နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ၊ အောင်မင်္ဂလာရှိ ရဲများမှ ပြဿနာ ဖြစ်ပွားရန် ဖန်တီးလျက်ရှိ

ဦးမိုဟာမတ် ရှဖီး၏ နေအိမ် တံခါး (ဓါတ်ပုံ - ကျော်စွာဝင်း / RB News)
မှန်ကွဲစများ (ဓါတ်ပုံ - ကျော်စွာဝင်း / RB News)

ကျော်စွာဝင်း
RB News
30.1.2014

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်ရှိ လုံခြုံရေး ရဲများက ရိုဟင်ဂျာ များ၏ အိမ်များကို ခဲများ ပစ်ပေါက်၍ နှစ်ဘက် အသိုင်း အ၀ိုင်း များကြား မလိုလား အပ်သည့် ပြဿနာများ ဖန်တီးရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ ည ၉ နာရီ ၄၅ မိနစ် အချိန်တွင် စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်၊ မင်းဘာကြီး လမ်းရှိ ဦးမိုဟာမတ် ရှဖီး၏ နေအိမ်နှင့် ၎င်း၏ နောက်ဘက်ရှိ အိမ်များကို ခဲများဖြင့် ပေါက်ခဲ့သဖြင့် ဦးမိုဟာမတ် ရှဖီး၏ နေအိမ်မှ တံခါးမှန် ကွဲသွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဦးမိုဟာမတ် ရှဖီး၏ နေအိမ်သည် အောင်မင်္ဂလာ ရပ်ကွက်ရှိ ရဲကင်း စခန်း၏ ကိုက် ၁၀၀ ခန့် အကွာတွင် ရှိပြီး၊ ခဲပေါက်ခြင်းကို အပြင်မှ လာရောက်၍ ပေါက်ခြင်း မဟုတ်ဘဲ၊ ရဲများကိုယ်တိုင် ပေါက်၍ နှစ်ဘက် အသိုင်း အ၀ိုင်းကြား နားလည်မှု လွှဲမှား၍ မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပွားရန် ဖန်တီးခြင်း သာ ဖြစ်သည်ဟု ဒေသခံ များက သုံးသပ် ပြောဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus