နောက်ဆုံးသတင်း/ဆောင်းပါးများ

ဖောင်တော်ပြင် နယ်ခြားစောင့် ရဲများနှင့် ငကျဉ်တောက် ရွာတာဝန်ခံ တို့ပူးပေါင်း၍ ငွေညှစ်



RB News
27.12.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများနှင့် ငကျဉ်တောက် ကျေးရွာ တာဝန်ခံ တို့ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများထံမှ ငွေညှစ်ခြင်းများ၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၅) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ဖောင်တော်ပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများနှင့် ငကျဉ်တောက် ကျေးရွာ တာဝန်ခံ ဦးအာတာအုလ္လာတို့ ပူးပေါင်း၍ BD ပြေးများ ရှာဖွေသည်ဟု ဆိုကာ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ အမျိုးသား၊ ကလေးများကို ရိုက်နှက်ခြင်း သာမက အမျိုးသမီး များကို ကာအိနြေ္ဒ ပျက်ပြားသည့် အထိ ရိုက်နှက် ဆွဲရမ်းကားမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲများနှင့် ရွာတာဝန်ခံတို့ စွပ်စွဲသကဲ့သို့ BD ပြေးများ မတွေ့ရှိခဲ့သော်လည်း၊ လ.၀.က နှင့် မ.ယ.က (မြို့နယ် အုပ်ချုပ်ရေး) တို့အတွက် ရန်ပုံငွေ လိုသည်ဟု ဆိုကာ အကြောင်းမဲ့ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသူ များမှာ --

(၁) ဦးမော်ရီဇာန် (ဘ) ဦးအာဘူလ် - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း)
(၂) ဦးဆော်နာအုလ္လာ (ဘ) ဦးဆိဒိတ် - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း)
(၃) ဦးအီမာန်အုလ္လာ (ဘ) ဦးဟာဆောင်အလီ - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် လေးသောင်း)
(၄) ဒေါ်ရှော်မ်ရှီဒါ (ဘ) ဦးဟာဆောင်အလီ - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါသောင်း)
(၅) ဦးရီယာဇူလ္လာ (ဘ) ဦးနာဆာရ် - သရေကုန်တန်းရွာ (ညှစ်ခံရသည့် ငွေကျပ် ရှစ်သောင်း)
(၆) ဦးနူရ်အစ္စလာမ် (ဘ) ဦးလာလူး - ငကျဉ်တောက်ရွာ (ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း) -- တို့ဖြစ်ပါသည်။

ထို့အပြင် ဦးနူရ်အစ္စလာမ် (ဘ) ဦးဇော်လာမတ်ကို နယ်ခြားစောင့်ရဲ များနှင့် ငကျည်တောက်ရွာ တာဝန်ခံ တို့က အကြောင်းမဲ့ ဖမ်းဆီး သွားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ၆ သိန်း ညှစ်ရာ၊ နောက်ဆုံးတွင် ညှဉ်းပန်း နှိပ်စက်မှု ဒဏ်မျိုးစုံ ခံရပြီး ငွေကျပ် ၃ သိန်း ပေး၍ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus