ချီတက် ခဲ့သည့် ဘုန်းကြီးများကို ဦးဆောင်သည့် ဘုန်းကြီးသည် ဘုန်းကြီး အတုဟု ယူဆ ရပြီး လက် ထဲတွင် လည်း လမ်းလျှောက် စကားပြော စက်ကို ကိုင်တွယ် ထားသည်ကို တွေ့ရှိ ရသည်။

(ဓါတ်ပုံ - မဇ္ဈီမ)

မြန်မာ နိုင်ငံတွင် လမ်းလျှောက် စကားပြောစက် များကို ရဲ၊ စစ်တပ်နှင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင် များသာ အသုံးပြုခွင့် ရှိပြီး၊ သာမာန် အရပ်သား အသုံးပြုပါက ဆက်သွယ်ရေး ဥပဒေဖြင့် အရေးယူ ခြင်းခံ ရမည် ဖြစ်သည်။ ထိုကဲ့သို့ လမ်းလျှောက် စကားပြောစက် အသုံးပြုသည်ကို ကြည့်ခြင်း အားဖြင့် ဦးဆောင်သည့် ဘုန်းကြီးမှာ အာဏာပိုင် များစေလွှတ်သည့် ဘုန်းကြီး အတုသာ ဖြစ်သည်ဟု ယူဆ ရသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus