နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့နယ်မှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၈ ဦးကို အကြောင်းမဲ့ ဖမ်းဆီး



RB News
27.12.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ မိကျောင်းဈေးနှင့် ခြင်းသမား ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၈ ဦးကို နယ်ခြားစောင့် ရဲများက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် အထက်ပိုင်း ကျေးရွာများ ဖြစ်သော မိကျောင်းဈေး ကျေးရွာ အုပ်စုနှင့် ခြင်းသမား ကျေးရွာ အုပ်စု များသို့ ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁း၃၀ နာရီ ခန့်တွင် မောင်တောမြို့နယ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုကွပ်ကဲရေးမှူး အဆင့်ရှိ အရာရှိ တစ်ဦး ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်လာပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများ၏ နေအိမ်များ အတွင်းသို့ ၀င်ရောက် စီးနင်းကာ မိကျောင်းဈေး ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ၁၄ ဦးနှင့် ခြင်းသမား ကျေးရွာ အုပ်စုမှ ဒေသခံ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မိကျောင်းဈေး အုပ်စုမှ ဖမ်းဆီး သွားသူ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၁၄ ဦးကို မောင်တောရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားပြီး၊ ခြင်းသမား ကျေးရွာ အုပ်စုမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ၄ ဦးကို ဘူးသီးတောင် မြို့နယ် တောင်ဘဇားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

မိကျောင်းဈေး ကျေးရွာ အုပ်စုမှ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ ၁၄ ဦးမှာ --

(၁) ဦးမိုဂျာမဲလ် (ဘ) ဦးနော်ဇူမျာ (အသက် ၄၃ နှစ်) - ဆင်သေရွာ
(၂) ဦးဆိုက်ဖုလ္လာ (ဘ) ဦးအီလီယာစ် (အသက် ၂၇ နှစ်) - မာဇီးရွာ
(၃) ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးဘေဆာအလီ (အသက် ၄၀ နှစ်) - မိကျောင်းဈေးရွာ
(၄) ဦးမာဒီယာ (ဘ) ဦးအီလီယာစ် (အသက် ၄၀ နှစ်) - ဖော်တီအာလီရွာ
(၅) ဦးရှုကူရ်အာလမ် (ဘ) ဦးအီလီယာစ် (အသက် ၃၀ နှစ်) - ဖော်တီအာလီရွာ
(၆) မော်လ၀ီ ဖွေယာစ် (ဘ) ဦးမူရာဒ် (အသက် ၅၀ နှစ်) - ဖော်တီအာလီရွာ
(၇) မော်လ၀ီ -- ? -- (ဘ) ဦးအလီဟူစိန်း (အသက် ၅၅ နှစ်) - ဖော်တီအာလီရွာ စက်လှေအသင်းမှ
(၈) ဦးဂျာနီအာလမ် (ဘ) ဦးဆော်လိမ် (အသက် ၃၀ နှစ်) - ဖော်တီအာလီရွာ
(၉) ဦးယာဟယား (ဘ) ဦးရှော်မုလုခ် (အသက် ၃၅ နှစ်) - မာဇီးရွာ
(၁၀) မော်လ၀ီ အာယာစ် (ဘ) ဦးရှော်မုလုခ် (အသက် ၂၈ နှစ်) - မာဇီးရွာ
(၁၁) ဦးမာမတ်ဇော်လိလ် (အသက် ၅၅ နှစ်)
(၁၂) ဦးအယာစ် (ဘ) ဦးမာမတ်ဇော်လိလ် (အသက် ၂၅ နှစ်)
(၁၃) ဦးစိုးမြင့် (ခ) ဦးကော်ရီမူလ္လာ (ဘ) ဦးအဲက်ဘာလ် (အသက် ၄၀ နှစ်) - ရွာသစ်ရွာ
(၁၄) ဦးအဒူကော်ရီးမ် (အငြိမ်းစား စာရေး) (အသက် ၆၅ နှစ်) - ရွာသစ်ရွာ -- တို့ဖြစ်သည်။

ခြင်းသမား ကျေးရွာ အုပ်စုမှ အကြောင်းမဲ့ ဖမ်းဆီးခံရသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးမှာ --

(၁) ဦးဟာဘီအူလ္လာ (ဘ) ဦးအဒူဇော်လိလ် (အသက် ၃၈ နှစ်) - မောင်နူရွာ
(၂) ဦးမိုဟာမတ်ဇူဘိုင်ရ် (ဘ) ဦးအဒူဆော်မတ် (အသက် ၄၀ နှစ်) - ဖောင်တော်ပြင်ရွာ
(၃) ဦးမိုဟာမတ်ရှားဟ် (အသက် ၃၅ နှစ်) - ဖောင်တော်ပြင်ရွာ
(၄) ဦးအဘူတော်ယုဖ် (ဘ) ဦးဂေါ်ရီဟူစိန်း (အသက် ၃၃ နှစ်) - ဖောင်တော်ပြင်ရွာ -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus