နောက်ဆုံးသတင်း/ဆောင်းပါးများ

လက်နက် ရှာဖွေသည် ဟုဆို၍ ငွေလုယက်၍ အိမ်ရှင် နှစ်ဦးကို ဖမ်းဆီးထား

RB News
15.12.2013

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဦးရှင်ကျ ကျေးရွာ အုပ်စုမှ ကျေးရွာ အုပ် ချုပ် ရေး မှူးနှင့် ယခင် ကျေးရွာ ဥက္ကဌ ဟောင်းတို့၏ နေအိမ်တွင် လက်နက် ရှာဖွေရန် ဟုဆိုကာ အာဏာ ပိုင်များ ၀င်ရောက်ပြီး ငွေလုယက်၍ အုပ်ချုပ် ရေးမှူးနှင့် ဥက္ကဌ ဟောင်းတို့ကို ဖမ်းဆီး ထားကြောင်း သတင်း ရရှိ ပါသည်။ 

ဒီဇင်ဘာလ (၁၁) ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တော မြို့နယ်၊ ဦးရှင်ကျ ကျေးရွာ အုပ်စုသို့ ရဲတပ်ဖွဲ့ ၀င်များ၊ လုံထိန်းများ၊ စစ်တပ်နှင့်ဒေသဆိုင်ရာ အာဏာပိုင် များအပါ အ၀င် ၈၀ ဦး ခန့်ပါဝင်သော ရှာဖွေရေး အဖွဲ့သည် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအမီရ် ဟာကီးမ် (ဘ) ဦးမာဒူနှင့် ယခင် ကျေးရွာ ဥက္ကဌဟောင်း ဦးမို ဟာမတ် အလီ (ဘ) ဦးမူဘာရက် အလီ တို့၏ နေအိမ် များသို့ ၀င်ရောက် ရှာဖွေ ခဲ့သည်။ နေအိမ် များသို့ လက်နက်များရှာဖွေရန်ရှိသည်ဟုအကြောင်း ပြ၍ ရှာဖွေ ခဲ့ခြင်း ဖြစ်ပြီး၊ ၎င်းတို့၏ နေအိမ် နှစ်အိမ် အတွင်းရှိ ဘီဒို များမှ ရရှိသော ငွေကျပ် သိန်း ၂၀ ကို လုယက်သည့် ပုံစံမျိုးဖြင့် သိမ်းဆည်း ခဲ့ကြောင်း ဒေ သခံ များက RB News သို့ပြောပါသည်။ 

နေအိမ် နှစ်အိမ် အတွင်း နေရာ အနှံ့ ရှာဖွေ ခဲ့သော်လည်း စွပ်စွဲသည့် အတိုင်း မည်သည့် လက်နက်မှ ရှာဖွေ တွေ့ခဲ့ခြင်း မရှိသော်လည်း ငွေကျပ် သိန်း ၂၀ ကို သိမ်းဆည်း၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအမီရ် ဟာ ကီးမ်နှင့် ဥက္ကဌဟောင်း ဦးမိုဟာမတ် အလီ တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သိရှိ ရပါသည်။ 

ဖမ်းဆီး ခံရသူ နှစ်ဦးမှာ အပြစ်မဲ့များ ဖြစ်သော်လည်း ယခု တလော ရခိုင် လွတ်မြောက်ရေး အဖွဲ့မှ လက် နက်များ သိမ်းဆည်း ရမိချိန်တွင် လူထုအား အာရုံလွဲပြောင်း နိုင်အောင် ယခုကဲ့သို့ လုပ်ကြံ၍ ဖမ်းဆီးခြင်း သာ ဖြစ်သည်ဟု ဒေသခံ များက ဆိုသည်။


Comment ရေးရန်

Rohingya Exodus