April 06, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လမ်းတွင်ရပ်နေသူ ၃ ဦးကို ဖမ်းဆီး၍ ရဲများနှင့် ရွာလူကြီးက ငွေ ၆ သိန်းညှစ်


MYARF
RB News
27.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒို ကျေးရွာအုပ်စုမှ လမ်းတွင် ရပ်နေသည့် ရိုဟင်ဂျာ လူငယ် ၃ ဦးကို ရဲများနှင့် ရွာလူကြီးတို့က ဖမ်းဆီး၍ မဟုတ်မမှန် စွပ်စွဲပြီး ငွေကျပ် ၆ သိန်းညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ည ၈း၃၀ နာရီခန့်တွင် မောင်တောမြို့နယ်၊ ကျောက်ပန္ဒို ကျေးရွာအုပ်စု၊ ရွာကြီးရွာမှ စေတီပြင်ရွာသို့ သွားသည့်လမ်း လမ်းဘေး၌ ရပ်နေသူသည့် ရိုဟင်ဂျာ လူငယ် (၃) ဦးကို အင်းဒင် အခြေစိုက် ရဲကင်းမှ ရဲတပ်ဖွဲ့ ၄ ဦး၊ ကျောက်ပန္ဒို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းနှင့် ဦးရဖိခ် တို့က တရားမ၀င် မိုဘိုင်းဖုန်း ကိုင်ဆောင် နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီး ခဲ့ကြောင်း သိရှိရပါသည်။ ရဲများက ၎င်းတို့ ၃ ဦးကို ရှာဖွေခဲ့ပြီး ဖုန်းများ မရရှိခဲ့သော်လည်း တရားမ၀င် ဖုန်းကိုင်ဆောင် ထားသည်ဟု ဆိုကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျောက်ပန္ဒို ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ တစ်ဦးထံမှ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

မတရားသဖြင့် ဖမ်းဆီးခံရပြီး ငွေကျပ် နှစ်သိန်းစီ ညှစ်ခံရသူများမှာ --

(၁) ရိုင်အုလ္လာ (ဘ) ဦးဂိုနီမျာ (အသက် ၁၈ နှစ်)
(၂) အဘုလ်ကာစင် (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၂၅ နှစ်)
(၃) ဦးဟာရှင်မ်အုလ္လာ (ဘ) ဦးမူဆာအလီ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ရဲများလာစဉ် မတရား ဖမ်းဆီးခံရမည်ကို စိုးရွှံ၍ ရှောင်ထွက် သွားသော ဆော်လိမုလ္လာ (ဘ) ဦးဖယာစ်အဟမတ် (အသက် ၁၈ နှစ်) ကို ဖမ်းဆီးပြီး ငွေကျပ် ၄ သောင်း ညှစ်ယူခဲ့ကြောင်း သိရှိရပါသည်။

မောင်တောမြို့နယ်တွင် ဒေသဆိုင်ရာ အာဏာပိုင် အများစု ကိုယ်တိုင် ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ မိုဘိုင်းဖုန်း များကို တရားမ၀င် သုံးစွဲလျက်ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ ဆိုသလို ဘင်္ဂလား ဖုန်းများ သုံးစွဲနေသည်ဟု စွပ်စွဲ ဖမ်းဆီး၍ ရိုက်နှက် နှိပ်စက် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Pages 22123456 »
Rohingya Exodus