နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ မွတ်စလင် အစည်းအရုံး၏ သဘောထား ထုတ်ပြန်ချက်



မောင်တော အစုအပြုံလိုက် လူသတ်မှုနဲ့ ပတ်သတ်၍ မြန်မာ မွတ်စလင် အစည်း အရုံး၏ သဘောထား ထုတ်ပြန်ချက်

၂၀၁၄ ခုနှစ် ဇန္န၀ါရီလ ဒုတိယပတ် အတွင်း ရခိုင် ပြည်နယ် မြောက်ပိုင်း ဒုချီရာတန်း ကျေးရွာတွင် ရိုဟင်ဂျာ များအပေါ် အကြမ်းဖက် လူသတ်မှုကြီး ထပ်မံ ဖြစ်ပွား ခဲ့သည့် အတွက် မြန်မာ မွတ်စလင် အစည်းအရုံးမှ လွန်စွာပင် စိုးရိမ် မကင်း ဖြစ်ရ ပါသည်။ ဒေသခံ များမှ တဆင့် ရရှိသော သတင်းများ အရ ရိုဟင်ဂျာ ပြည်သူ များ၏ အသက် အန္တရာယ်မှာ အင်မတန်မှ စိုးရိမ် ဖွယ်ရာ များဖြင့် ကြုံတွေ့ နေသည်ဟု သုံးသပ်ရ ပါသည်။ 

ယင်းအကြမ်းဖက် မှုကြီးမှာ ၂၀၁၂ ခုနှစ် အတွင်း ရိုဟင်ဂျာ များအား လူမျိုးတုန်း သန့်စင်ရေး အခြေ အနေသို့ တွန်းပို့ ပေးခဲ့သည့် ဖြစ်ရပ် ကဲ့သို့ပင် ရဲအရာရှိ တစ်ဦးအား ရိုဟင်ဂျာများ သတ်ဖြတ် ရာမှ စတင် ခဲ့သည်ဟု မြန်မာ အစိုးရမှ တုန့်ပြန် စွပ်စွဲကာ ဖြစ်ရပ် မှန်အား ဖုံးကွယ်ရန် ကြိုးပမ်း နေသည် ကိုလည်း သတိပြု မိပါသည်။ 

ကုလ သမဂ္ဂ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်း ကြီးရုံးမှ ဒုချီရာတန်း အကြမ်းဖက် မှုတွင် အမျိုး သမီး များနှင့် ကလေး သူငယ်များ အပါ အဝင် ရိုဟင်ဂျာ ၄၀ ကျော် အသတ်ခံ ရသည်ဟု ထုတ်ဖော် ပြောဆို နေသော်လည်း မြန်မာ အစိုးရမှာ ဖုံးကွယ် နေဆဲ ဖြစ်သည်။ 

ဒီဇင်ဘာလ ၂၀၁၃ ခုနှစ်တွင် မောင်တော မြို့နယ် အတွင်း ၉၆၉ ဘာသာရေး အစွန်းရောက် ဘုန်းကြီး များ၏ သွေးထိုး လှုပ်ဆော်မှု လုပ်ငန်း စဉ်အား အစိုးရ အာဏာပိုင် များမှ တရားဝင် ခွင့်ပြု ခဲ့ပါသည်။ လူမျိုးရေး- ဘာသာရေး တင်းမာ နေသည့် နေရာ ဒေသ အတွင်း ယင်းကဲ့သို့သော လူမျိုးရေး အစွန်း ရောက်သည့် သွေးထိုး လှုပ်ဆော် မှုများ ပြုလုပ် ခွင့်ပြု ခဲ့ခြင်းကို ပြန်လည် သုံးသပ် ကြည့်လျင် အစိုးရ အာဏာပိုင် များ၏ လုပ်ရပ်မှာ သံသယ ရှိဖွယ်ရာ ဖြစ်ပါသည်။

ဒုချီရာတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုအား စုံစမ်း စစ်ဆေး ပေးရန် အမေရိကန်နှင့် အင်္ဂလန် အစိုးရ တို့၏ ပူးတွဲ ထုတ်ပြန် ကြေညာ ချက်အား မြန်မာ မွတ်စလင် အစည်း အရုံးမှ ကြိုဆို ပါသည်။ သို့သော်လည်း ရိုဟင်ဂျာ များအား တဖက်သတ် ဖိနှိပ် နေသည့် မြန်မာ အစိုးရ၏ စုံစမ်း စစ်ဆေးရေး ရလဒ် မှာလည်း အဖြေ ရှိရာသို့ ဦးတည် နေမည် မဟုတ်ပေ။ 

မြန်မာ နိုင်ငံတော် အစိုးရမှ ပြည်တွင်း တရား ဥပဒေ စိုးမိုးမှု ရှိစေရန်နှင့် အပြစ်မဲ့ ပြည်သူ များ၏ အသက် အိုးအိမ် စည်းစိမ်း များအား အကာ အကွယ် ပေးရန် အကြိမ်ကြိမ် ပျက်ကွက် ခဲ့ကြောင်း ဒုချီရာတန်း ဖြစ်ရပ်အား သက်သေ အဖြစ် မြင်တွေ့ ရပါသည်။ ထို့ကြောင့် ယင်းသို့ စုံစမ်း စစ်ဆေးမှုများ ပြုလုပ် ရာတွင် ယုံကြည့် စိတ်ချ ရသည့် အပြည်ပြည် ဆိုင်ရာ အဖွဲ့ အစည်း များမှ တိုက်ရိုက် ကိုင်တွယ် ဆောင်ရွက် သင့်သည်ဟု ယုံကြည် ပါသည်။ 

၂၀၁၂ တွင် ရိုဟင်ဂျာ များအား လူမျိုးတုန်း သုတ်သင် ရှင်းလင်း မှုကြီး စတင် ပြုလုပ် ခဲ့ချိန် မှ၍ ၎င်းတို့၏ အခြေနေမှာ ပိုမို ဆိုးရွား လာပါသည်။ ရိုဟင်ဂျာ ပြည်သူများ အပေါ် ပိတ်ပင် တားမြစ်မှုများ၊ ညင်းပန်း နှိပ်စက် မှုများနှင့် ဖိနှိပ် ချုပ်ချယ်ခြင်း များလည်း ပိုမို ကျယ်ပြန့်စွာ လုပ်ဆောင် လာပါသည်။

ဤကဲ့သို့သော အကြမ်းဖက် မှုများအား မြန်မာ အစိုးရမှ ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းခြင်း မပြုနိုင် ခဲ့သောကြောင့် ဘာသာရေး အသွင်ဆောင် အကြမ်းမှု ကြီးမှာ မြန်မာနိုင်ငံ အနှံ့သို့ လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံ များသို့ လည်းကောင်း၊ အရှေ့တောင် အာရှ နိုင်ငံ များသို့ လည်းကောင်း ပျံ့နှံ့ ကူးစက် သွားခဲ့သည် ကိုလည်း တွေ့မြင် ခဲ့ရပြီး ဖြစ်ပါသည်။ 

ထို့ကြောင့် ကမ္ဘာ့ ကုလ သမဂ္ဂနှင့် အပြည်ပြည် ဆိုင်ရာ အသိုင်း အဝိုင်းကြီး နေဖြင့် ရိုဟင်ဂျာများ အပါ အဝင် မြန်မာနိုင်ငံ အတွင်း နေထိုင် ကြသည့် လူနည်းစု အစ္စလာမ် ဘာသာဝင် များ၏ အသက် အန္တရာယ်အား အကာ အကွယ် ပြုပေးရန်၊ နှင့် အခြားသော လူမျိုးစုများ နည်းတူ လူ့အခွင့် အရေး အာမခံချက် ရရှိ စေရန် လက်တွေ့ကျကျ ကိုင်တွယ် ဆောင်ရွက် ပေးရန် လိုအပ် ပါသည်။  

မြန်မာ မွတ်စလင် အစည်းအရုံး 
ဇန္နဝါရီ ၂၈၊ ၂၀၁၄

Media Contact; -

ကိုကျော်စွာ +44 782 842 6801 (UK) kyawzwa@b-m-a.org; ကိုမျိုးဝင်း 0950 70304 (မြန်မာ) starmywin@gmail.com; ကိုကျော်ဝင်း +44-740-345-2378 (UK) kyawwin78@gmail.com; ဒေါ်မော်လီ +1 416 516 7383 Canada law4women@gmail.com; Ma Yasmin +1 408 250 6227(USA) yasnohana@sbcglobal.net;

Comment ရေးရန်

Rohingya Exodus