April 28, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

သာမာန် အာသီးရောင်သည့် ကလေးတစ်ဦး စစ်တွေ ဆေးရုံတွင် သေဆုံး

သေဆုံးသွားသည့် မောင်အောင်မျိုးခန့် (ဓါတ်ပုံ - ကျော်စွာဝင်း/RB News)

ကျော်စွာဝင်း
RB News
2.3.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်မှ သာမာန် အာသီးရောင်သည့် ကလေး တစ်ဦးကို စစ်တွေ ဆေးရုံသို့ ပို့ပြီးနောက် သုံးရက်မြောက်နေ့တွင် သေဆုံးခဲ့ကြောင်း သတင်း ရရှိပါသည်။

စစ်တွေမြို့ အောင်မင်္ဂလာ ရပ်ကွက်မှ အာသီးရောင်၍ ဝေဒနာ ခံစားနေရသည့် ဦးမောင်မောင်ခိုင်၏ နှစ်နှစ်သား အရွယ် မောင်အောင်မျိုးခန့်ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဆရာဝန်၏ ညွန်ကြားချက်အရ စစ်တွေမြို့ ပြည်သူ့ဆေးရုံက ဆေးကုသရန် ပို့ခဲ့ကြောင်း သိရှိရသည်။ လူနာဖြစ်သူ မောင်အောင်မျိုးခိုင်သည် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် စစ်တွေဆေးရုံ၌ ကွယ်လွန်သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ကလေးရဲ့ အခြေအနေက စိုးရိမ်စရာ အခြေအနေ မဖြစ်ခဲ့ဘူး။ ခွဲစိတ်ရမယ့် အခြေအနေလည်း မဟုတ်ဘူး။ ဒါပေမယ့် ဆရာဝန်ရဲ့ ညွန်ကြားချက်အရ ဆေးရုံတင်ခဲ့တာပါ။ ဆေးရုံမှာ ၃ ရက်လောက် အခြေအနေလည်း အေးဆေးပါဘဲ။ ကျွန်တော်တို့ ဒီက လူနာတွေ စစ်တွေ ဆေးရုံတက်ရင် လိုအပ်တဲ့ ဆေးဝါးတွေကို အပြင်က ၀ယ်ရပါတယ်။ အဲဒီ ဆေးဝါးတွေကို လူနာနဲ့အတူ ထားရပါတယ်။ ဆေးထိုးရမယ့် အချိန်ဆိုရင် ဆရာဝန်တွေ၊ သူနာပြုတွေ လာပြီး ထိုးဆေးကို လူနာရှင်ဆီက တောင်းတယ်။ အဲဒီနေရာမှာဘဲ ယူပြီး အဲဒီနေရာမှာဘဲ ထိုးတာများပါတယ်။” ဟု ဒေသခံ တစ်ဦးက စစ်တွေမြို့ ဆေးရုံ၏ အခြေအနေကို RB News သို့ရှင်းပြသည်။

၎င်းမှ ဆက်လက်၍ “မနေ့က နေ့လည် ၂ နာရီလောက် မောင်အောင်မျိုးခန့် ဆီကို သူနာပြု တစ်ယောက် ရောက်လာတယ်။ ဆေးထိုးရမယ် ဆိုပြီး ဆေးထိုးတယ်။ လူနာစောင့်ကလည်း ကြောက်တော့ အဲဒီဆေးက လူနာအတွက် ၀ယ်ထားတဲ့ ဆေးမဟုတ်ဘဲ သူနာပြု ကိုယ်တိုင် ယူလာတဲ့ ဆေးဖြစ်ပေမယ့် မမေးရဲခဲ့ဘူး။ သူနာပြု ဆရာမက ဆေးထိုးပေးပြီး ၂ နာရီခွဲ အကြာမှာ ကလေး သေဆုံး သွားပါတယ်။” ဟု ပြောပါသည်။

လူနာရှင်ထံမှ တောင်းယူသည့် ဆေးမဟုတ်ဘဲ သူနာပြု ယူလာသည့် ဆေးကို ထိုးပြီးနောက် အသက် သေဆုံး ရခြင်း ဖြစ်သည့် အတွက် ဒေသခံများက သံသယ ရှိနေကြသော်လည်း၊ ဥပဒေက စစ်တွေမြို့ရှိ ရိုဟင်ဂျာလူမျိုး များကို ကာကွယ် ပေးထားခြင်း မရှိသဖြင့် မိသားစုများမှာ ၀မ်းနည်း ပူဆွေးရုံကလွဲပြီး အခြား မည်သို့မျှ မတတ်နိုင်ဟု အဆိုပါ ဒေသခံမှ ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus