နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲတစ်ဦးက သန်းခေါင်စာရင်း ဖြေဆိုမည့် သူများကို ခြိမ်းခြောက်နေ




RB News
22.3.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းတွင် သန်းခေါင်စာရင်း ဖြေဆိုမည့် ဒေသခံ ရိုဟင်ဂျာများကို ရဲတစ်ဦးက ခြိမ်းခြောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ ၂၁ ရက်နေ့က ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ခွဆုံ ကျေးရွာအုပ်စု စေတီတောင် ရဲစခန်းမှ ရဲတစ်ဦး ဖြစ်သည့် ၀င်းထိန်သည် ၀မကျရွာ သို့သွားရောက်၍ အဆိုပါ ရွာရှိ ဒေသခံ ရိုဟင်ဂျာ များကို သန်းခေါင်စာရင်း ဖြေဆိုရာတွင် ရိုဟင်ဂျာ မထည့်ရန် အမျိုးမျိုး ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

၎င်းရဲက ၎င်းကို အထက်မှ အမိန့်ပေးသောကြောင့် ယခုကဲ့သို့ ရွာထဲ အထိ လာရောက်၍ ခြိမ်းခြောက်ရခြင်း ဖြစ်သည်ဟု ဒေသခံများကို ပြောကြား သွားကြောင်း သိရှိရသည်။

ပြည်ထောင်စု လွှတ်တော်မှ ပြဌာန်း ထားသည့် ဥပဒေအရ ခြိမ်းခြောက်လျှင် အရေးယူ ဖမ်းဆီး နိုင်သော်လည်း၊ အစိုးရ အာဏာပိုင် အဖွဲ့အစည်း ကိုယ်တိုင် ကိုယ်ကျ သန်းခေါင်စာရင်း ဥပဒေကို ချိုးဖောက်၍ နေရာတိုင်းတွင် ခြိမ်းခြောက် လျက်ရှိသည်။

ဘူးသီးတောင်မြို့မှ ဒေသခံများက သန်းခေါင်စာရင်း ဖြေဆိုရာတွင် ၎င်းတို့ အားလုံးက ရိုဟင်ဂျာ ဖြစ်သောကြော်င့ ရိုဟင်ဂျာ ဟုသာ ဖြည့်စွက်မည်ဟု RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus