နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရာတန်းက ရိုဟင်ဂျာများ အတွက် Facebook Profile နဲ့ Cover Photo ကမ်ပိန်း

လေးစားရတဲ့ RB News စာဖတ် ပရိသတ်များ ခင်ဗျား ..

ဒုချီရာတန်း ရွာအုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူနဲ့ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း တို့အုပ်စု ကျူးလွန် ခဲ့တဲ့ အပြစ်မဲ့ ရိုဟင်ဂျာ (၈) ဦးကို သတ်ဖြတ်တဲ့ အမှုကို သိသွားတဲ့ ရွာသား အချို့ကို နှုတ်ပိတ်ဖို့ ကြိုးစား ရင်းနဲ့ ဒုချီရာတန်းက အပြစ်မဲ့ ရိုဟင်ဂျာ များစွာကို ဇန်န၀ါရီလ (၁၃) ရက်နေ့ ကစပြီး သတ်ဖြတ် ခဲ့ပါတယ်။ ၁၄ ပေရှည်တဲ့ ကုန်တင်ကား ၃ စီး ပေါ်မှာ အလောင်းတွေ အပြည့် တင်သွားပြီး အလောင်းဖျောက် ခဲ့ပါတယ်။ အရေ အတွက် အားဖြင့် အသတ်ခံ ရသူ ၂၀၀ ကျော် ရှိမယ်လို့ ဒေသခံ တွေက ခန့်မှန်းနေ ကြတယ်။ ကိန်းဂဏန်း အတိ အကျ ရဖို့အတွက် နိုင်ငံ တကာက လွတ်လပ်တဲ့ စုံစမ်းရေး အဖွဲ့တွေ သွားလို့ ရမှာ သာလျှင် အတည် ပြုနိုင်မှာ ဖြစ်ပါတယ်။ 

အခုလို ဥပဒေမဲ့ မင်းမဲ့ စရိုက် ဆန်ဆန် သတ်ဖြတ် မှုတွေ နောက်နောင် မဖြစ်ပေါ်ဖို့၊ အပြစ်မဲ့ တွေကို ကာကွယ် ပေးဖို့ ကျွန်တော် တို့မှာ အပြည့် အ၀ တာဝန် ရှိပါတယ်။ 

အပြစ်မဲ့ လူသား တွေရဲ့ ဆုံးရှုံးမှုတွေ အတွက် ထပ်တူ ထပ်မျှ ခံစားရ နေသူတိုင်း အတွက် Facebook Profile နဲ့ Cover Photo များကို တင်ပေး လိုက်ပါတယ်။ 

ဒုချီရာတန်း ရွာသား တွေနဲ့ တစ်သားတည်း ဖြစ်ကြောင်းကို Facebook Profile နဲ့ Cover Photo ပြောင်းပြီး ခံစားချက် aတွကို ရင်ဖွင့် ပြပါလို့ တောင်းဆို ပါတယ်။ 

အစဉ် အမြဲ လေးစားလျက်

RB News Team

Facebook Profile Photo (ပုံပေါ်တွင် Click လုပ်၍ Download လုပ်ပါ)



Facebook Cover Photo (ပုံပေါ်တွင် Click လုပ်၍ Download လုပ်ပါ)


Comment ရေးရန်

Rohingya Exodus