နောက်ဆုံးသတင်း/ဆောင်းပါးများ

ရခိုင်အမျိုးသမီး တစ်ဦးက ငွေပျောက်သည်ဟု လုပ်ကြံပြီး ရဲနှင့်ပေါင်း၍ ရိုဟင်ဂျာ ၄ ဦးထံမှ ငွေငါးသိန်းညှစ်



Rohingya Eye
RB News
6.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ ရခိုင် အမျိုးသမီး တစ်ဦးက ငွေပျောက်သည်ဟု လုပ်ကြံပြီး ရဲနှင့် ပေါင်း၍ ဒေသခံ ရိုဟင်ဂျာ (၄) ဦးထံမှ ငွေကျပ် ၅ သိန်း ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့မ ဈေးကြီး အတွင်းရှိ ရွှေဇား ကျေးရွာမှ ဦးကော်လီမူလ္လာ (ဘ) ဦးဇာဟတ်ဟူဆောင်း (အသက် ၃၀ နှစ်) ၏ အလှကုန်ဆိုင်သို့ မောင်တောမြို့မ ရဲစခန်းမှ ရဲတစ်ဦး၏ ညီမ ဖြစ်သူ ရခိုင် အမျိုးသမီး တစ်ဦး ရောက်ရှိလာပြီး အလှကုန် ပစ္စည်း ဈေးနှုန်းများ မေးမြန်းပြီး ပြန်သွားခဲ့သည်။ အဆိုပါ အမျိုးသမီးသည် နာရီဝက်ခန့် အကြာတွင် ပြန်လည် ရောက်ရှိလာပြီး ၎င်း၏ ပိုက်ဆံအိတ် ပျောက်သွားသည်ဟု ဆိုင်ရှင်ကို ပြောဆိုရာ၊ ဆိုင်ရှင် ပိုက်ဆံအိတ် ကျန်ရစ်ခဲ့ပါက မိမိအနေနှင့် မြင်မှာ ဖြစ်ကြောင်း၊ ပိုက်ဆံအိတ် မကျန်ရစ် ခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း အမျိုးသမီးက နယ်ထိန်းရဲများ ခေါ်လာပြီး၊ ရဲများက ဆိုင်ရှင် ဖြစ်သူ ဦးကော်လီမူလ္လာနှင့် အနီးအနားမှ ဆိုင်ရှင် နှစ်ဦးတို့ကို ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ရဲစခန်းသို့ အရောက်တွင် နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုးက အပြစ်မဲ့ ဆိုင်ရှင် သုံးဦးထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ညနေ (၄) နာရီတွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးကော်လီမူလ္လာ၏ ဆိုင်အနီးမှ ဆိုင်ရှင် နှစ်ဦးမှာ ရွှေဇား ကျေးရွာမှ မော်လ၀ီ မူဖီးဇ် (ဘ) ဦးဟာဘီ (အသက် ၃၇ နှစ်) နှင့် ကိုဂျာဘေရ် (အသက် ၂၅ နှစ်) တို့ဖြစ်သည်။

အဆိုပါ ရခိုင် အမျိုးသမီးသည် နိုဝင်ဘာလ (၁၅) ရက်နေ့ ကလည်း မောင်တော မြို့မ ဈေးကြီး အတွင်းရှိ ဦးမာမတ်ဆော်လာမ် (ဘ) ဦးကာဆိမ်း (အသက် ၃၃ နှစ်) ၏ အထည်ဆိုင်တွင် ဈေးနှုန်းများ မေး၍ ပြန်သွားပြီးနောက် ၎င်း၏ ပိုက်ဆံအိတ် ပျောက်သည်ဟု ဆိုကာ နယ်ထိန်း ရဲများ ခေါ်လာပြီး ဆိုင်ရှင် ဖြစ်သူထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တော မြို့မ ဈေးကြီးသည် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန လက်အောက်ခံ ဈေးဖြစ်သည့် အတွက် အဆိုပါ အမျိုးသမီး၏ လုပ်ကြံ လီဆယ်၍ ငွေညှစ်ခြင်းနှင့် ပတ်သက်ပြီး ဈေးတာဝန်ခံ ဖြစ်သူ ဦးအံ့ကျော်ထံ ငွေညှစ်ခံရသူ များက တိုင်ကြား ခဲ့သော်လည်း တရားလို များသည် ရိုဟင်ဂျာ လူမျိုး ဖြစ်နေသောကြောင့် မည်သို့မျှ အကာအကွယ် ပေးရန် ကြိုးစားခြင်း မရှိကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ လိမ်လည် လီဆယ် လုပ်ကြံ၍ ငွေညှစ်ခြင်းကြောင့် အခြားသော ဈေးသည်များလည်း စိတ်အနှောက် အယှက်ဖြစ်လျက် ရှိနေကြသည်။

Comment ရေးရန်

Rohingya Exodus