မြန်မာ ဒုက္ခသည်တွေ အတွက် ထောက်ပံ့မှု EU တိုးမြှင့်
လိုင်ဇာမြို့အနီး ကေအိုင်အေ ထိန်းချုပ်နယ်မြေအတွင်း ကချင်စစ်ပြေးဒုက္ခသည်များကို တွေ့ရစဉ်။ (ဇန်နဝါရီလ ၄၊ ၂၀၁၃) |
25.11.2013
မြန်မာ နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ပဋိပက္ခ တွေနဲ့ လူမှု အသိုင်း အဝိုင်း အချင်းချင်း ကြား ဖြစ်ပွားတဲ့ အကြမ်း ဖက် မှုတွေရဲ့ ရိုက်ခတ်မှု ခံရသူ တွေအတွက် လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူ အညီ အဖြစ် euro ငွေ ၃ သန်း၊ ဒေါ်လာနဲ့ ဆိုရင် ၄ သန်းကျော် ထောက်ပံ့ ပေးမယ်လို့ ဥရောပ သမဂ္ဂ က ပြော ပါ တယ်။
ဒါကြောင့် ၂၀၁၂-၂၀၁၃ (၂ ) နှစ် အတွက် EU က မြန်မာ နိုင်ငံကို ပေးအပ်တဲ့ လူသားချင်း စာနာ မှုဆိုင်ရာ အကူ အညီ စုစုပေါင်းက ဒေါ်လာ ၆၆ သန်းနီးပါး ဖြစ်သွား မှာပါ။
ကချင် ဒေသမှာ ၂၀၁၁ ခုနှစ် ကတည်းက ဖြစ်ပွား နေတဲ့ တိုက်ပွဲ တွေကြောင့် ဒေသခံ တသိန်းကျော် အိုး အိမ် စွန့်ခွာ ပြေးခဲ့ ကြရ တာပါ။ ရခိုင် ပြည်နယ်မှာ ဖြစ်ပွားတဲ့ အဓိကရုဏ်း တွေကြောင့်လည်း မွတ်ဆ လင် အများစု အပါ အဝင် လူသိန်း နဲ့ချီ အိုးအိမ် ပျောက်ခဲ့ ရပြီး ယာယီ ကူညီ ကယ်ဆယ်ရေး စခန်း တွေ မှာ ဆိုးရွားတဲ့ အခြေ အနေနဲ့ နေနေ ကြရ ပါတာကြောင့် စိုးရိမ် ပူပန် ကြောင်းလည်း EU ရဲ့ လူသားချင်း စာ နာ ထောက်ထားမှု ဆိုင်ရာ အထူး ကိုယ်စားလှယ်က ပြောပါတယ်။
အခု ထပ်တိုး ပေးအပ်မယ့် ထောက်ပံ့ ငွေကလည်း ကချင်၊ ရခိုင်နဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွေ အ တွက် စားရေး ရိက္ခာ အဓိက ပေးအပ်မှာ ဖြစ်တယ်လို့ နိုင်ငံ တကာ ပူးပေါင်း ဆောင်ရွက်မှု၊ လူသားချင်း စာ နာ ထောက်ထားမှု အကူ အညီနဲ့ ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းရေး ဆိုင်ရာ EU ရဲ့ မဟာ မင်းကြီး Kristalina Georgieva က ပြောပါတယ်။