March 16, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

တိုင်းရင်းသား ကမန် မွတ်စလင်နှင့် ယာယီ သက်သေခံကဒ်


မင်းအောင်
RB News
24.11.2013

ရခိုင် ပြည်နယ်၏ တည်နေရာ ပထ၀ီ အနေ အထား အရ၊ ရခိုင် ပြည်နယ် အကြောင်းအား လူသိနည်း လှ သည်။ ယနေ့ မြန်မာ ပြည်သူ၊ ပြည်သားများ အတွင်း ရခိုင် ပြည်နယ်နှင့် ပတ်သက်ပြီး၊ ငြင်းခုံ နေကြ ရသော အကြောင်း အရာ များသည် အာဏာရှင် စစ်အစိုးရနှင့် ရခိုင် အစွန်းရောက် တချို့ ဥပဒေမဲ့ ပူးပေါင်း ကြံစည် ထားသော အရှုပ်ထုတ် များဖြစ်သည်။ ပြဿနာ တစ်ခုကို ဝေဖန် သုံးသပ်မည် ဆိုပါက အဆို ပါ ပြဿနာ ဖြစ်ပေါ် လာရသည့် ရင်းမြစ်ကို မလေ့လာဘဲ ပြဿနာကို မိမိ ထင်မြင်ရာ ငြင်းခုံ နေကြမည် ဆိုပါကမည်သည့်အချိန်မှာမှ ဖြေရှင်း နိုင်မည်မဟုတ်ပေ။ ငြင်းခုံနေကြရသော ရခိုင် ပြည်နယ်၏ အကြောင်း အရာ များနှင့် ပတ်သက်ပြီး မြန်မာ ပြည်သူ ပြည်သား များမှာ အရူးလုပ်ခြင်း ခံထား ရသည်ဟု ဆို လျှင် လွန်အံ့ မထင်ပေ။ အဘယ့်ကြောင့် ဆိုသော် ကိုးကွယ် ယုံကြည်မှုဘာသာ တရား တစ်ခု အပေါ် အခြေ ခံပြီး လူတစ်စု အပေါ် အခြေခံပြီး လူတစ်စု အပေါ် မိမိတို့ ဥပဒေမဲ့ မတရား ပြုလုပ် ထားသော အရှုပ် အထွေး တစ်ခုအား သီးပွင့်လာသည့် ဒီမိုကရေစီ ခေတ်ကာလ အတွင်း ထိပ်တိုက် ဖြေရှင်း လာနိုင်သည့် အခြေ အနေအား ရှောင်လွှဲ နိုင်ရန် အလို့ငှာ မြန်မာ လူမျိုးများ အတွင်း ထိလွယ် ရှလွယ်သည့် ဘာသာရေး၊ လူမျိုးရေး အသွင် ပြောင်းလဲ ဖန်တီး ခဲ့ခြင်း ဖြစ်သည်။ 

ဤနေရာတွင် RNDP ခေါင်းဆောင် ဦးအေးမောင် ကဲ့သို့ ဘင်္ဂါလီ ရခိုင် ဗုဒ္ဓဘာသာဝင် အစွန်းရောက် များ၏ ရည်ရွယ်ချက် ရှိရှိ ဦးဆောင် ပါဝင် ခဲ့သော အခန်း ကဏ္ဍ အားလည်း မမေ့သင့်ပေ။ အနောက်သား ဘင်္ဂါလီ ရခိုင် များတွင် ရခိုင် ပြည်နယ် အတွင်း ကြီးမားသော ရည်ရွယ်ချက် တစ်ခု ရှိနေသည် ဆိုသည်ကို မွတ်စ လင် များထက် ရခိုင် ဗုဒ္ဓ ဘာသာ ၀င်များ ပိုမို သိရှိ ကြသည်။ အ၀ကျွန်းသား ဘင်္ဂါလီ ရခိုင် များ၏ စရိုက် အပေါ် ရခိုင် လူမျိုး များ၏ ခွဲခြား ဆက်ဆံမှု များနှင့်၊ ရခိုင် ပြည်နယ် အတွင်း နေခွင့် မသာ၍ ဧရာဝတီတိုင်း အတွင်းသို့ ကူးပြောင်း ၀င်ရောက် ခဲ့ရခြင်း များသည် ဘင်္ဂါလီ ရခိုင် များအား နာကျဉ်း ချက်ကို ဖြစ်စေ ခဲ့ သည်။

ဤကဲ့သို့ ရှုပ်ထွေး ပွေလီ နေသော ရခိုင် ပြည်နယ်၏ အကြောင်း အရာ အများကြီး ထဲမှ ၀ှိုက်ကဒ် (သို့) ယာယီ သက်သေခံ ကဒ်ပြား အကြောင်းအား စာဖတ်သူများ သိရှိ နားလည် နိုင်ရန် ရေးဖို့ ရည်ရွယ် ပါ သည်။

ဝှိုက်ကဒ် (သို့) ယာယီ သက်သေခံ ကဒ်ပြားအား ရခိုင် ပြည်နယ် တောင်ပိုင်း တွင် နေထိုင်သော မြန်မာ နိုင် ငံ တိုင်းရင်းသား လူမျိုးစု (၁၃၅) မျိုးတွင် ပါဝင်သော ကမန် လူမျိုး တစ်ချို့ အား ထုတ်ပေး ထားသည်ဟု ဆိုလျှင် စာဖတ်သူများ အလွန် အံ့သြမည် ထင်ပါသည်။ ရခိုင် ပြည်နယ် တောင်ပိုင်းတွင် ၀ှိုက်ကဒ် ကိုင် ထားသော ကမန် မွတ်စလင်များ အမှန် တကယ် ရှိနေပါသည်။ ခိုးဝင်လာ သူများ (သို့) ဘင်္ဂါလီ များကိုသာ ၀ှိုက်ကဒ် ထုတ်ပေးထား သည်ဟု သိရှိထား သူများ အနေဖြင့် ဤကိစ္စအား မည်ကဲ့သို့ ယူဆကြ မည်နည်း။ ဤမေးခွန်းသည် ကျွန်တော်တို့ မေးလိုသော မေးခွန်း အများကြီး ထဲမှ တစ်ခုသာ ဖြစ်ပါသည်။ 

အရေး အခင်း ကာလ မတိုင်မှီ ရခိုင် ပြည်နယ် အတွင်း နေထိုင် ကြသော မွတ်စလင် များသည် မိမိ လူမျိုး အလိုက် မှတ်ပုံတင် (အစိမ်းရောင် သုံးခေါက်ချိုး) များ အများ နည်းတူ ကိုင်ဆောင် ခဲ့ကြသည်။ ရေဘုယျ အားဖြင့် ရခိုင်ပြည် မြောက်ပိုင်းတွင် ရိုဟင်ဂျာ - မွတ်စလင်၊ ရခိုင် - မွတ်စလင်နှင့် ဘင်္ဂါလီ - မွတ်စလင်၊ ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ကမန် -မွတ်စလင်နှင့်ရခိုင် - မွတ်စလင်များအဖြစ်မှတ်ပုံတင်များ ကိုင်ဆောင် ခဲ့ကြသည်။ အရေး အခင်း ကာလ နောက်ပိုင်း (န.၀.တ) အစိုးရ လက်ထက်တွင် နိုင်ငံသား စီစစ်ရေး ကဒ် (ပန်းရောင်ကဒ်) စီမံကိန်း အရ၊ အစိုးရမှ ချမှတ် ပေးသော ပုံစံ စာရွက် များအား ဖြည့်စွက်ပြီး (လ.၀.က) ဌာနသို့ တင်သွင်း ရသည်။ ထိုသို့ တင်သွင်းစဉ် မိမိလက်ဝယ် ကိုင်ဆောင်ထားသော မှတ်ပုံတင် (အ စိမ်းရောင် သုံးခေါက်ချိုး ကဒ်) အား တပါတည်း အပ်ခဲ့ရသည်။ 

နိုင်ငံသား စီစစ်ရေးကဒ် ထုတ်ပေး စဉ်တွင် ကမန် - မွတ်စလင် များမှ အပ ရခိုင် ပြည်နယ် အတွင်းရှိ ကျန် မွတ်စလင် အားလုံး၏ ပုံစံ စာရွက် များအား (သံသယ) အဖြစ် အစိုးရမှ သတ်မှတ် ခဲ့သည်။ ခရိုင် ပြည် နယ် ပြဿ နာကို လေ့လာမည် ဆိုလျှင် ဤအဆင့်အား သိရှိရန် လိုအပ် ပါသည်။ ဤကာလသည် လွန် ခဲ့သော နှစ်ပေါင်း ၂၀ ကျော် (၁၉၉၀/၁၉၉၁) ခုနှစ်က အဖြစ် အပျက် ဖြစ်သည်။ ရခိုင် ပြည်နယ် အကြောင်း အား အတိုက် အခံ ငြင်းခုံ နေသော သူများ အဘယ့်ကြောင့် ၁၉၉၀ ၏ အရင် ကာလ အား ကျော်မကြည့် ရဲကြ ပါသနည်း။ 

၁၉၉၂/၁၉၉၃ ခုနှစ် ရခိုင် ပြည်နယ် မြောက်ပိုင်းတွင် (လ၀က) က မွတ်စလင် များအား ခေါ်ယူ တွေ့ဆုံပြီး၊ "မိမိတို့ ပုံစံ စာရွက် များတွင် ဖြည့်ထားချက် များအား အစိုးရမှ သံသယ ဖြစ်နေသည့် အတွက် နိုင်ငံသား စီစစ်ရေးကဒ် ထုတ်ပေးရန် အချိန် အကန့် အသတ် မရှိ ကြန့်ကြာ နိုင်ပါသည်။ထို့ကြောင့် မွတ်စလင်များ အနေဖြင့် ခရီး သွားလာရေး အဆင် ပြေစေရန် ပထမ အဆင့် အနေဖြင့် ယာယီ သက်သေခံ ကဒ်ပြားအား ယူထား ကြရန် တိုက်တွန်း လာခဲ့သည်။" ပထမပိုင်းတွင် မွတ်စလင်များ အကြောက် အကန် ငြင်းဆန် ခဲ့ကြသော်လည်း အချိန် ကြာလာသည် နှင့်အမျှ မွတ်စလင် များအတွင်း ပညာရေး၊ ခရီးသွား လာရေး၊ အိမ်ထောင်ရေး စသည်ဖြင့် အစစ အရာရာ အခက် အခဲများ ကြုံဆုံ လာရာမှ ယာယီ သက်သေခံ ကဒ်ပြား အား တဖြည်းဖြည်း ယူခဲ့ ကြရသည်။ တစ်ဖက်က စွပ်စွဲ ပြောဆိုနေ သကဲ့သို့ ၂၀၁၀ ရွေးကောက်ပွဲ ကာလ အစိုးရမှ မဲလိုချင်၍ တရား မ၀င် နေထိုင်သူ များအား ယာယီ သက်သေခံ ကဒ် ထုတ်ပေး ခဲ့သည် ဟူသော စွပ်စွဲချက် များမှာ အဖြစ်မှန်နှင့် လုံးဝ ဆန့်ကျင် နေပါသည်။ အမှန် တကယ်မှာ မှတ်ပုံတင် ကိုင်ဆောင် ခဲ့ သူ များအား နိုင်ငံသား စီစစ်ရေး ကဒ်ပြား မထုတ်ပေးဘဲ ယာယီ သက်သေခံ ကဒ်ပြား ထုတ်ပေး ခဲ့ခြင်း သာ ဖြစ်ပါသည်။

ရခိုင်ပြည် တောင်ပိုင်းမှ အိမ်ခြေ ၂၅၀၀ ကျော်ရှိသော ကျေးရွာ တစ်ရွာ၏ အဖြစ် အပျက်ကို ပြောပြ လိုသည်။ ထိုကျေးရွာတွင် နေထိုင် ကြသော မွတ်စလင် အများစုမှာ ရခိုင် မွတ်စလင် များဖြစ် ကြပြီး ကမန် မွတ်စလင်အနည်းငယ်သာရှိသည်။ ထိုကျေးရွာတွင် ရခိုင်ဗုဒ္ဓဘာသာဝင်များနေထိုင် ကြသော် လည်း ခေတ် အဆက်ဆက် ကျေးရွာ အုပ်ချုပ် ရေးမှူးမှာ ရခိုင် မွတ်စလင်များ ဖြစ်ခဲ့ ကြသည်။ နိုင်ငံသား စီစစ်ရေးကဒ် စီမံကိန်း ကာလ အတွင်း အဆိုပါ ကျေးရွာမှ ရခိုင် မွတ်စလင် များ၏ ပုံစံ စာရွက် များအားလည်း သံသယ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ ရသည်။ မြို့နယ် (လ၀က) မှ နိုင်ငံတော် အစိုးရ၏ စီမံချက် အရ ရခိုင် လူမျိုး၊ အစ္စလာမ် ဘာသာဝင် ဆိုတာ လက်မခံ တော့ကြောင်း၊ ရခိုင် မွတ်စလင်များ အနေဖြင့် ကမန် မွတ်စလင် အဖြစ် ပြောင်းလဲ လျှောက်ကြရန် တိုက်တွန်း လာခဲ့သည်။ ရခိုင် မွတ်စလင် ရပ်မိ ရပ်ဖ များမှာ မိမိတို့ ကမန် လူမျိုး မဟုတ်ကြောင်း ၊ ရခိုင် လူမျိုး အစ္စလာမ် ဘာသာ အဖြစ် မရရှိပါက နိုင်ငံသား စီစစ်ရေးကဒ် ယူရန် ဆန္ဒ မရှိကြောင်း ငြင်းဆန် ခဲ့ကြသည်။ ထိုကျေးရွာတွင် ယနေ့ အချိန်ထိ ကုန်သည် တစ်စုမှ ကမန် အစ္စလာမ် အဖြစ် ပြောင်းလဲ ယူခြင်းမှ လွှဲပြီး အများစု နိုင်ငံသား စီစစ်ရေးကဒ် မယူခဲ့ ကြပေ။ (လ၀က ) မှ အိမ်ထောင်စု စာရင်းအား အကြိမ်ကြိမ် သိမ်းဆည်းပြီး လူမျိုး နေရာတွင် နဂိုရှိ ခဲ့သော လူမျိုး နာမည် အား ဖျောက်၍ (နောက်မှ ဖြည့်စွက်ရန်) ဟူ၍ ရေးသား ခဲ့သည်။ အဆိုပါ ဒေသ အားလည်း အစွန်းရောက် များမှ ခိုးဝင် ဘင်္ဂါလီများ နေထိုင်ရာ ဒေသ အဖြစ် စွပ်စွဲ ပြောဆို နေကြ ပြန်သည်။ 

ရခိုင် ပြည်နယ် ပြဿနာသည် အစိုးရ အဆက်ဆက်မှ နယ်မြေခံ အစွန်းရောက် တချို့နှင့် အကျိုးတူ ပူးပေါင်း ဖန်တီး ထားသော အရှုပ်တော်ပုံ ဖြစ်ပါသည်။ ရိုးသားစွာ ဘာသာနှင့် လူမျိုး အပေါ် စိုးရိမ်စိတ် ရှိနေသူ များအား စာနာ၊ နား လည်ပေးနိုင်ပါသည်။ သို့သော် ပြဿနာ၏ ဇစ်မြစ်အား မရှာဖွေဘဲ ဖြစ် ပျက် နေသော ပြဿနာ အပေါ်ဘာသာ လူမျိုး ရှုထောင့် တစ်ခု တည်းမှ ပြောဆိုငြင်းခုံ နေခြင်းသည် ပြဿ နာအား ရည် ရွယ်ချက် ရှိရှိ ဖန်တီး ထားသူ များအား အားပေးရာ ရောက်နေ ပါသည်။ အမှန် တစ် ကယ် မိမိ ဘာ သာနှင့် လူမျိုး အပေါ် စိုးရိမ် သော ကရောက်နေ သူများ၊ မိမိ နိုင်ငံအား ချစ်မြတ်နိုးသူ မည် သူ မဆို ရခိုင် ပြည် နယ် ပြဿနာ၏ အတိမ် အနက်ကို နားလည်အောင် ကြိုးစားပြီး၊ ပြဿနာ ဖန် တီး နေသူ များအား ပူးပေါင်း ဖေါ်ထုတ် အရေးယူ နိုင်ရန် ကြိုးစားကြရမည် ဖြစ်ပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus