နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဂလီများကို ကိုယ်တိုင်မွေးနေတဲ့ အစိုးရ

ဌေးလွင်ဦး
RB News
31.1.2014

ဦးသိန်းစိန် ဦးဆောင်တဲ့ အာဏာရ အစိုးရဟာ- ပြုပြင် ပြောင်းလဲရေး လုပ်ပါမယ်၊ ဒီမိုကရေစီ စနစ်ကို ချီတက် ပါမယ်လို့ ငယ်သံ ပါအောင် အော်ပြ နေပြီး- တစ်ကယ့် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးဘို့ အတွက် ဥပဒေ ပြုပြင်ပြောင်းလဲရေးမှာကို အသေအလဲ ခုခံကာကွယ်နေတာကို မြန်မာ တစ်နိုင် ငံ လုံး မြင်တွေ့ နေရ ပါတယ်။ 

အလားတူပဲ လူ့ အခွင့် အရေး ဆိုတဲ့ ခေါင်းစဉ်၊ ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံး များကို ပါးစပ် ပျားရည်သုတ် မျှသာ ပြောဆို နေပြီး လက်တွေ့မှာ ဓားပြ အခွင့် အရေး၊ မုဒိန်း အခွင့် အရေး၊ အဖျက် မီးရှို့ အခွင့် အရေး၊ လူမျိုးတုံး သတ်ဖြတ်မှု အခွင့် အရေး၊ အမုန်း တရား ဖြန့်ချီမှု အခွင့် အရေး စတဲ့ တောရိုင်း တိရိစ္ဆာန် ၀ါဒ အခွင့် အရေးများ ကိုသာ တိုးတက် ဖွံ့ဖြိုး စေဘို့ မြေသြဇာ ထည့်ပေး နေပြီး- လူပီသတဲ့ လူ့အခွင့် အရေး ယဉ်ကျေး သိမ်မွေ့တဲ့ လူ့အခွင့် အရေး၊ မြို့ပြ စနစ် ထူထောင် နိုင်တဲ့ လူ့အခွင့် အရေး- တရား မျှတ အေးချမ်း သာယာတဲ့ လူ့အခွင့် အရေး တွေကို အကြီး အကျယ် နှိပ်ကွပ် နေပါ တော့တယ်။

ပြည်တွင်းစစ် ငြိမ်းချမ်းရေး ဆိုတဲ့ ခေါင်းစဉ်ကို ဆိုင်းဘုတ် လှလှ ချိတ်- အပြော ချိုချို ပြောနေ ပေမယ့်- လက်တွေ့ မှာ ထိုင်းမြန်မာ နယ်စပ်၊ တရုတ် မြန်မာ နယ်စပ် တစ်လျှောက် နေ့စဉ် ရက်ဆက် ထိုးစစ် များ သာ ခင်းကျင်း နေပါတယ်။ ဘာဆိုဘာမှ အရှက် သိက္ခာ မရှိလောက်အောင် ဗြောင်လိမ် ဗြောင်ငြင်း ရဲတဲ့ သတ္တိ ကလည်း မနည်းလှပါ။ ဟုတ်ဟုတ် မဟုတ်ဟုတ် ပုံမှန် လိမ်ပေး၊ အမှန် အမှား ၀င်မပြောနဲ့ ငါပြောတဲ့ အတိုင်းသာ ကော်ပီ ကူးပြီး ဖြန့်နေ ပုံမှန်လစာ ရနေမယ်-ဆိုတဲ့ လစာစား အငှား လူလိမ် တစ်သိုက် ကလည်း သူ့လစာ မပြုတ်ရေး အတွက် အလိမ် တရား များကိုသာ ကော်ပီကူး ပုံမှန် ဖြန့်ချီ နေရ ပါတော့ တယ်။ ကြေးစား လူလိမ် များရဲ့ တာဝန်က စာပို့ လုလင်လို ဖြစ်နေပြီး- အထည်မှာ ဘာစာ ပါပါ- ငါ့တာ ၀န်က ဒီစာကို အရောက်ပို့ ဘို့သာ ဖြစ်တယ်လို့ ခံစားနေပုံ ရပါတယ်။

အကြီးမားဆုံး လိမ်လည်မှုက- တိုင်းပြည်ကို ဘင်္ဂလီ လက်ထဲ ရောင်းစား ထားပြီး လူထုကို ဘာသာရေးမှိုင်း အတင်း တိုက်ထားခြင်း ပါပဲ။ နေ့စဉ် ရက်ဆက် ၀င်လာမစဲ တစ်သဲသဲ ဖြစ်နေတဲ့ ဘင်္ဂလီ များကို ၀မ်းသာ အဲလဲ ကြိုဆို နေကာ- ဒေသခံ တိုင်းရင်းသား ရိုဟင်ဂျာ များရဲ့ အိမ်မြေ များအား အတင်းသိမ်း ဘင်္ဂလီများ လက်ထဲ လက်ဆောင် အဖြစ် ထည့်အပ် နေခြင်းကို ပြည်သူများ မမြင်နိုင် စေရေး အတွက် ပြည်သူ လူထု တစ်ရပ်လုံးကို ဘာသာရေး မှိုင်းတိုက် အမျိုးသားရေး ၀ါဒကို အတင်း ဟောပြော စည်းရုံး နေ ပါ တော့ တယ်။ နှစ်ပေါင်း ၆၀ လောက် ပညာလက်မဲ့ ဖြစ်ခဲ့ ရတဲ့ လူထုကြီးမှာ- ရိုဟင်ဂျာ ဆိုတာ ခဏထား လူ လူချင်းပင် ကိုယ်ချင်း မစာနာ တတ်အောင် ဖြစ်နေ ရရှာ ပါတော့တယ်။

အဲ့ဒီ အနောက်သား ဘင်္ဂလီများ ကောင်းကျိုး ပေးခဲ့လို့ မြန်မာ တစ်ပြည် လုံးလည်း ထီးနန်း ပျောက်ခဲ့ ရတယ်- ဒီသမိုင်း တွေကို မြန်မာ ပြည်သူတွေ တစ်ကယ် မသိတာလား- မသိ ဟန်ဆောင် နေတာလား- အာဏာရ ဘင်္ဂလီ မွေးအစိုးရ ကပဲ အတင်းမှိုင်း တိုက်ထား တာလား- မပြောတတ် တော့ပါ။ မြန်မာ နိုင်ငံကို ကိုလိုနီ ဘ၀က လွတ်မြောက်အောင် ကြိုးပမ်းမှု မှာလည်း အနောက်သား ဘင်္ဂလီများ လုံးဝ မပါဝင်ခဲ့ပါ။ ဒါ့ပြင် လွတ်လပ်ရေး ယူစဉ်မှာ မြန်မာက တစ်ကယ်ပိုင် ခဲ့တဲ့ ရာမူး- ပန်းဝါ ဒေသထိ နယ်မြေကို ဘင်္ဂလား လက်ထဲ ထိုးအပ်ဘို့ အကွက်ချ စီစဉ် ပေးခဲ့တယ်။ အဲ့ဒီ အမှုကို ရိုဟင်ဂျာများ ကျူးလွန် ခဲ့ခြင်း မဟုတ် ပါ။ နိုင်ငံအပေါ် အဲ့ဒီလောက် ကျေးဇူး ကြီးမားတဲ့ အနောက်သား ဘင်္ဂလီ များသာ လက်ရှိ အာဏာရ ဖက် ဆစ် အစိုးရက ထပ်ဆင့် မွေးမြူ နေခြင်းဟာ တိုင်းပြည် အပေါ် အမှန် တစ်ကယ် သစ္စာရှိ ပါသလား တိုင်းပြည် လူထု စဉ်းစားဘို့ သင့်လှပြီ။

အနောက်သား ဘင်္ဂလီ များက မြန်မာ နိုင်ငံ ထဲကို ၀င်လာပြီး သူတို့ ကိုယ်သူတို့ မြန်မာ နိုင်ငံသား အဖြစ် လှိုက်လှိုက် လှဲလှဲ ခံယူတယ် ဆိုရင်လည်း ပြောစရာက မဟုတ်သေးပါ။ ရောက်ရာ အရပ်မှာ ဘင်္ဂလားဒေ့ရှ် ဘုန်းကြီး ကျောင်းများ အောင်လံထူ အောင်မြေ စိုက်နေခြင်း များအား မြန်မာ နိုင်ငံ သားများ မမြင် တတ် ကောင်းလားလို့ စိတ်ပင်ပန်း စရာ ဖြစ်နေ ပါတယ်။ လက်ရှိ မြန်မာ နိုင်ငံ အတွင်း ဘင်္ဂလား ဘုန်း ကြီးကျောင်း များမှာ ထိုင်းနယ်စပ် မြ၀တီထိ ရှိနေ လေပြီ။ ရိုးရိုး အေးအေး သာသနာ ပြုတယ် ဆိုရင် လည်း ကြားနာဘို့ ကောင်းလှ ပါသေးတယ်။ အခုတော့ မြန်မာ့ ဓလေ့ မြန်မာ့ စရိုက် အေးချမ်း လှတဲ့ ဗုဒ္ဓဒေ သနာတော် ကိုလည်း ဖျက်ဆီးလိုက် လေပြီ။ အဲ့ဒီ အစိုးရ မွေး ဘင်္ဂလီ ဘုန်းကြီး များရဲ့ ပယော ဂကြောင့် နိုင်ငံ တကာမှာ မြန်မာ ဗုဒ္ဓဘာသာ ဆိုတာ အကြမ်းဖက်၊ မာဖီးယား စတဲ့ ဘွဲ့တွေလည်း မကြား ချင် မမြင်ချင် အဆုံး ဖြစ်နေ ပါပြီ။

ဒီထက် ပိုဆိုးတာက တိုင်းရင်းသား လက်နက်ကိုင် တွေကို ဖျက်သိမ်းပြီး ပြည်တွင်းစစ် ကင်းငြိမ်းက စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဒီမိုကရေစီကို ချီတက် မယ်လို့ ဆိုင်းဘုတ်တင် ထားတဲ့ အစိုးရက လက်နက်ကိုင် အင်အား မရှိခဲ့တဲ့ ဘင်္ဂလားသား များကို လက်နက် ကိုင်တပ် ပေါ်လာ စေဘို့ ပထွေး ကြက်ဥ တိုက်ခဲ့ ခြင်းပါ။ ကချင် ဘက်မှာ အင်းအား တစ်ရပ် အဖြစ် အင်အားထွား လာတဲ့ ရခိုင်တပ် (ဘင်္ဂ လား သားတပ်) ဆိုတာ ဦးသိန်းစိန် အစိုးရ တက်ပြီးမှ ပူပူနွေးနွေး ဖြစ်ပေါ် လာတဲ့ တပ်အဖြစ် ကမ္ဘာ က သိနေ ပါတယ်။ အခြား အခြားသော တိုင်းရင်းသား များရဲ့ လက်နက်ကိုင် တွေကို ဖျက်သိမ်းဘို့ အတင်း အဓမ္မကြိုးပမ်းနေတဲ့ အစိုးရက ဘင်္ဂလားသားတွေကိုမှ လက်နက်ကိုင် အင်အားထွား လာအောင် နောက် ကွယ်က ဖန်တီး ပေးလိုက်ခြင်းဟာ အလွန် တရာ စဉ်းစား ရမယ့် အချက် ဖြစ်နေ ပါတယ်။

ဒီထက်မက- ဘင်္ဂလားသား လက်နက်ကိုင် သောင်းကျန်းသူ တွေကို သူတို့ ဘယ်တုံး ကမှ လက်နက် ကိုင်ပြီး ခြေမချ ခဲ့ဘူးတဲ့ ရခိုင်နယ် ထဲမှာ ခြေချနိုင်ဘို့ လမ်းကြောင်းတွေ အကြီး အကျယ် ဖွင့်ပေး နေ ပါ တော့တယ်။ ဘင်္ဂလား နိုင်ငံဘက် အခြမ်းက ထောက်ပံ့မှုနဲ့ မြန်မာ နိုင်ငံကို တော်လှန်ဘို့ သူပုန် ပေါ် လာတာ ဆိုလည်း အံ့သြ စရာ မဟုတ်လောက် သေးပါ။ သို့သော် မြန်မာ ပြည်က ခွဲထွက် ဘို့ သောင်း ကျန်းသူ ဘင်္ဂလီ များကို လက်ရှိ မြန်မာ အစိုးရ ကိုယ်တိုင်က မွေးမြူ နေခြင်း မှာသာ အံ့သြ ဘွယ် ကောင်း ဘို့ အချက် ဖြစ်ပေ တော့တယ်။ အနောက်သား ဘင်္ဂလီ ခွဲထွက်ရေး သောင်းကျန်းသူ များကို ဘင်္ဂလား ကိုယ်တိုင်က နှစ်နိုင်ငံ ပဋိပက္ခ အဖြစ် မခံနိုင်လို့ လက်မခံခဲ့ တာကြောင့် ရခိုင်မြေနဲ့ ဝေးလံတဲ့ တရုတ် မြန် မာ နယ်စပ်၊ ထိုင်းမြန်မာ နယ်စပ် ဘက်မှာ အခြားသော တိုင်းရင်းသား လက်နက်ကိုင် များထံ ကပ်ပါး စနစ်နဲ့ ခိုအောင်းနေ ရသူများက မြန်မာ ပြည်မကို ဖြတ်ကျော်ပြီး မြန်မာ အချုပ် အခြာပိုင် ထဲက ရခိုင် ဒေ သမှာ နေရာချ ထားပေးဘို့ စဉ်းစား နေတဲ့ အစိုးရ တစ်ရပ်ကို တိုင်းပြည် ချစ်တဲ့ အစိုးရ တစ်ရပ်လို့ ဘယ်လို အင်အားနဲ့ သတ်မှတ်နိုင် ပါ့မလဲ--။ တစ်ကယ်တော့ သူတို့ ကိုယ်တိုင်က ဘင်္ဂလီ အစစ် များ အား ထောက် ပံ့ နေခြင်းမှာ သေချာလွန်း လှပါ တော့တယ်။

ဘင်္ဂလီ အစစ် များအား အစိုးရ ကိုယ်တိုင် လက်သပ် မွေးပြီး- တိုင်းရင်းသား အစစ် ဖြစ်တဲ့ ရိုဟင်ဂျာ များအား ပြောင်းပြန် ဘင်္ဂလီ တံဆိပ်တပ် နေခြင်း မှာလည်း နိုင်ငံတော်အား သစ္စာ ဖေါက်မှု အကြီးစား တစ်ရပ် ဖြစ်နေ ပါတယ်။ ရိုဟင်ဂျာနဲ့ အနောက်သား ဘင်္ဂလီများ ဘယ်သူ တွေက ဘင်္ဂလီ အစစ် ဖြစ်သလဲ- ဘင်္ဂလား နိုင်ငံကို ပြန်ပို့ ကြည့်ပါ။ ဘင်္ဂလား အစိုးရက သူ့လူကို သူလက်ခံတဲ့ အခါ- အနောက်သား ဘင်္ဂလီ များကိုသာ လက်ခံကြောင်း ထင်ရှား သိမြင်ရ ပါလိမ့်မယ်။ အနောက်သား ဘင်္ဂလီ များဟာ ဘင်္ဂလားပြည် ထဲမှာ အိုးရှိတယ်၊ အိမ်ရှိတယ်၊ လယ်မြေ ရှိသည် စီးပွား ရှိတယ်၊ မျိုးစဉ် မျိုးဆက် အသိုင်း အ၀ိုင်း ရှိတယ်။ သူ့ဒေသ နဲ့သူ အချုပ် အခြာ အာဏာ ရှိ တယ်။ ရိုဟင်ဂျာ များမှာတော့- သမိုင်း စဉ်ဆက် ဘင်္ဂလား နယ် ထဲမှာ နေထိုင် ခွင့်ကို မရှိခဲ့ပါ။ ဒါတွေကို မြန်မာ နိုင်ငံ သားတွေ မျက်လုံး ရှိရှိနဲ့ ကြည့်တတ် စေဘို့ လိုပါ မယ်။

အနောက်သား ဘင်္ဂလီ များကြောင့် မူလဘူတ ဒေသခံ ရခိုင် လူမျိုး များလည်း နေရထိုင်ရ ကျပ်တည်း လာပါတယ်။ အာဏာရှင် အစိုးရနဲ့ သူတို့ရဲ့ လက်သပ်မွေး လူဆိုး လူမိုက် ဘင်္ဂလားသား များကို အခု အချိန်မှာ ဒေသခံ မိရိုးဖလာ ရခိုင်များ တွန်းလှန်ဘို့ ခက်ခဲ နေပေမယ့်- တစ်အုံနွေးနွေး စိတ်တွေ ဖြစ်ပေါ် လာပါပြီ။ ဘင်္ဂလား ဘင်္ဂလီ များရဲ့ ဗိုလ်ကျ စိုးမိုးမှု များက ရိုဟင်ဂျာများ သာမက ဒေသခံ ရခိုင် များလည်း အလူး အလဲ ခံနေရ ရှာပါတယ်။ ပြည်မက ဗမာ များနဲ့ တစ်နေ့ တစ်ချိန် ပဋိပက္ခကြီး ဖြစ်နိုင်တယ်။ အဲ့ဒီ အခါ ဘင်္ဂလားသား တွေက မနိုင်ရင် သူတို့ ဘင်္ဂလားကို ပြန်ပြေးမယ်-၊ ငါတို့ ဒေသခံ ရခိုင် များသာ အထိ နာခံ ရတော့မယ် ဆိုတဲ့ စိုးရိမ်စိတ် များကလည်း ကြီးထွားလို့ လာနေ ပါတယ်။ ဒါတွေကို ကိုယ်ချင်း စာ ပေးမယ့် အသိုင်း အ၀ိုင်း ဆိုလို့လည်း မြန်မာ ပြည်ထဲမှာ ထင်ထင် ရှားရှား ထွက်မ လာ နိုင်သေးပါ။ ရ ခိုင် ဒေသကို သိမ်းပိုက်ကာ တိုင်းပြည် ထူထောင်ဘို့ အကြံ ရှိခဲ့တဲ့ အနောက်သား ဘင်္ဂလီများ ကသာ သ တင်း၊ မီဒီယာနဲ့ ထိုးဖေါက်မှု မျိုးစုံကို ပြင်ဆင် ခဲ့ပေမယ့်- အရိုးခံ ဒေသခံ ရခိုင် များမှာ ဘက်ပေါင်း စုံ မှ ပြင်ဆင်မှု အားနည်း ခဲ့ပြီး- သူတို့ရဲ့ ဘ၀ သူတို့ရဲ့ လက်တွေ့ အခြေ အနေ ကိုလည်း လူထုရှေ့ ချပြ ဘို့ ရာ မထိုးဖေါက်နိုင် ဖြစ်နေ ရပါ တော့တယ်။

အခု အချိန်မှာ အချိန် စောစောက ကြိုရောက် နေခဲ့တဲ့ အနောက်သား ဘင်္ဂလီ များက ပြည်နယ် အုပ်ချုပ်မှု ရာထူးများကိုပင်ရယူ ထားပါပြီ။ မြန်မာ ပြည်မ အစိုးရက သိလျှက်နဲ့ ပထွေး ကြက်ဥ တိုက် နေတော့ ပြောရ ခက်နေတဲ့ လက်လုပ် လက်စား ဒေသခံများ ခမြာ- ကိုယ်ပြည်တွင်းမှာ ကျွန်ပြု ခံနေ ရရှာ ပါတယ်။ ဒါတွေကို မြန်မာ ပြည်မသားတွေ တစ်ကယ် မသိပေမယ့်- နိုင်ငံ တစကာက သိလာ နေပါပြီ။ ဦးသိန်းစိန် အစိုးရရဲ့လေ သံတွေအားလုံး အနောက်သား ဘင်္ဂလီတွေရဲ့လေသံအတိုင်း တစ်ထပ်တည်း လိုက်ပြော နေကြောင်း- ကမ္ဘာ့ အသိုင်း အ၀ိုင်းကလည်း ထုတ်ဖေါ်ပြောလာရတဲ့ အဆင့်ထိ ရောက်လာ ပါပြီ။

မြန်မာ ပြည်သားများ မမျှော်လင့် မထင်မှတ် ပေမယ့်- မကြာတော့တဲ့ ကာလ တစ်ခုမှာ ဒီသမိုင်း မှန်ကြီး ထိန်း မနိုင် သိမ်းမရ ပေါ်ပေါက် လာတော့ မှာပါ။--။


မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
Civil Rights Movement

Comment ရေးရန်

Rohingya Exodus