April 14, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

မင်းပြားမှ ရန်ကုန်သို့ သွားနေသည့် ရိုဟင်ဂျာ ၁၈ ဦးမှ ၁၁ ဦးအသတ်ခံရ



Hla
RB News
27.2.2014

မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ် တို့မှ ရန်ကုန်မြို့သို့ လူကုန်ကူးသူ ပွဲစားများဖြင့် သွားနေသည့် ရိုဟင်ဂျာ ၁၈ ဦးမှ ၁၁ ဦး အသတ်ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့မှ ရိုဟင်ဂျာ ၁၈ ဦးတို့သည် ချင်းလူမျိုး လူကုန်ကူးသူ ပွဲစားနှစ်ဦးတို့နှင့်အတူ တောင်ပေါ်လမ်း အတိုင်း ရန်ကုန်မြို့သို့ ထွက်ခွာ ခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အဆိုပါ ၁၈ ဦးတို့သည် လမ်းပြများ ဖြစ်သည့် ပွဲစားများနှင့် အတူ မင်းပြားမြို့နယ် အလွန် ကုန်ခါးချောင်း အနီးသို့ အရောက်တွင် ရခိုင် အကြမ်းဖက် သမားများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ထွက်ပြေးကြရာ ၇ ဦးမှာ အသက်ပြေးမှ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ကျန်သည့် ၁၁ ဦး အသတ်ခံခဲ့ရကြောင်း အသက်ဘေးမှ လွတ်မြောက်လာသူများ၏ ပြောပြချက်များ အရသိရှိရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

အသတ်ခံရသူ ၁၁ ဦးမှာ --

(၁) နော်ဇီရ်အာမတ် (ဘ) မော်လ၀ီဦးအဒူဂျလိလ် (အသက် ၁၈ နှစ်)
(၂) ကာလာချေ (ဘ) ဦးအဒူရာမန် (အသက် ၁၇ နှစ်)
(၃) မောင်ဘ (ဘ) ဦးအဒူရာဇတ် (အသက် ၂၅ နှစ်)
(၄) အဒူမာဘုဒ် (ဘ) ဦးဒူဒူအလီ (အသက် ၂၃ နှစ်)
(၅) ဇော်နာဘောဒ္ဒိန် (ဘ) ဦးဖော်ဇော်လ်ကရီးမ် (အသက် ၁၉ နှစ်)
(၆) အေနာမုလ်ဟောက် (ဘ) ဦးမိုဟာမတ်ဟမ်းဇာ (အသက် ၂၂ နှစ်)
(၇) အလီအာက်ဘာရ် (ဘ) ဦးမိုဟာမတ်အာက်ဘာရ် (အသက် ၂၅ နှစ်)
(၈) မိုဟာမတ်နူးရ် (ဘ) ဦးအဘူတာဟဲရ် (အသက် ၃၀ နှစ်)
(၉) အနိုဝါရ် (ဘ) ဦးနူးရ်ဟာဆန်း (အသက် ၂၀ နှစ်)
(၁၀) အုမာရ်ဖာရုခ် (ဘ) ဦးအဒူဂဖာရ် (အသက် ၂၄ နှစ်)
(၁၁) ၀ါဇီရာမန် (ဘ) ဦးအဒူဟာရှင်မ် (အသက် ၂၅ နှစ်) -- ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ လူမျိုးများမှာ အမိုးဖွင့် ထောင်ထဲတွင် နေရသကဲ့သို့ ဖြစ်နေလျက်ရှိရာ အလုပ်အကိုင် အခွင့်လမ်း မရှိဘဲ စားဝတ်နေရေး အတွက် နေ့စဉ် ဒုက္ခရောက် နေရသဖြင့် မိမိတို့ ရှိရာ ရောင်းချ၍ ကောင်းမွန်သည့် ဘ၀ ရရှိရန် စွန့်စွန့်စားစား ရေလမ်း ခရီး၊ ကုန်းလမ်း ခရီးများဖြင့် ထွက်ပြေးလျက် ရှိသော်လည်း အများစုမှာ လိုရာခရီး မရောက်ဘဲ လမ်းတွင် အသက်အန္တရာယ်ဖြင့် ရင်ဆိုင်ရပြီး၊ အသက်ပေါင်း များစွာ ဆုံးရှုံးနေရကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus