နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရားတန်းမှ ရိုဟင်ဂျာ အိမ် ၃ လုံး မီးရှို့ခံရ

MYARF
RB News
25.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာအုပ်စုမှ ရိုဟင်ဂျာလူမျိုးများ၏ အိမ် ၃ လုံး မီးရှို့ခံရကြောင်း သတင်းရရှိပါသည်။

ယနေ့ နံနက်လင်းအားကြီး ၂း၃၀ နာရီတွင် မောင်တောမြို့နယ်၊ ဒုချီရားတန်း ကျေးရွာအုပ်စု၊ ဖုရ်ဆီရွာမှ ရိုဟင်ဂျာ လူမျိုးများ၏ နေအိမ် ၃ လုံး မီးရှို့ခံခဲ့ရကြောင်း သိရှိရပါသည်။ လွန်ခဲ့သည့်လ ၁၃ ရက်နေ့ညနှင့် ၁၄ ရက်နေ့ နံနက်များတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင် အစွန်းရောက် များ၏ အကြမ်းဖက်မှုကြောင့် အိမ်ရှင်များ ထွက်ပြေး တိမ်းရှောင် ခဲ့၍ နေအိမ်များတွင် လူမရှိဘဲ လွတ်နေခဲ့သည်။

နေအိမ်များတွင် အိမ်ရှင်များ မရှိသဖြင့် ပေါ့ဆမီး မဟုတ်သည်မှာ သေချာပြီး၊ ရခိုင် အစွန်းရောက်များ (သို့မဟုတ်) လုံခြုံရေး တာဝန်ယူထားသည့် ရဲများမှ မီးရှို့ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

ရခိုင်ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရမှ ယုတ္တိကင်းမဲ့လှစွာ မိမိတို့၏ နေအိမ်ကို မိမိတို့ မီးရှို့သည်ဟု စွပ်စွဲ ပြောဆိုပြီး ၎င်းတို့၏ လုံခြုံရေးရဲများနှင့် နောက်ကွယ်မှ ကြိုးကိုင်၍ လှုပ်ရှားခိုင်းထားသည့် ရခိုင် အစွန်းရောက်များ၏ လုပ်ရပ်များကို ထုတ်ဖော် ပြောကြားခြင်း မရှိသည်ကို တွေ့ရှိရသည်။ လွန်ခဲ့သည့်လ ကလည်း လုပ်ကြံ၍ ဓါတ်ပုံများ ရိုက်ကူးပြီး သံတမန်များကို ပြသခဲ့သေးသည်။

ယနေ့ နံနက် ၂း၃၀ နာရီတွင် မီးရှို့ခံရသည့် နေအိမ်များ၏ ပိုင်ရှင် အမည်များမှာ --

(၁) ဒေါ်ဟာမီဒါ
(၂) ဒေါ်မောရီယမ်ခါတူ (ခ) ဘုတ္တာနီး
(၃) ဦးအော်ဆီရာန် -- တို့ဖြစ်သည်။


Comment ရေးရန်

Rohingya Exodus