နောက်ဆုံးသတင်း/ဆောင်းပါးများ

၂၀၁၄ နဲ့ ကုဒ်နံပါတ်များ

ဦးဦးမှော်ဆရာ
26.10.2013

ဒီမနက်မှာ မိတ်ဆွေ တစ်ယောက်က ၂၀၁၄ သန်းခေါင် စာရင်းမှာ အသုံးပြုမဲ့ ကုဒ်နံပါတ် တွေကို PDF ဖိုင်နဲ့ အီးမေးလ်က တဆင့် ပို့ပေးလာတယ်။ ဒီ ကုဒ်နံပါတ် aတွကို စိတ်ဝင်တစား ကြည့်မိတာက (၁) တိုင်း ရင်းသား အဖြစ် သတ်မှတ် ထားတဲ့ စာရင်းတွေ စုံ/မစုံ၊ (၂) နိုင်ငံခြားသား သတ်မှတ် ထားပုံနဲ့ ပက် သက် တာတွေ (၃) deny လုပ်ခံ ထားရတဲ့ လူမျိုးစု စာရင်းတွေနဲ့ ပက်သက်ပြီး ဘယ်လို အကြံ အဖန်တွေ လုပ် ထားလဲ ဆိုတာတွေ ဖြစ်ပါတယ်။ (စာရင်း အပြည့် အစုံကို ဤဆောင်းပါး၏ အဆုံးတွင် ဖတ်ရှူ နိုင် ပါသည်)



အဲဒီအတိုင်း မြင်သမျှကို ပြောရရင်

(၁) တိုင်းရင်းသား ၁၃၅ မျိုးနာမည် ပါရှိပြီး သူတို့ အတွက် ကုဒ်နံပါတ် အသီးသီး ပါ ပါတယ်။ သို့သော် မကြာခင် ကပဲ တိုင်းရင်းသား စာရင်းမှာ မပါလို့ တောင်းဆို ခဲ့ဖူးတဲ့ ဇိုးမီး လူမျိုးစု စာရင်းကို မတွေ့ရပါ။ ချင်း လူမျိုးစုထဲမှာ (ဇိုတုံး၊ဇိုဖေ၊ဇို) ဆိုပြီးသုံးမျိုးတွေ့ ရတော့ အဲဒါတွေထဲက တခုခုဖြစ်နေတာ လည်း ဖြစ် ကောင်း ဖြစ်နိုင် ပါ တယ်။ ကျနော် အတိ အကျ မသိပါ။ နောက်ပြီး အခြား တိုင်းရင်းသား လူမျိုး များ ဆိုပြီး အရေ အတွက် နဲ့ အမျိုး အမည် ကန့်သတ် မထားတဲ့ စာရင်း တစ်ခု ပါရှိတာ ထူးခြားချက် ပါ ..

(၂) နိုင်ငံခြားသား လူမျိုးများ စာရင်းမှာ မြန်မာ- နိုင်ငံခြားသား သွေးနှောများ ဆိုတာ ကနေ စပါတယ်။ ဒီထဲ မှာ စင်္ကာပူ၊ အမေရိကန် တို့တောင် ပါနေတာ တွေ့တော့ နည်းနည်း မျက်ခုံးပင့် မိတယ်။ တစ်စုံ တစ်ခု ကို နိုင်ငံခြားသား အဖြစ် သတ်မှတ်ဖို့ အရေး အမြင် ကောင်းအောင် မဆီ မဆိုင်တာ တွေ ရောထည့် ထား သလား လို့တောင် အတွေးဝင် မိပါတယ်။

(၃) Deny လုပ်ခံ ထားရတဲ့ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး ကြည့်မိတော့ ထင်တဲ့ အတိုင်း ပါပဲ။ တစ်လုံး တစ်ပါဒမှ မပါဝင်ပါ။ ဥပမာ - ရိုဟင်ဂျာ၊ ပသီ၊ မြေဒူး၊ ပသျှူး၊ ဇိုးမီး (အပေါ်က သုံးမျိုးမှာ မပါဘူး ဆိုရင်) …. စသဖြင့် ပေါ့ဗျာ။

ဒီတော့ အဲဒီ လူမျိုးစုတွေ အတွက် ဘယ်လို ဖြစ်လာ နိုင်မလဲ စဉ်းစား ကြည့်တယ်။ နိုင်ငံခြားသား စာ ရင်း တွေထဲ ပါမှာ ကတော့ သေချာ ပါတယ်။ တရုတ်၊ ပါကိစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်/ ဘင်္ဂလီ ဆို တာတွေ ထည့်ထားတာ အလကား မဟုတ်။ ဘင်္ဂါလီ- ဘင်္ဂါလီ- ဘင်္ဂါလီ လို့ အဆက် မပြတ် ခေါ်နေ တာ တွေက အကြောင်းမဲ့ မဟုတ်၊ အဲဒီ စာရင်းမှာ ထည့်မယ်လို့ အချက် ပေးနေ ခြင်းပင်။ ကိုယ်က အမှန် တကယ် တရုတ် လူမျိုး၊ ပါကိစ္စတန် လူမျိုး၊ အိန္ဒိယ လူမျိုး၊ ဘင်္ဂလားဒေ့ရှ်/ ဘင်္ဂလီ လူမျိုး ဖြစ်နေလို့ ဒီအတိုင်း မှတ်တမ်းယူ သွားရင်လည်း ပြဿနာ မဟုတ်ပါ။ ဒါဟာ လူဦးရေ စာရင်းကောက် နေ တာ သာ ဖြစ် တဲ့ အတွက် နိုင်ငံသား ဖြစ်ခြင်း မဖြစ်ခြင်းနဲ့ မသက်ဆိုင် ပါဘူး။ သို့သော် အဲဒီ လူမျိုးတွေ မ ဟုတ်ပေ မဲ့ ကိုယ့်လူမျိုး အမှန် အတွက် ကုဒ်နံပါတ် မပါတဲ့ အတွက် ဒီစာရင်းမှာ အဆင်သင့် ရှိနေတဲ့ နိုင်ငံခြားသား စာရင်း တွေထဲ ထည့်ခံ ရမယ် ဆိုရင်တော့ သေချာ စဉ်းစားဖို့ လိုပါတယ်။ အဲလို အခြေ အနေမျိုး ကြုံ လာရင် ဘယ်လို လုပ်မလဲ စဉ်းစားထား စေလို ပါတယ်။

ကျနော် တွေးမိတာ သုံးခုရှိပါတယ်။

တစ်အချက်က ကိုယ့်လူမျိုး အမှန်ရဲ့ နာမည်နဲ့ ကုဒ်နံပါတ် ထပ်တိုး ပေးဖို့ အစိုးရနဲ့ UNFP ကို တောင်းဆို ဖို့ပါ။ ကျနော့် အမြင် မှာတော့ ဒီလမ်းကြောင်းက အောင်မြင် နိုင်ချေ အင်မတန် နည်းပါတယ်။ မဖြစ်နိုင် သလောက် ပါပဲ။

နှစ်အချက်က “အခြား တိုင်းရင်းသား လူမျိုးများ” ဆိုတဲ့ ကုဒ်နံပါတ်ကို ထည့်ခွင့် ရဖို့ ကြိုးစား ဖို့ပါ။ ဒီမှာ တစ်ခု စဉ်းစား စရာ ရှိတာက အဲဒီ “အခြား တိုင်းရင်းသား လူမျိုးများ” ဆိုတာရဲ့ ကုဒ်နံပါတ်က ၈၅၀ ဖြစ်နေ တာပါ။ ဒီတော့ ဒီ ကုဒ် က တနိုင်ငံ လုံးကို ကိုယ်စား မပြုဘဲ ရှမ်းပြည်နယ်မှာ ကျန်ရှိကောင်း ရှိနိုင်တဲ့ စာ ရင်း မပါ တဲ့ ရှမ်းလူမျိုးစု တွေကိုပဲ ရည်ရွယ် တာလို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် ခင်ဗျားဟာ ရှမ်းလူ မျိုးစု တွေထဲက မဟုတ်ဘဲ ဒီ ကုဒ်နံပါတ်နဲ့ မှတ်တမ်း ယူဖို့ မဖြစ်နိုင်ပါ။ ဥပမာ- `ပသီ´ နာမည် မပါလို့ ဒီ ကုဒ်နံပါတ်နဲ့ မှတ်တမ်း ယူချင်ရင် မရပါ။ (ဒါ ကျနော့် အမြင်ပါ။ မှားတယ် ဆိုရင်လည်း ထောက်ပြနိုင် ပါတယ်)

သုံးအချက်က ခင်ဗျားရဲ့ လူမျိုး အမှန်ကို အတိအကျ ချရေးခိုင်းပါ။ ဒီစာရင်းမှာ မပါလို့ ကုဒ်နံပါတ် မရှိရင် လည်း ပြဿနာ မဟုတ်။ အရေး ကြီးတာ ခင်ဗျား ဘာလူမျိုး လည်းဆိုတာ မှတ်တမ်း ၀င်သွားဖို့ လိုတယ်။ ဒီလို ရေးခိုင်းလို့ ခင်ဗျားကို ဘယ်သူကမှ ဘာမှ မလုပ်နိုင် ပါဘူး။ ဒါကို သေသေ ချာချာ မှတ်ထားပါ။ ကျနော် ဒါကို အကြောင်းမဲ့ ပြောတာ မဟုတ်ပါ။ အောက်က စာမျက်နှာက သန်းခေါင် စာရင်းနဲ့ ပက် သက် ပြီး လ၀ကမှ တရားဝင် ထုတ်ပြန် ထားတဲ့ ပုံစံ တစ်ခုပါ။




နံပါတ်(၉) ကို ပုံကြီးချဲ့ ထားတာ ကြည့်ပါ။ “လူမျိုး သင်္ကေတကို ကြည့်ပါ။ လူမျိုး သင်္ကေတတွင် မပါ ပါက လူမျိုး အမည် ရေးသွင်းပါ” လို့ ရှင်းရှင်း လင်းလင်း ဖေါ်ပြထား ပါတယ်။ ဒါကြောင့် ကုဒ်နံပါတ် မပါတဲ့ လူမျိုးစုတွေ အတွက် ဖြစ်နိုင်ချေ အရှိဆုံးက ကိုယ့်လူမျိုး အမှန်ကို ချရေးခိုင်းပါ။ နိုင်ငံခြားသား စာရင်းမှာ ပါသွား မှာလား၊ တိုင်းရင်းသား စာရင်းမှာ ပါမှာလား ဆိုတာ မစဉ်းစား ပါနဲ့။ ဒါဟာ နိုင်ငံသား ဖြစ်ခြင်း မ ဖြစ်ခြင်း ဆုံးဖြတ်ဖို့ မဟုတ်ဘဲ ဘယ်လူမျိုး ဘယ်လောက် ရှိတယ် ဆိုတဲ့ လူဦးရေ စာရင်းကောက် နေ တာသာ ဖြစ်ပါတယ်။ ရှေးက ကောက်ခဲ့တဲ့ သန်းခေါင် စာရင်း တွေမှာ လူမျိုး နာမည် ပါ/ မပါ ဆိုတာကို ကိုင်ပြီး အငြင်း အခုန် လုပ်နေ ကြတဲ့ လက်တလော အခြေအနေ တွေကို ကြည့်ရင် ခု သန်းခေါင် စာရင်းမှာ ကိုယ့်လူမျိုး စာရင်းနဲ့ မှတ်တမ်း ၀င်သွားဖို့ ပိုအရေး ကြီးတယ် ဆိုတာ အများကြီး ရှင်းပြ နေစရာ လိုမယ် မထင်ပါဘူး။

သို့သော် သိရသလောက် သတင်းတွေ အရ ကောက်ယူပြီး သမျှ စာရင်း များကို ကွန်ပျူတာ ပရိုဂရမ်ဖြင့် အုပ်စု ခွဲခြားပြီး နောက်ဆုံး စာရင်း ထုတ်ပြန်မှာ ဖြစ်တဲ့ အတွက် ကျနော် ခုပြောသလို ကုဒ်နံပါတ် မပါလို့ ကိုယ့်ထည့် ခိုင်းတဲ့ လူမျိုး နာမည်နဲ့ မှတ်တမ်းတင် သွားရင်လည်း အမှန် တကယ် စာရင်းချုပ်တဲ့ အခါ သူတို့ ရေးဆွဲ ထားတဲ့ ပရိုဂရမ်က recognized မလုပ်တဲ့ လူမျိုး နာမည်တွေ အားလုံး `အခြား နိုင်ငံခြား လူမျိုးများ (၉၁၂)´ ဆိုတဲ့ စာရင်းထဲ ရောက်သွားမှာ သေချာ သလောက် ပါပဲ .. စာရွက်ပေါ် မှာသာ ကိုယ့်လူမျိုး နာမည် ကျန်နေပေမဲ့ တကယ်တမ်း စာရင်း ထုတ်ပြန်တဲ့ အခါ ပါလာမှာ မဟုတ် ပါဘူး။ ဒီလို ဖြစ်ခဲ့မယ် ဆိုရင် နောင်တချိန်မှာ ကိုယ့်လူမျိုး စာရင်းကို ဒီသန်းခေါင် စာရင်းဖြင့် ကိုးကားလို့ ရနိုင် တော့မှာ မဟုတ် ပါဘူး။ ဒီလို ဖြစ်လာ နိုင်ချေ ရှိတာကိုလည်း ထည့်တွက် ရပါ လိမ့်မယ်။ ဒီလို မလုပ် ချင်ရင် ဘာလုပ်သင့် သလဲ? ကျနော့် အမြင် ကတော့ ဒီလို ကိုယ့်လူမျိုး နာမည် ထည့်လိုက်လို့ `အခြား နိုင်ငံခြား လူမျိုး (၉၁၂)´ စာရင်းဝင် သွားရင် တောင်မှ စာရင်း ကောက်တဲ့ စာရွက်ပေါ် မှာတော့ ကိုယ့်လူမျိုး အမည် ကျန်ရစ် နေပါ လိမ့်မယ်။ ဒီတော့ တစ်ခုကို ရပြီး တစ်ခုကို compromise လုပ်ရတယ်လို့ မြင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ `အခြား တိုင်းရင်းသား လူမျိုးများ (၈၅၀)´ ကို တနိုင်ငံလုံး အကျုံးဝင်တဲ့ ကုဒ်နံပါတ် တစ်ခု ဖြစ်ကြောင်း သေချာလို့ ဒီကုဒ် နံပါတ်ကိုပဲ ရွေးထည့် ခဲ့မယ် ဆိုရင်တော့ compromise လုပ်ရ မှာက နှစ်ခုဖြစ် သွားပါ လိမ့်မယ်။ တစ်ခုက စာရင်း ကောက်တဲ့ စာရွက် မှာလည်း ကိုယ့်လူမျိုး အမည် ပါမှာ မဟုတ် သလို၊ ကုဒ် ၈၅၀ နဲ့ ကောက်ယူ ခဲ့သမျှ စာရင်းတွေ အားလုံး နောက်ဆုံး ထုတ်ပြန်တဲ့ အခါ `အခြား တိုင်းရင်းသား လူမျိုးများ´ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ထုတ်ပြန်မှာ ဖြစ်လို့ ဒါလည်းပဲ နောင်တချိန် ပြန်ကိုးကား စရာ ရှိတော့မှာ မဟုတ် ပါဘူး။

ဘာပဲ ဖြစ်ဖြစ် ကျနော့် တစ်ဦးတည်း အမြင်အရ အသေအချာ ထပ်မှာချင် ပါတယ်။ ဒီစာရင်းမှာ ကိုယ့်လူမျိုး အမှန်ရဲ့ ကုဒ်နံပါတ် မပါရင် ကိုယ့်လူမျိုး နာမည် ကိုသာ ဖြည့်သွင်းပါ။ ကိုယ်တိုင် ဘာလူမျိုး ဖြည့်ရမယ် မ သိရင်လည်း ကိုယ့် community မှာ ဦးဆောင် နေတဲ့ သူတွေဆီက အကြံဥာဏ် ယူပါ။ ရိုဟင်ဂျာ မဟုတ် တဲ့ မြန်မာ မွတ်ဆလင်များ အနေနဲ့ လူအများစုကို လွမ်းခြုံ နိုင်မဲ့ ပြန်တမ်းဝင် လူမျိုး နာမည်မျိုး ကို သာ တစု တစည်းထဲ ဖြည့်သွင်း နိုင်ပါက ပိုကောင်းမယ်လို့ ထင်ပါတယ်။ မသိ နားမလည်တဲ့ သူတွေ ကိုလည်း ဒီအကြောင်း လက်ဆင့်ကမ်း ရှင်းပြပါ။ လုံးဝ စိုးရိမ်စရာ မလိုကြောင်း လည်း တစ်ပါ တည်း ပြော ပါ။ ရှေးက အားနည်း ခဲ့လို့ ဒီနေ့ခေတ်မှာ ခံနေကြ ရသလိုမျိုး ခင်ဗျားတို့ ထပ်မှားရင်ဖြင့် ခံစား ကြ ရ မဲ့သူ တွေက ခင်ဗျားတို့ မျိုးဆက်များသာ ဖြစ်ပါကြောင်း ..

(ကျနော့်တဦးတည်းရဲ့အမြင်နဲ့အကြံပြုထားခြင်းသာ ဖြစ်ပါတယ်။ အမြင် မတူတာ ရှိရင် လည်း ဆွေးနွေး စေ လို ပါတယ်။ မိမိတို့ရဲ့ ဦးဆောင် သူများနှင့် တိုင်ပင်ပြီး အားလုံး တညီ တညာ တည်း ရွေး ချယ် ထားတဲ့ လမ်းကို လိုက်ဖို့ ပိုပြီး အားပေး ပါတယ်။)




Comment ရေးရန်

Rohingya Exodus