နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာ တစ်ဦးကို လွန်ခဲ့သည့် ၁၅ ရက်က ရခိုင်များ ဖမ်းဆီးသွား

MYARF
RB News
1.11.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှ ရိုဟင်ဂျာ တစ်ဦး ကို အောက် တိုဘာလ (၁၆) ရက်နေ့တွင် ရခိုင် များက ဖမ်းဆီး ခေါ်ဆောင် သွားရာ ယခု အချိန်ထိ မည် သည့် သတင်း မှ မရရှိသေးဘဲ အသက် အန္တရာယ် အတွက် မိသားစု များစိုးရိမ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

မောင်တော မြို့နယ်၊ အမှတ် (၅) ရပ်ကွက် (ဒေလ်ဖာရာ) မှ ဦးအုစ်မာန် (ဘ) ဦးတာန်ဒါမျာ ကို အမည်မသိ ရခိုင်အုပ်စု တစ်စုက အောက်တိုဘာလ (၁၆) ရက်နေ့တွင် မြို့မ ကညင်တန်း ကျေးရွာ အုပ်စုရှိ နွားဈေးမှ လာရောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိ ရပါသည်။ 

မြို့မ ကညင်တန်း ရှိ နွားဈေးမှာ ကုရ်ဘာနီ အီးဒ် အတွက် ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး နွားဈေးတွင် လုံခြုံရေး တာဝန် ယူထားသည့် ရဲတပ်ဖွဲ့ ၀င်များလည်း ရှိနေ ခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များက ရခိုင် များကို ဖမ်းဆီး ရ သည့် အကြောင်းရင်းကို မေးမြန်းသည့် အခါ ရခိုင်များက ၎င်းတို့ ရောင်းထားသည့် WY စာတမ်းပါ မူးယစ် ဆေးဝါးများ အတွက် ငွေချေခြင်း မရှိသည့် အတွက် ဖမ်းဆီး ရသည်ဟု ဖြေကြား ခဲ့ကြောင်း သိရှိ ရပါသည်။

အကယ်၍ ဖမ်းဆီး ခံရသူ ဦးအုစ်မာန်က အမှန် တကယ် ၀ယ်ယူခဲ့လျှင် လည်း ရဲတပ်ဖွဲ့ဝင် များက ရခိုင် များနှင့် ဦးအုစ်မာန်ကို ဖမ်းဆီး၍ ဥပဒေ အရ နှစ်ဘက်စလုံးကို အပြစ်ပေး ရမည် ဖြစ်သော်လည်း၊ တရား မ၀င် မူးယစ် ဆေးဝါး ရောင်းဝယ်မှု ကြောင့် ဖမ်းဆီးသည်ဟု ဥပဒေမဲ့ ပြောကြားသည့် ရခိုင် များကို ရဲတပ် ဖွဲ့ဝင် များကို အရေးမယူဘဲ လွှတ်ပေး ခဲ့ခြင်းမှာ ရဲတပ်ဖွဲ့ဝင် များ၏ တာဝန် ပျက်ကွက်မှုသာ ဖြစ်သည် ဟု ဒေသခံ များမှ ပြောပါသည်။ 

ဦးအုစ်မာန်ကို အောက်တိုဘာလ (၁၆) ရက်နေ့ ဖမ်းဆီး သွားသည့် အချိန်မှ စ၍ ယခု အချိန်ထိ မိသားစု များက မည်သည့် သတင်းမှ မရသဖြင့် လွန်စွာ စိတ်ပူ စိုးရိမ် ကြောင့်ကြ လျက်ရှိပြီး၊ အသက်ရှင်လျက် ရှိ/မရှိ ကို သံသယ ဖြစ်လျက် ရှိသည်ဟု ဒေသခံ များမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus