March 17, 2025

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ကျောက်လှေကားမှ စစ်သား (၄) ဦး လိုင်စင်ရ ဓါးပြများ သဖွယ် ရွှေ၊ ငွေများ လုယက်




MYARF
RB News
28.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်လှေကား ကျေးရွာ အခြေစိုက် ယခင် အမှတ် (၆) နယ်မြေ စခန်းမှ စစ်သား (၄) ဦးသည် လိုင်စင်ရ ဓါးပြများ သဖွယ် ပစ္စည်းများ လုယက်၍ လုယက်ခံရသည့် ပိုင်ရှင်ထံမှ ထပ်မံ၍ ငွေညှစ်ရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၆) ရက်နေ့ ည ၈ နာရီ အချိန်တွင် မောင်တောမြို့နယ် လှဖိုးခေါင် ကျေးရွာ အုပ်စု၊ အနောက်ရွာရှိ ဂျမီလ်ဟူစိန်း (ဘ) ဦးမော်ဂုလ်အာမတ် (အသက် ၂၆ နှစ်) ၏ စားကုန်ဆိုင်သို့ ကျောက်လှေကား ကျေးရွာ အခြေစိုက် ယခင် အမှတ် (၆) နယ်မြေ စခန်းမှ စစ်သား (၄) ဦး ရောက်ရှိလာပြီး၊ ဆိုင်တစ်ဆိုင်လုံးကို မွှေနှောက်၍ အကြောင်းမဲ့ ရှာဖွေ စစ်ဆေးခဲ့သည်။ ဆိုင်ထဲတွင် တရား ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဆိုင်ရှင် ဖြစ်သူ ဂျမီလ်ဟူစိန်း ကိုင်ဆောင်သည့် မိုဘိုင်းဖုန်းကို လုယူ၍ ဘင်္ဂလား ဆင်းမ်ကဒ် ပြောင်းထည့်ကာ အမှုဆင် ဖမ်းဆီးရန် ကြိုးစား နေစဉ် ဆိုင်ရှင်ဖြစ်သူက အမှုဆင် ဖမ်းဆီးခံ ရမည်ကို စိုးရိမ်၍ ဆိုင်မှ ထွက်၍ တိမ်းရှောင် သွားခဲ့သည်။

ဂျမီလ်ဟူစိန်းသည် မိမိ၏ နေအိမ်ရှေ့တွင် တပိုင်တနိုင် စားကုန်ဆိုင် ဖွင့်၍ အသက်မွေးဝမ်း ကျောင်းပြုနေသူ ဖြစ်သည်။ စစ်သား (၄) ဦးတို့သည် ဂျမီလ်ဟူစိန်းကို ဖမ်းဆီးရန် နေအိမ်တွင်း ၀င်ရောက် ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် ဆိုင်ထဲသို့ ပြန်လည် ၀င်ရောက်ပြီး ဆိုင်အတွင်းရှိ ပစ္စည်းများနှင့် ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တို့ကို ဥပဒေမဲ့ သိမ်းဆည်း သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် အဆိုပါ စစ်သား (၄) ဦး အနက် (၃) ဦးသည် ဂျမီလ်ဟူစိန်း၏ နေအိမ်သို့ ထပ်မံ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ခွင့်ပြုချက် မပါဘဲ ၀င်ရောက်ပြီး ဂျမီလ်ဟူစိန်းကို ရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် အိမ်အတွင်းရှိ အမျိုးသမီးများကို ရိုက်နှက်ပြီး ဗီရိုကို ဖျက်၍ ဗီရို အတွင်းရှိ ငွေကျပ် သိန်း ၂၀ နှင့် ရွှေ ၅ ကျပ်သားခန့်ကို လုယက် သွားခဲ့သည်။ တစ်ဖန် မွန်းတည့် ၁၂ နာရီ အချိန်တွင် ရောက်ရှိလာပြီး ဂျမီလ်ဟူစိန်းကို ထပ်မံ ရှာဖွေခဲ့ကြောင်း သိရှိရပါသည်။

နေ့လည် ၂ နာရီ အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ စစ်သားများ ရောက်ရှိလာပြီး၊ အကယ်၍ အမှုကို ရှင်းလင်း လိုပါက ဂျမီလ်ဟူစိန်းမှ ငွေကျပ် ၁၂ သိန်း ပေးရန် လိုအပ်ကြောင်း အုပ်ချုပ်ရေးမှူးကို ပြောဆို ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

စစ်သားများက မတရားသဖြင့် အမှုဆင်၍ ဖမ်းဆီးရန် ကြိုးစားခဲ့သည့် အပြင်၊ နေအိမ်မှ ရွှေငွေများ လုယက်ခဲ့ပြီး၊ မတရားသဖြင့် ထပ်မံ၍ ငွေညှစ်နေခြင်းသည် မောင်တောမြို့နယ် အတွင်း တရား ဥပဒေ စိုးမိုးမှု လုံးဝ မရှိသည်မှာ ပေါ်လွင် နေပါသည်။ အဆိုပါ စစ်သားများသည် မကြာခဏ ဆိုသလို လှဖိုးခေါင် ကျေးရွာ အုပ်စု အတွင်းသို့ ၀င်ရောက်၍ ယခုကဲ့သို့ မတရားသဖြင့် အမှုဆင်၍ ဖမ်းဆီးပြီး ငွေညှစ်ခြင်းများ ပြုလုပ်၍ သောင်းကျန်းလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus