နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇွတ်မှိတ် ငြင်းနေသော မြန်မာ ဖက်ဆစ် အစိုးရနှင့် အကြမ်းဖက် သမားများ



စံထွန်း
RB News
1.2.2014

၁၃-၁-၂၀၁၄  ရက်နေ့က မောင်တောမြို့နယ် ဒုချီးရားတန်း ရွာတွင် ရဲများနှင့် ရခိုင် အကြမ်းဖက် သမားများ ပူးပေါင်း ကျူးလွန် ခဲ့သော ဓားပြတိုက်၊ မုဒိမ်းကျင့်၊လူသတ်မှုကို ဖုံးဖိရန် မြန်မာ ဖက်ဆစ် နာဇီ အစိုးရသည် လံကြုတ် ဇာတ်လမ်း အသီးသီးကို သွေးရူး သွေးတန်း ထုတ်လွှင့်နေ ကြသည်။သို့ရာတွင် သူတို့သည် လက်တွင် သွေးစွန်း နေသော အကြမ်းဖက် သမား များနှင့် ဇွတ်မှိတ် ငြင်းသူ များ ဖြစ်ကြောင်း၊မ ဟုတ် မ မှန် ဇာတ်လမ်းများ တီထွင်၍ လူမျိုးသုဉ်း သတ်ဖြတ် ခံနေရသည့် ခိုကိုးရာမဲ့ ရိုဟင်ဂျာ များကိုပင် တရားခံ များ ဖြစ်အောင် ကြံဖန် လုပ်ဆောင် သူများ ဖြစ်ကြောင်း၊အရာရာ၌ အသာစီး ရပြီး လက်နက် အားကိုးဖြင့် မိုက်ရိုင်း အနိုင်ကျင့် နေသော သူတို့ သာ အတိုက်ခံ နေရသည်ဟု အရှက် မရှိ အကျိုး အကြောင်း မဲ့စွာ ကြံ ဖန် ပြောဆို သူများ ဖြစ်ကြောင်း သမာ သမတ် ရှိသူ အားလုံး သိရှိပြီး ဖြစ်သည်။

ရခိုင် ပြည်နယ်တွင် လက်နက်ကိုင် အားလုံး၊အုပ်ချုပ်ရေး ယန္တရား အားလုံးသည် ဗုဒ္ဓ ဘာသာဝင် များ၏ လက်ထဲတွင် ရှိနေသည်။သာမာန် အရပ်သား ဗုဒ္ဓ ဘာသာ ဝင်များ လက်ထဲ တွင်ပင် လက်နက် များ ပေး အပ် ထားသည်။ ထို့အပြင် ရိုဟင်ဂျာ များအား နည်းမျိုးစုံဖြင့် ဖိနှိပ် ချုပ်ချယ် ထားသည်။ဤ အချိန်တွင် ရိုဟင်ဂျာများကဗုဒ္ဓဘာသာဝင်များကိုတိုက်ခိုက်ရန်မဆိုထားနှင့်ရိုဟင်ဂျာများ မိမိ ရွာထဲ လမ်း များ ပေါ်တွင် ထွက်လျှင်ပင် အပြစ်ပေး ခံနေ ရသည်။တစ်ရွာမှ တစ်ရွာသို့ သွားရာတွင် မကြာ ခဏ ဗုဒ္ဓ ဘာသာဝင် များ၏ တိုက်ခိုက် သတ်ဖြတ် ခြင်းကို ခံနေ ရသည်။ဤအခြေ အနေ မျိုးတွင် ဒုချီးရားတန်း ရို ဟင်ဂျာ ရွာ တွင် ရွာသား များက ဗုဒ္ဓ ဘာသာဝင် ရဲများကို တိုက်ခိုက်သည် ဆိုခြင်းမှာ အဆိုပါ ဗုဒ္ဓ ဘာသာဝင် ရဲများ၏ ရက်စက် ကြမ်းကြုတ်မှု များကို မခံနိုင် လွန်း၍ ဖြစ်သည်။ရိုဟင်ဂျာများ မိမိရွာ များတွင် ပင် အေး ချမ်း စွာ နေထိုင်၍ မရအောင် မြန်မာ နာဇီများက ယုတ်မာ ပက်စက် လျက်ရှိသည်။

မြန်မာ နာဇီ များ၏ အပြစ် များကို ထောက်မပြ လိုက်ပါနှင့်။ဘာမှ မစုံစမ်းဘဲ ချက်ချင်း ဆိုသလိုပင် မဆိုင်း မတွ ငြင်းလိုက် သည်ချည်း ဖြစ်သည်။ယခု ဒုချီးရားတန်း ကျူးလွန် မှုတွင်လည်း သေချာစွာ စုံစမ်း စစ်ဆေး မှုပင် မစတင် ရသေး။ သတင်း ပေးသည့် AP, အကြံပြု တိုက်တွန်းသည့် အမေရိကန်၊ ဗြိတိန်၊ ကုလ သမဂ္ဂ၊ INGO အဖွဲ့ အစည်း များကို ကက်ကက်လန် ရန်တွေ့ နေသည်။ ‘လူသတ် သမား’ များဖြစ်သော သူတို့ ‘မြန်မာ နာဇီ အစိုးရ’ ကိုမတိုင်ပင် ခွင့်ပြုချက် မယူဘ ကြေငြာ ချက်များ ထုတ်ရ ကောင်းလားဟု ဆိုပြီး ပြစ်တင် နေသည်။ OCHA မှBabraBabista, UNHCR မှ Roka Kodo နှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များကို ခေါ်ပြီး ရာဇ၀တ် မှုကို ဖုံးဖိရန် ကြိုးစားသည်။ ‘မြန်မာ နာဇီ အစိုးရ ၏ သွေး ရူး သွေး တန်း ထုတ်ပြန်ချက် များကို အထက်ပါ ပုဂ္ဂိုလ် များ၏ တွေ့ရှိချက် များသဖွယ် အစိုးရ မီဒီယာ များ တွင် လုံးထွေး ဖော်ပြ ကြသည်။ အမှန်က ထိုထုတ်ပြန် ချက်များသည် အထက်ပါ ပုဂ္ဂိုလ် များ၏ တွေ့ရှိချက် များ မဟုတ်၊ အထက်ပါ ပုဂ္ဂိုလ် များသည် အခင်း ဖြစ်ပွားသည့် ရွာသို့ တစ်ကြိမ် မျှ သာ ရောက် ရှိ သေး သည်။ သူတို့ သွားရောက်သည့် အခိုက် တွင်လည်း ထိုရွာ၌ သက်ရှိ သတ္တဝါ ဟူ၍ တစ် ခုမျှ မတွေ့ရှိ ခဲ့ကြောင်း၊ အခြားရွာ တစ်ရွာတွင် တွေ့ခဲ့ ရသည် ဆိုသော အဆိုပါ အခင်း ဖြစ်ပွားရာ ရွာမှ အ မျိုး သမီး များသည် လည်း ရွာထဲတွင် သေနတ်သံများ တရစပ် ကြားရ၍ အဝတ် တစ်ထည် ကိုယ် တစ် ခုဖြင့် ထွက်ပြေး လာသူ များ ဖြစ်ကြောင်း၊ ရွာထဲသို့ ဝင်ခွင့် မရကြောင်း၊ လယ်ကွင်းထဲတွင် ပုန်းနေ ရကြောင်း၊သူတို့၏ သားများ၊ ခင်ပွန်း များ၏ ကံကြမ္မာကို မသိရကြောင်း၊ တွေ့ခဲ့ ရသော ယောက်ျား များ မှာလည်း တစ်ယောက်မှ ဒုချီး ရား တန်း ရွာက မဟုတ်ကြောင်း၊ စသည် တို့ကိုသာ ထိုပုဂ္ဂိုလ်များ တွေ့ရှိ ခဲ့ ရကြောင်း လေ့လာ သိရှိ ရသည်။ 

စင်စစ် ဤပြဿနာမျိုး များကို စနစ် တကျ ဖန်တီး၍ ရိုဟင်ဂျာ များကို နိုင်ငံမှ မောင်းထုတ် နေသူ များ မှာ မြန်မာ ဖက်ဆစ် အစိုးရနှင့် ဗုဒ္ဓ ဘာသာဝင် ရခိုင် အကြမ်းဖက် သမား များသာ ဖြစ်သည်။ ရ ခိုင် ပြည်နယ် အနှံ့ ရိုဟင်ဂျာ မွတ်စလင်များ တုပ်တုပ်မျှ လှုပ်၍ မရအောင် တပ်၊ ရဲ၊လုံထိန်း စခန်းများ ခပ် စိပ် စိပ် ချထား ပြီး ရိုဟင်ဂျာ များအား စကဣန့် မလပ် နှိပ်စက် နိုင်ရန် နတလ ဆိုသော ဓားပြရွာ များကို ချထား သည်။ အဆိုပါ လက်နက်ကိုင် အထူး သဖြင့် ရဲနှင့် လုံထိန်း များသည် ၎င်းဓားပြ ရွာသားများနှင့် ပူးပေါင်းပြီး ရိုဟင် ဂျာ များ၏ ရွာများသို့ ဝင်စီးကာ အနိုင်ကျင့် လုယက် နေသည်မှာ နေ့စဉ်နှင့် အမျှဖြစ် သည်။ ရခိုင် ပြည်နယ် ရှိ ရိုဟင်ဂျာ များ၏ နိုင်ငံရေး ၊စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ၊လူ မှုရေး၊ခရီး သွားလာရေး စသည် တို့ကို စနစ် တကျ စီမံကိန်းချ လုံးဝ ပိတ်ပင် ထားပြီး ရခိုင် ပြည်နယ် အနှံ့ရှိ ရိုဟင်ဂျာ များအား ဒုက္ခသည် စခန်း များတွင် လည်းကောင်း၊မိမိတို့ ရပ်ရွာ များတွင် လည်းကောင်း အကျဉ်းသား များ သဖွယ်ထားရှိ ကာစိတ် ကြိုက်သတ်ဖြတ်လျက်၊ရိုဟင်ဂျာများ၏လူ့အခွင့် အရေး ဟူသမျှ တို့ ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက် လျက် ရှိသည်မှာ တစ်ကမ္ဘာလုံး အထင် အရှား သိပြီး ဖြစ်သည်။

မြန်မာ ဖက်ဆစ် များသည် သူတို့ လက်တွင် သွေးစွန်း နေသည် တောင်မှ ‘ခြောက်ပြစ်ကင်း သဲလဲစင်’ ပါဟု မျက်နှာ ပြောင်တိုက် ပြောနေသည်။ ‘ဘူး’ တစ်လုံးဆောင် နေသော ရဲထွဋ်၊ အေးမောင်၊ ဇော်အေးမောင်၊ ဝင်းမြိုင်၊ လှသိန်း စသော သူတို့မှာ ဆင်ခြင်တုံ တရားမဲ့စွာ ဇွတ်မှိတ် လိမ်ပြောသူ များသာ ဖြစ် သည်။သူ တို့ ပြောသကဲ့သို့ ဒုချီးရားတန်း၌ မြန်မာ ဖက်ဆစ် လက်နက်ကိုင် ရဲများနှင့် ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက် သမား များက မည်သည့် ကျူးလွန် မှုကိုမျှ မပြုလုပ် ခဲ့ပါဘူးဟု ဆိုလျှင် လွတ်လပ်သော နိုင်ငံခြား သတင်း ဌာနများနှင့် ဘက်မလိုက်သော နိုင်ငံ တကာ စုံစမ်း စစ်ဆေးရေး အဖွဲ့တို့ကို အဆိုပါ ရွာသို့ သွားရောက် ခွင့်ပြု ရမည်သာ ဖြစ်သည်။ယခုမူ သူတို့၌ ဖုံးဖိထား စရာ ရာဇ၀တ် မှုများ ရှိနေ၍သာ ထိုရိုးရှင်းသော အချက်ကိုလက်မခံခြင်းဖြစ်သည်။မည်သို့ပင်ဖြစ်စေဒုချီးရားတန်းရွာကဖြစ်ရပ်မှန်သည် မကြာ မီ  ပေါ်ပေါက် လာမည် ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus