နောက်ဆုံးသတင်း/ဆောင်းပါးများ

နေအိမ်တိုးချဲ့သည်ဟု စွပ်စွဲ၍ ရွာအုပ်ချုပ်ရေးမှူးက ငွေညှစ်

RB News
22.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာများအား နေအိမ်များ တိုးချဲ့ဆောက်လုပ် နေသည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးမှူးက ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ်၊ မြောက်ပိုင်း တောင်ပြိုလက်ဝဲမြို့ အပိုင် ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံ့သာတောင် အလယ်ရွာသို့ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအထွန်းချေ၊ ဆယ်အိမ်မှူး နှစ်ဦးနှင့် ချောင်းဝ ရဲကင်းစခန်းမှ ရဲများ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရောက်ရှိ လာခဲ့ပြီး ဒေသခံ ရိုဟင်ဂျာ အချို့ကို နေအိမ်များ တိုးချဲ့ဆောက်လုပ် နေသည်ဟု စွပ်စွဲ၍ မတရားသဖြင့် ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဒေါ်အနိုဝါဘေဂမ် (ဘ) ဦးအဘူရှာမာ (အသက် ၄၅ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၅၀၀၀/-
(၂) ဦးဆယာဒ်အာလမ် (ဘ) ဦးအဘူတာလတ် (အသက် ၅၅ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၅၀၀၀/-
(၃) ဦးဆယာဒ်မာမတ် (ဘ) ဦးအဘူရှာမာ (အသက် ၅၆ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၈၀၀၀/-
(၄) ဦးအဘူဆီဒိတ် (ဘ) ဦးဆယာဒ်အာလမ် (အသက် ၂၅ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၃၀၀၀/-
(၅) ဦးဆယာဒုလ္လာ (ဘ) ဦးမာမတ်ဆီဒိတ် (အသက် ၂၆ နှစ်) - ပေးရသည့်ငွေ ကျပ် ၂၅၀၀၀/-

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းတွင် ၁၉၉၀ ခုနှစ်နှောင်းပိုင်းမှ စ၍ နစကမှ နှစ်စဉ် ဆွဲ၊တင်၊စစ် စီမံကိန်းချမှတ် ခဲ့ပြီး၊ မိသားစု ၀င်များ၏ ဓါတ်ပုံများ၊ နေအိမ်များ၏ ဓါတ်ပုံများကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ နေအိမ်ပြုပြင်လျှင်ပင် နစကမှ ခွင့်ပြုမိန့် ယူခဲ့ရပြီး၊ နစကမှ တောင်းသည့် ငွေကြေးကို ပေးမှသာ ပြုပြင်ခွင့် ရခဲ့ကြသည်။ ယခုအခါ ကျေးရွာ အုပ်ချုပ်ရေးမှူး များက ၎င်းတို့ ရာထူးရရေး အတွက် ဒေသဆိုင်ရာ အာဏာပိုင်များကို လာဘ်ထိုးရသည့် ငွေကြေးများ ပြန်လည်ရရှိရေး အတွက် ဒေသခံများအား မတရား အနိုင်ကျင့်၍ နည်းမျိုးစုံဖြင့် ငွေညှစ်လျက် ရှိခြင်း ဖြစ်သည်။



Comment ရေးရန်

Rohingya Exodus