နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ဖြူမှ မွတ်စလင်ပိုင် နေအိမ်များကို မတရား သိမ်းပိုက် ရောင်းချလျက်ရှိ



RB News
5.11.2013

ကျောက်ဖြူ ။ ။ ရခိုင် ပြည်နယ်၊ ကျောက်ဖြူ မြို့တွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့ များတွင် ပုဒ်မ ၁၄၄ ထုတ်ထား ပါလျက် အာဏာပိုင် များမှ အကြမ်းဖက်ခွင့် တမင် ပေးခဲ့သည့် အပြင် မွတ်စလင် များအား မိမိတို့ နေထိုင် ပိုင်ဆိုင်သည့် အိုးအိမ် စီးပွားများကို တစ်ခု တစ်လေမှ ယူဆောင်ခွင့် မပေးဘဲ၊ “နောက် တစ်ရက် နှစ်ရက် နေရင် ပြန်ပို့ပေးမယ်၊ လုံခြုံရေး အားလုံး ပေးထားမယ်၊ ဘာပစ္စည်း တစ်ခုမှ မပျောက်စေ ရဘူး၊ ကားပေါ်တက်ကြ” စသည့် စကားများကို စစ်တပ် အပါအ၀င် မြို့နယ် အုပ်ချုပ် သူ အာဏာပိုင် များက အာမခံ ပြောကြား ခဲ့သည်။ ကျောက်ဖြူ မြို့နယ် ရပ်ကွက် ၆ ခုရှိ မွတ်စလင် အိမ်ထောင်စု ၄၀၀ ကျော်၊ လူဦးရေ ၁၅၀၀ ကျော်တို့သည် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မိမိတို့၏ ပိုင်ဆိုင်မှု ပစ္စည်း များကို လက်လွတ်ထား ခဲ့ရပြီး ယခု လက်ရှိ နေထိုင်ရာ ဘုရားကြီးတောင် ဒုက္ခသည် စခန်းသို့ အာဏာပိုင် များ၏ အတင်း အကျပ် ပြောင်းရွှေ့ခြင်းကို ခံခဲ့ရသည်။ 

ကျောက်ဖြူ မြို့နယ်၊ ပိုက်ဆိပ် ရပ်ကွက် တစ်ခုလုံးသည် မွတ်စလင်များ နေထိုင်သည့် ရပ်ကွက် ဖြစ်ပြီး ၊ အောက်တိုဘာလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့ များတွင် အစိုးရ အာဏာပိုင်များ၊ စစ်တပ်၊ ရဲများ ၏ ရှေ့မှောက် တွင် ရခိုင် အစွန်းရောက် အကြမ်းဖက် သမားများက မွတ်စလင်များ ပိုင်ဆိုင်သည့် အိမ်များ တစ်လုံး မကျန် ကို အကြမ်းဖက် မီးရှို့ခဲ့ သဖြင့် မွတ်စလင် များမှာ စစ်တွေမြို့ သဲချောင်းသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရ သည်။ 

ကျောက်ဖြူ မြို့ပေါ်တွင် ကျန်ရှိသည့် အရာရှိ ရပ်ကွက်၊ သန်ပန်ချောင်း ရပ်ကွက်၊ အနောက်ပိုင်း ရပ်ကွက် ၊ မြစ်နား တန်း ရပ်ကွက်၊ အစိုးရ ရပ်ကွက်ရှိ မွတ်စလင် များကို ဒုက္ခသည် စခန်းများသို့ အတင်း အကျပ် ပို့ထားပြီး၊ ထိုအချိန်မှ စ၍ သွားလာခွင့် ကန့်သတ် ထားခဲ့သည်။ ယခု အခါ မြို့နယ်နှင့် ခရိုင် အုပ်ချုပ်ရေးမှူး များ၏ ခွင့်ပြုချက်ဖြင့် အဆိုပါ မွတ်စလင် များ၏ နေအိမ် များကို ရပ်ကွက် အုပ်ချုပ်ရေးမှူး များက အိမ် အရွယ် အစား ပေါ်မူတည်၍ ၇ သိန်းမှ သိန်း ၂၀ ကြားဈေးနှုန်းဖြင့် ရောင်းချ လျက်ရှိကြောင်း သိရှိ ရပါ သည်။ 

အရာရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်မှ ရောင်းချ ခဲ့သော မွတ်စလင်များ ပိုင်ဆိုင်သည့် အိမ်များ စာ ရင်း

- ဦးမောင်လှ ပိုင်ဆိုင်သည့် အိမ်
- ဦးညီညီ ပိုင်ဆိုင်သည့် အိမ်
- ဦးလှရွှေ ပိုင်ဆိုင်သည့် အိမ်
- ဦးကိုကိုအောင် ပိုင်ဆိုင်သည့် အိမ်
- ဒေါ်မဥာဏ် ပိုင်ဆိုင်သည့်အိမ်
- ဦးအောင်နိုင်ချေ ပိုင်ဆိုင်သည့်အိမ်
- ဦးမောင်နီ ပိုင်ဆိုင်သည့်အိမ်
- ကိုဝင်းမောင် ပိုင်ဆိုင်သည့် အိမ်
- ကိုညီလှ ပိုင်ဆိုင်သည့်အိမ်

တို့ အပါအ၀င် အခြားသော အိမ်များလည်း ရောင်းချ ခဲ့ကြောင်း သိရှိ ရပါသည်။ ထိုသို့ ရောင်းချ ရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်လွင်က ခရိုင်အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင် ကိုယ်တိုင်ခွင့်ပြုချက် ပေး၍   ရောင်းချခြင်း ဖြစ်ကြောင်း၊ စိတ်ချ လက်ချ ၀ယ်ယူ နိုင်ကြောင်း ကြေညာ၍ ရောင်းချ ခဲ့သည်။ 

တိုးချဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးမှ ရောင်းချ ခဲ့သော မွတ်စလင်များ ပိုင်ဆိုင်သည့် အိမ်များ စာရင်း

- ဦးကျော်မြင့် (ဖောင်တိန် ဆရာ) ပိုင်ဆိုင်သည့်အိမ်
- ဦးဒိုက်လာ ပိုင်ဆိုင်သည့်အိမ်
- ဦးအဘူကလာမ် ပိုင်ဆိုင်သည့်အိမ်
- ဦးမောင်မောင် ပိုင်ဆိုင်သည့်အိမ်

တို့ အပါအ၀င် အခြားသော အိမ်များကို ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦးက ခရိုင် အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင်၏ ခွင့်ပြုချက် ဖြင့် ရောင်းချကြောင်း ကြေညာ ခဲ့သည်။ 

သန်ပန်ချောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချေမှ ရောင်းချ ခဲ့သော မွတ်စလင်များ ပိုင်ဆိုင် သည့် အိမ်များ စာရင်း

- ဦးရွှေဖိုး ပိုင်ဆိုင်သည့်အိမ်
- ဒေါ်တင်တင်အေး ပိုင်ဆိုင်သည့်အိမ်
- ဦးမောင်ကြီး ပိုင်ဆိုင်သည့်အိမ်

တို့အပါအ၀င် အခြား အိမ်များကို ခရိုင် အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင်၏ ခွင့်ပြုချက်ဖြင့် ရောင်း ချသည် ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ချေက ဆိုသည်။ 

မွတ်စလင် အိမ် များမှ အိမ်တွင်း ပစ္စည်းများ ရယူလိုလျှင် ဆင်း ရဲသား မွတ်စလင် အိမ်မှ ဆိုလျှင် ဂွန်ဒေါင်း ထော် လာဂျီတစ်စီး စာကိုလေးသောင်းမှ ငါးသောင်းကျပ်၊ ချမ်းသာသည့် မွတ်စလင် အိမ်မှ ဆိုလျှင်ဂွန်ဒေါင်း ထော်လာဂျီ တစ်စီးစာကို တစ်သိန်းမှ နှစ်သိန်း ကျပ်ဈေးနှုန်းဖြင့် လည်းကောင်း၊ အိမ်ကြီး အိမ်ကောင်း များမှ ကျွန်းတံခါး တချပ်လျှင် ငါးသောင်းကျပ်၊ ပြူတင်းပေါက် တချပ်လျှင် တစ်သောင်း ကျပ် နှုန်းဖြင့် ရဲလုံခြုံရေး များကိုယ် တိုင် အစောင့်အရှောက် ပေးပြီး ရခိုင် ဗုဒ္ဓဘာသာ များက ရပ်ကွက် အုပ် ချုပ်ရေးမှူး များထံ ငွေရှင်းကာ အ လု အယက် ၀ယ်ယူလျက် ရှိကြောင်း သိရှိ ရပါသည်။ 

ယခု ကဲ့သို့ ရောင်းဝယ် ဖောက်ကား နေမှုများကို မွတ်စလင် ဒုက္ခသည် စခန်းမှ တာဝန်ခံ များက တပ်မမှူး ဗိုလ်မှူးကြီး သိုက်စိုး၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရန်လင်းအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုး တို့ထံ ကိုယ်တိုင် သွားရောက် တိုင်ကြား ခဲ့သော်လည်း၊ အာဏာပိုင် အရာရှိ များက ၎င်းတို့ အနေဖြင့် မသိ ရှိကြောင်း၊ မွတ်စလင် များက စာဖြင့် စနစ်တကျ တိုင်ကြားရန် လိုကြောင်း ပြောကြား၍ ပြန်လွှတ် ခဲ့သည်။ 

မှတ်ချက် ။ ။ ယခုကဲ့သို့ မတရား သဖြင့် မွတ်စလင်ပိုင် နေအိမ် များကို ရောင်း ၀ယ် ဖောက် ကား နေခြင်း အား အမှန်တရား လိုလားသည့် ကျောက်ဖြူ မြို့နယ်၊ သန်ပန်ချောင်းနှင့် အနောက်ပိုင်း ရပ်ကွက်မှ ဗုဒ္ဓ ဘာ သာဝင် မြို့မိ မြို့ဖ များမှ ဤသတင်းကို ရေးသား၍ ပေးပို့ ခဲ့ခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus