နောက်ဆုံးသတင်း/ဆောင်းပါးများ

ခမရ ၅၃၅ မှ ဗိုလ်ကြီး ဖြိုးကိုကိုက အီးဒ်နေ့တွင် ဒေသခံ တစ်ဦးကို လူမဆန်စွာ ရိုက်နှက်



RB News
29.7.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ခမောင်းဆိပ် ကျေးရွာအုပ်စုမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ခြေမြန် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး ဖြိုးကိုကိုက လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် အခြေစိုက် မြေမြန် တပ်ရင်း ၅၃၅ မှ ဗိုလ်ကြီး ဖြိုးကိုကိုသည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် မိုင်တိုင် ၄၀ တွင် တာဝန်ကျနေသူ တစ်ဦး ဖြစ်ပြီး၊ ယနေ့ (ဇူလိုင်လ ၂၉) ရက်နေ့တွင် ခမောင်းဆိပ် ဈေးသို့ ရောက်ရှိလာ၍၊ ခမောင်းဆိပ် မြောက်ရွာမှ ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဇာဖောရ် အာလမ်ကို အလုပ် တစ်ခုကို ကျွန်သဖွယ် ခိုင်းစေခဲ့သည်။ ဦးမာမတ်ရော်ရှိတ်က လက်နက်ဖြင့် အနိုင်ကျင့်သည့် ဗိုလ်ကြီး ဖြိုးကိုကို၏ အမိန့်ကို မလွန်ဆန်နိုင်၍ လုပ်ပေးခဲ့သော်လည်း၊ လူမဆန်သည့် တိရစ္ဆာန် သဖွယ် ဗိုလ်ကြီး ဖြိုးကိုကိုက အချိန်ကြာသည်ဟု ဆိုကာ ဈေးတွင် လူအများရှေ့၌ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ယနေ့သည် မြန်မာနိုင်ငံရှိ အစ္စလာမ် ဘာသာဝင်များ၏ မွန်မြတ်သည့် ၀ါကျွတ် အီးဒ်နေ့ဖြစ်ပြီး၊ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ များမှာ ပျော်ရွှင်စွာ ကျင်းပနိုင်ခွင့် မရှိသည့် အချိန်၊ နေ့ကြီး ရက်ကြီး၌ ယခုကဲ့သို့ လက်နက်ပြ၍ အနိုင်ကျင့်သည့် အတွက် ခမောင်းဆိပ် ရွာသားများက အလွန် စိတ်ပျက်၍ ဒေါသ ထွက်ခဲ့သော်လည်း အာဏာပိုင်များနှင့် ပဋိပက္ခ ဖြစ်မည်ကို မလိုလားသည့် အတွက် မသိကျိုးကျွံ နေခဲ့ရသည်ဟု ဆိုသည်။

ဒေသခံများက ယခုကဲ့သို့ ကိုယ်ထိ လက်ရောက် စော်ကား နေမှုများကို ပြည်ထောင်စု အစိုးရက ပြင်းထန်သည့် အမိန့်များ ထုတ်ပြန်၍ ရပ်တန့် ပေးရန် လိုကြောင်း၊ အကယ်၍ ယခုကဲ့သို့ လက်နက် အားကိုးဖြင့် ဆက်လက်၍ အနိုင်ကျင့် နေမည်ဆိုလျှင် သည်းခံနိုင်သည့် အတိုင်းအတာ ကုန်ဆုံးလာပါက လက်နက်ကိုင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများနှင့် ဒေသခံများ အကြား ပဋိပက္ခ ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus