နောက်ဆုံးသတင်း/ဆောင်းပါးများ

လေးနှစ် အရွယ် ကလေးကို စစ်သားများက လူမဆန်စွာ ရိုက်နှက်

လူမဆန်စွာ ရိုက်နှက် ခံရသည့် ၄ နှစ်အရွယ် ကလေးငယ် (ဓါတ်ပုံ - MYARF/RB News)

MYARF
RB News
25.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာမှ ၄ နှစ်အရွယ် မိန်းကလေး တစ်ဦးနှင့် မိသားစု ၀င်များကို စစ်သား များက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။ 

ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် မောင်တော မြို့နယ် အာဏာပိုင် များက ဒုချီရာတန်း ရွာမှ တိမ်းရှောင် နေ သည့် ရွာသား အချို့ကို ဒုချီရာတန်းသို့ ပြန်ရန် အတင်း အဓမ္မ စီစဉ် ခဲ့သည်။ ဦးအဘူ ဘရှာရ်၏ ဇ နီး ဒေါ်ဆဂျီဒါနှင့် ကလေး ၃ ဦးကိုလည်း ပြန်လည် ခေါ်သွား ခဲ့ရာ၊ ဒေါ်ဆဂျီဒါမှ ဒုချီရာတန်း ရွာတွင် မနေ ချင် တော့သဖြင့် ကလေး ၃ ဦးကို ခေါ်၍ နေ့လည် ၃ နာရီ အချိန်တွင် ဂေါ်ဒူသာရ အနောက် ရွာသို့ ထွက် ခွာ လာခဲ့သည်။

ဂေါ်ဒူသာရ အနောက် ရွာသို့ အသွား လမ်းတွင် စစ်သား များက ဖမ်းဆီးပြီး မိသားစု ၀င်အားလုံးကို ရိုက်နှက် ခဲ့ရာ၊ ၄ နှစ် အရွယ်ကီစ်မာတာရာ ကိုလည်း လူမဆန်စွာ သွားများ ကျိုးသည့် အထိ ၎င်းတို့ ကိုင်ဆောင် ထားသည့် သေနတ် များဖြင့် ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြော ပါ သည်။ 

ဒေသခံ များက လွန်ခဲ့သည့် ဇန်န၀ါရီလ ၁၃ ရက်နေ့မှစ၍ ဒုချီရာတန်း ရွာတွင် လူပေါင်း များစွာကို လုံ ခြုံရေး တပ်ဖွဲ့ဝင် များနှင့် ရခိုင် အစွန်းရောက် များက သတ်ဖြတ် ခဲ့ပြီး၊ သတ်ဖြတ် ခံရသူ များအတွက် တ ရား စီရင်မှု မရှိ သောကြောင့်၊ ယခု လူမဆန်စွာ ရိုက်နှက် ခံရသည့် ကလေးငယ်နှင့် မိသားစု ၀င်များ အ တွက်လည်း တရား စီရင်မှု ရှိမည် မဟုတ်ဟု ပြောပါသည်။

Comment ရေးရန်

Rohingya Exodus