နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆင်တက်မှော် ဒုက္ခသည် စခန်း မီးလောင်

အပုချေ (မာန်အောင်ကျွန်း)
RB News
16.1.2014

ပေါက်တော ။ ။ ရခိုင် ပြည်နယ်၊ ပေါက်တော မြို့နယ်ရှိ ဆင်တက်မှော် ဒုက္ခသည် စခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆောင် ၃၀ ကျော်မှ အခန်း ၂၄၀ ကျော် မီးလောင် သွားကြောင်း သတင်း ရရှိ ပါသည်။ 

ယနေ့ နံနက် လင်းအားကြီး ၁၂ နာရီကျော် ခန့်တွင် ပေါက်တော မြို့နယ်၊ ဆင်တက်မှော် ဒုက္ခသည် စခန်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အဆောင် ၃၁ ဆောင်မှ အခန်း ၂၄၈ ခန်း မီးလောင် သွားကြောင်း သိရှိ ရပါသည်။ မီးလောင်မှုမှာ မီးဖွား ထားသည့် ဒေါ်ဟူဆောင်န် ဘာနူး (အသက် ၃၂ နှစ်) ကြောင့်ဖြစ်ပွား ခဲ့သည်ဟု သိရှိ ရပါသည်။ ဒေါ်ဟူဆောင်န် ဘာနူးနှင့် ခင်ပွန်း ဖြစ်သူ ဦးဟာနီဘား (အသက် ၃၂ နှစ်) တို့ကို ဖမ်းဆီး သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

မီးလောင်သွားသည့် အဆောင် များတွင် မြေပုံမြို့နယ်မှ ဒုက္ခသည်များ နေထိုင်ခဲ့ခြင်း ဖြစ်ပြီး၊ ယခု အခါ မီးလောင်မှုကြောင့် နေရာမဲ့ ဖြစ်ကာ ကွင်းပြင် များတွင် နေထိုင် နေကြ ရသည်။







Comment ရေးရန်

Rohingya Exodus