နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် အခြေအနေ စိုးရိမ်ရ

RB News
1.2.2014

ဘူးသီးတောင် ။ ။ ရခိုင် ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ဆိုင်များ ပိတ်ထား ခဲ့ရပြီး၊ စိုးရိမ် ရမည့် အခြေ အနေတွင် ရှိနေကြောင်း သတင်း ရရှိ ပါသည်။ 

ဘူးသီးတောင် မြို့နယ်တွင် ရခိုင် လူမျိုးများက ကုလ သမဂ္ဂနှင့် အန်ဂျီအို များကို ဆန္ဒပြရန် စီစဉ် ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် စစ်တွေမြို့မှ သံဃာတော်များ အမြန် ရေယာဉ်ဖြင့် ရောက်ရှိ လာပြီးနောက် ဘူးသီးတောင် မြို့ရှိ ဆိုင်များ အားလုံးကို ပိတ်ခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဆန္ဒပြခွင့်ကို အာဏာပိုင်များက ခွင့်ပြုမိန့် မပေးခဲ့ သော်လည်း လမ်းများ ပေါ်တွင် သွားလာမှု ရှုပ်ထွေး လျက် ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာ များမှာ မိမိတို့၏ နေအိမ်များ အတွင်းက အပြင် ထွက်ရန်ပင် ခက်ခဲ လျက်ရှိ သည်။ ဒေသခံ များက ညပိုင်းတွင် အခြေ အနေ တင်းမာ လာမည်ကို စိုးရိမ်လျက် ရှိကြောင်း သိရှိ ရပါ သည်။


Comment ရေးရန်

Rohingya Exodus