နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရာတန်းသို့ သံတမန်များ သွားမည်

RB News
28.1.2014

မောင်တော ။ ။ ဇန်န၀ါရီလ (၁၃) ရက်နေ့ ညပိုင်းမှ စ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရသည့် ရိုဟင်ဂျာ များနေထိုင်ရာ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်းသို့ သံတမန်များ အဖွဲ့ သွားရောက် လေ့လာမည်ဟု သတင်း ရရှိ ပါသည်။ 

ဒုချီရာတန်းမှ ရိုဟင်ဂျာ ရွာသူ ရွာသား များကို ဇန်န၀ါရီလ ၁၃ ရက်နေ့ ညပိုင်းမှ စ၍ အစုလိုက် အပြုံလိုက် သတ်ဖြတ် ပြီးနောက် နိုင်ငံတကာ၊ ကုလ သမဂ္ဂ တို့၏ ရှုတ်ချမှုကို ခံရသည့် ပြည်ထောင်စု အစိုးရမှ ဥရောပ သံတမန်များ အဖွဲ့ကို ဒုချီရာတန်းသို့ ဇန်န၀ါရီ ၃၀ ရက်နေ့တွင် သွားရောက် လေ့လာ ခွင့်ပြုမည်ဟု သိရှိ ရပါသည်။ 

အစုလိုက် အပြုံလိုက် သတ်ဖြတ် လိုက်သည့် အလောင်း များကို ကုန်တင်ကား များဖြင့် သယ်ဆောင်၍ ယူဆောင် သွားပြီ ဖြစ်သော်လည်း ကျန်နေသည့် သက်သေ အထောက် အထား များကို ဖျောက်ရန် အတွက် လုံထိန်းရဲ များနှင့် ရခိုင် အစွန်းရောက် များပူးပေါင်း၍ ဒုချီရာတန်း အနောက်ရွာကို ယနေ့ ည ၈ နာရီခွဲ ခန့်မီးရှို့ ခဲ့ကြသည်။ မီးရှို့မှုကြောင့် အိမ်ခြေ ၆၀ ခန့် ပြာကျ သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဇန်န၀ါရီ ၃၀ ရက်နေ့တွင် လာရောက် လေ့လာမည့် ဥရောပ သံတမန် များနှင့် တွေ့ဆုံရန် ဒုချီရာတန်း ကျေးရွာ အုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာ အုပ်စု (၈) စုမှ အုပ်ချုပ် ရေးမှူး များနှင့် တစ်အုပ်စု စီမှ ရပ်မိရပ်ဖ (၂) ဦးစီကို ဖိတ်ကြား ထားကြောင်း သိရှိ ရပါသည်။

တွေ့ဆုံပွဲသို့ တက်ရောက် မည့်သူ များမှာ အာဏာပိုင် များသင်ကြား ပေးထား သည့်အတိုင်း ပြောဆို ရမည် ဖြစ်ပြီး၊ ဒေသခံ များက နိုင်ငံတကာ စုံစမ်းရေး အဖွဲ့ကို လွတ်လပ်စွာ လာရောက် စုံစမ်းခွင့် ပေးမှသာ အစုလိုက် အပြုံလိုက် သတ်ခံရသည့် လူဦးရေ စာရင်း၊ အလောင်းများ မြှပ်ထားသည့် နေရာ များကို ဖော်ထုတ် နိုင်မည်ဟု ယုံကြည်ကြောင်း RB News သို့ ပြောပါသည်။ 


Comment ရေးရန်

Rohingya Exodus