အမှောင်ထဲက သူရဲကောင်းများ
ရေးသားသူ - ယျတင် (MYARF)
RB ကဗျာ
9.6.2014
အမှောင်ထဲက သူရဲကောင်းများ
အကောင်းဆုံးကို မျှော်လင့်ပြီး
အသိတရားကောင်းသေးသည့်တိုင်
ထင်ရာစိုင်းအောင်လုပ်
လျှောက်ခဲ့ရတဲ့ လမ်းမပေါ်ဝယ်
သူတို့ (ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူ)
အဆိုးဆုံးကို ရင်ဆိုင်ခဲ့ရတယ်…။
လူမဆန်စွာ ခွဲခြားခံခဲ့ရမှုက သူ
လူမဆန်စွာ ခွဲခြားခံခဲ့ရမှုက သူ
တို့ကို အိပ်မက်ကြီးကြီးတွေ မက်ခိုင်း
သူတို့ကို ပိုကြိုးစားခိုင်းလေသလား…။
"ဖိနှိပ်နိုင်သလောက်သာ ဖိနှိပ်ပါ
"ဖိနှိပ်နိုင်သလောက်သာ ဖိနှိပ်ပါ
ငါတို့ ခင်ဗျားတို့ရဲ့ဖိနှိပ်မှုအောက်မှာ
ဘယ်တော့မှ ခေါင်းငုံ့မနေဘူး" ဆိုတာကို
သူတို့ ရာဇဝင်ထွင်အောင် ပြသခဲ့လေပြီ…။
"ငါတို့လဲကျနေရင် ပျော်မယ့်
"ငါတို့လဲကျနေရင် ပျော်မယ့်
ခင်ဗျားတို့ရှေ့မှောက်မှာ
တို့ လွယ်လွယ်လဲမကျပါဘူး" ဆိုတာကို
သူတို့ သမိုင်းဝင်အောင် မော်ကွန်းတင်ခဲ့လေပြီ…။
လမင်းလေးနဲ့လွဲနေတဲ့
လမင်းလေးနဲ့လွဲနေတဲ့
သူတို့တွေ ကြည်တရာတွေရဲ့အလင်းနဲ့
ခရီးဆက်နိုင်သေးတာကို
လက်တွေ့သက်သေပြခဲ့လေပြီ…။
အို…ခွဲခြားဆက်ဆံချင်နေသူတို့
အို…ခွဲခြားဆက်ဆံချင်နေသူတို့
ဖိနှိပ်ရက်စက်ချင်နေသူတို့
သင်တို့သိထားပါလော……
ပန်းတိုင်က ဝေးချင်ဝေးမယ်
ပန်းတိုင်က ဝေးချင်ဝေးမယ်
ငါတို့မျှော်လင့်ချက်က ဘယ်ခါမှပျောက်ကွယ်တော့မှာမဟုတ်ဘူး…။
အသိတရားကောင်းသေးသည့်တိုင်
နောက်ဆုံးထွက်သက်ရှိသည့်တိုင်
ငါတို့တွေ ပန်းတိုင်သို့ ချီတက်နေဦးမှာပဲ…။
ရက်စက်မှုအောက်စီဂျင်ကို
ရက်စက်မှုအောက်စီဂျင်ကို
ရှူရှိက်ရင်း ရှင်သန်နေရပေမယ့်
အဲ့ဒီရက်စက်မှုအောက်စီဂျင်ကို
သန့်စင်ပေးမယ့် ခိုင်မာပြတ်သားတဲ့
နှလုံးသားတွေ
တို့ကိုယ်စီမှာ ရှိနှင့်ပြီးသားပါ…။
ထင်ရာစိုင်းအောင်လုပ်
ရာဇဝင်ရိုင်းသွားအောင်လုပ်
စိတ်ရှိတိုင်းသာလုပ်
သို့သော်
ငါတို့ကို အပြီးချေမှုန်းနိုင်မှာမဟုတ်ဘူး
နောက်ဆုံးအဖြေထွက်ပေါ်လာမယ့်တစ်နေ့မှာ
ငါတို့ ဟာ နိုင်သူပဲဖြစ်ရမှာပဲ…။
ဆိုရိုးစကားလည်း ရှိသည်ဟုတ်
ဆိုရိုးစကားလည်း ရှိသည်ဟုတ်
"အမှန်တရားပေါ်ရပ် အနိုင်လို့သာမှတ်" တဲ့…။
အမှန်တရားပေါ် ခိုင်ခိုင်မာမာရပ်မယ့်
အမှန်တရားပေါ် ခိုင်ခိုင်မာမာရပ်မယ့်
အနာဂတ် မျိုးဆက်တွေ အမှောင်ထဲက
သူရဲကောင်းများအဖြစ်
လင်းလက် ပေါ်ထွန်းလာပါပြီ…။
*** ဖိနှိပ်မှုကြားက ခွဲခြားခံရမှုများ၊ ရက်စက်ခံရမှုများ ကြားက ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်တွင် ထူးထူးချွန် အောင်မြင်ခဲ့သော ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြု၍ ရေးဖွဲ့ပါသည်။
*** ဖိနှိပ်မှုကြားက ခွဲခြားခံရမှုများ၊ ရက်စက်ခံရမှုများ ကြားက ၂၀၁၃-၂၀၁၄ ခုနှစ် ပညာသင်နှစ်တွင် ထူးထူးချွန် အောင်မြင်ခဲ့သော ရိုဟင်ဂျာ ကျောင်းသား ကျောင်းသူ များအား ဂုဏ်ပြု၍ ရေးဖွဲ့ပါသည်။