နောက်ဆုံးသတင်း/ဆောင်းပါးများ

ထပ်မံ ရရှိသည့် ဒုချီရာတန်းမှ အသတ်ခံ ရသူများ စာရင်း

RB News
29.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ ဒုချီရာတန်း ကျေးရွာတွင် ဇန်န၀ါရီလ (၁၃) ရက်နေ့ မတိုင်မှီ မောင်တော မြို့သို့ အလုပ်လုပ်ရန် လာနေသည့် အပြစ်မဲ့ ရိုဟင်ဂျာ ၈ ဦးကို ဒုချီရာတန်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးအောင်ဇံဖြူနှင့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း တို့က သတ်ဖြတ် ခဲ့ပြီး၊ အလောင်းများ ရှာဖွေ တွေ့ရှိ သူများကို ဇန်န၀ါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် နှုတ်ပိတ်ရန် ကြိုးစားရာတွင် အမျိုးသမီး ငယ်တစ်ဦးကို မုဒိန်းခြင်းမှ ပြဿနာ ဖြစ်ပွားခဲ့ရာ ထိုနေ့ ညတွင် ရိုဟင်ဂျာ ၁၃ ဦး ပွဲချင်းပြီး သေ ဆုံး ခဲ့ရသည်။ ထို့နောက် ဇန်န၀ါရီလ ၁၄ ရက်နေ့ နံနက် ၄ နာရီမှ စ၍ ရွာအတွင်းရှိ ရိုဟင်ဂျာ လူမျိုး များကို ရွာအပြင်သို့ မောင်းထုတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ခြင်းများ ပြုလုပ် ခဲ့သည်။ 

နိုင်ငံ တကာ အဖွဲ့ အစည်းများ၊ သတင်း ဌာန များမှ ၄၀ ဦးသေဆုံး ခဲ့ရသည်ဟုပြောကြား ခဲ့သော် လည်း ဒေ သခံ အများစုက ၂၀၀ ဦးထက် မက သေဆုံး သည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံတကာ စုံစမ်းရေး  ၍စုံစမ်းမှ သာသေဆုံးသူအရေ အတွက် အတိအကျကို သိရှိနိုင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု အစိုးရမှ စေ လွှတ်မည့် စုံစမ်းရေး အဖွဲ့ကို ယုံကြည်၍ ရမည် မ ဟုတ်ကြောင်း RB News သို့ ပြောပါသည်။ 

ထပ်မံ ရရှိသည့် ဒုချီရာတန်းမှ အသတ်ခံ ရသူများ စာရင်း -

(၁) ဒေါ်ရှောင်ဂျီဒါ (ဘ) ဦးဘော်ဆိရ် အာမတ် (အသက် ၅၀ နှစ်)
(၂) ဦးဆလိမ်ဘာဟာရ် (ဘ) ဦးအဒူအာမီးန် (အသက် ၄၂ နှစ်)
(၃) ဒေါ်တူဟီဒါ ခါတူ (ဘ) ဦးနဇီရ်အာမတ် (အသက် ၆၀ နှစ်)
(၄) ဒေါ်ဖာတေမာ ဇူရာ (ဦးရော်ဟီမုလ္လာ၏ ဇနီး) (အသက် ၃၂ နှစ်)
(၅) နူရ်ဆာဘာ (ဘ) ဦးရော်ဟီမုလ္လာ (အသက် ၂ နှစ်ခွဲ)
(၆) နူရ် ဂျာန် (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၂၀ နှစ်)
(၇) ဒေါ်ရော်ဇူမာ (ဘ) ဦးရရှီအာမတ် (အသက် ၄၀ နှစ်) - တို့ ဖြစ်သည်။ 

ယမန်နေ့ထိ ဒုချီရာတန်း ရွာသို့ အမျိုး သမီး များနှင့် ကလေးငယ် ၅၀၀ ကျော် ပြန်သွား ခဲ့သော်လည်း၊ အမျိုးသား အများစုမှာ မတရား ဖမ်းဆီး ခံရမည်ကို စိုးရိမ်၍ ပြန်၍ မရသေးကြောင်း သိရှိ ရပါသည်။ 

ထို့အပြင် ယမန်နေ့ညက လုံထိန်း များနှင့် ရခိုင် အစွန်းရောက်များ ပူးပေါင်းပြီး ဒုချီရာတန်း အနောက်ရွာကို မီးရှို့မှုကြောင့် ပိုမို၍ စိုးရိမ်လျက် ရှိကြောင်း ဒေသခံ များမှ ပြောပါသည်။ 

ယခင် တင်ပြ ထားသည့် သေဆုံးသူ များစာရင်းကို ဤနေရာ http://bit.ly/1dwQ75W တွင်ဖတ် နိုင် ပါသည်။ 


Comment ရေးရန်

Rohingya Exodus