နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ၊ သဲချောင်းမှ ရိုဟင်ဂျာတစ်ဦးကို စစ်သားများက ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်

Hla
RB News
20.2.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ သဲချောင်း (ဂွာလာဒိလ်) ယာယီဈေးတွင် မိုဘိုင်းဖုန်းနှင့် အထွေထွေ ကုန်ပစ္စည်း ရောင်းသော ဆိုင်တစ်ဆိုင်သို့ စစ်သားများ ၀င်ရောက်ပြီး ဆိုင်ရှင်ကို ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီအချိန်တွင် စစ်တွေမြို့၊ သဲချောင်း (ဂွာလာဒိလ်) ယာယီဈေးရှိ မိုဘိုင်းဖုန်းနှင့် အထွေထွေ ကုန်ပစ္စည်း ရောင်းသော ဆိုင်တစ်ဆိုင်သို့ သဲချောင်း၊ မရမ္မာကြီးရွာတွင် အခြေစိုက်ပြီး လုံခြုံရေး တာဝန် ယူထားသည့် အမှတ် (၃၅၄) ခြေလျင် တပ်ရင်းမှ စစ်သားများ ရောက်ရှိလာပြီး၊ ဆိုင်ရှင်ကို စစ်သားများက ရန်စခဲ့ရာ စကားများကြပြီးနောက် ကိုယ်ထိ လက်ရောက် စော်ကား ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ ဒေသခံများ ၀ိုင်းအုံလာသည့် အခါ စစ်သားများက မိုးပေါ်သို့ သေနတ် ၃ ချက် ပစ်ပေါက်၍ လူစုခွဲခဲ့ပြီး၊ ခြိမ်းခြောက် ဆဲဆိုမှုများ ပြုလုပ်၍ ထိုနေရာမှ ထွက်ခွာ သွားခဲ့ကြောင်း သိရှိရပါသည်။

သဲချောင်း ပတ်ဝန်းကျင်တွင် လုံခြုံရေး တာဝန်ယူထားသည့် စစ်သားများမှ ဤကဲ့သို့ မကြာခဏ ရန်စလေ့ရှိပြီး၊ ပြဿနာ ဖြစ်ပွားရန် တမင်ဖန်တီးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများမှ ပြောပါသည်။


Comment ရေးရန်

Rohingya Exodus