April 16, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

နယ်ခြားစောင့် ရဲများက ဒေသခံ တစ်ဦး၏ ဖုန်းတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်၍ လုပ်ကြံပြီး ငွေညှစ်



RB News
3.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောင်းနား ကျေးရွာ အုပ်စုမှ ဒေသခံ တစ်ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ပြီး လုပ်ကြံကာ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၂၈) ရက်နေ့ ည ၇ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း မြောင်းနား ကျေးရွာအုပ်စုမှ အာယာတူလ္လာ (ဘ) ဦးအာယုဖ်ခါန် နှင့် သူငယ်ချင်း တစ်စု တို့သည် အငူမော်လမ်းမကြီး ဘေးတွင် ထိုင်စကား ပြောနေစဉ် ကင်းချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားရာ အာယာတူလ္လာ၏ သူငယ်ချင်းများ ထွက်ပြေး သွားသော်လည်း အာယာတူလ္လာသည် မသန်စွမ်းသူ တစ်ဦး ဖြစ်သောကြောင့် တိမ်းရှောင် သွားနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။ ထို့နောက် နယ်ခြားစောင့် ရဲနှစ်ဦးက အာယာတူလ္လာ၏ MPT ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် ထည့်၍ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံပြီး ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရဲကင်းစခန်းတွင် တစ်ညလုံး ရိုက်နှက် နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မတ်လ (၂၉) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကင်းချောင်း ရဲကင်း စခန်းမှူးက အာယာတူလ္လာ ထံမှ ငွေကျပ် ငါးသိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ရဲကင်း စခန်းမှူး တောင်းခံသည့် ငွေကို မပေးပါက ပုဒ်မမျိုးစုံတပ်၍ ထောင်ချမည်ကို စိုးရိမ်ပြီး ရဲကင်း စခန်းမှူး တောင်းသည့်ကို ငွေကို ပေးခဲ့ရသည်ဟု ၎င်းကဆိုသည်။

ထိုဒေသတွင် ယခင်က ရှိခဲ့သည့် တပ်ရင်းမှူးက လက်အောက်ငယ်သားများ ငွေညှစ်လျှင် ထိရောက်စွာ အရေးယူခဲ့သော်လည်း ယခု အသစ်ရောက်ရှိလာသည့် ရဲမှူးကြီး စွမ်းဇာနည်သည် အပြောအဆို ကောင်းသော်လည်း တကယ်တမ်းတွင် ထိရောက်စွာ လုပ်ဆောင် ပေးခြင်း မရှိဟု ဆိုသည်။ ကင်းချောင်း ရဲကင်းစခန်း ရောက်ရှိလာပြီး နောက်ပိုင်းတွင် ရွာများမှ လမ်းသွားလမ်းလာ များကို နည်းမျိုးစုံဖြင့် အနှောက်အယှက် ပေးလျက် ရှိပြီး၊ ညအချိန်မတော် ရွာများထဲသို့ ၀င်ရောက်၍ ကင်းသမားများကို အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်ခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ အမျိုးမျိုး ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။ နယ်ခြားစောင့် ရဲများ၏ လုပ်ဆောင်ချက် များသည် တရား ဥပဒေ စိုးမိုးမှု ကင်းမဲ့လျက် ရှိနေသည်ကို မီးမောင်းထိုးပြလျက် ရှိပြီး၊ ၎င်းတို့၏ ဥပဒေမဲ့ လုပ်ဆောင်ခြင်းများကို ရဲမှူးကြီး စွမ်းဇာနည်မှ အရေးယူ ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ ဤကဲ့သို့ ဆက်လက် ဖြစ်ပေါ်နေပါက ရွာသားများနှင့် နယ်ခြားစောင့် ရဲများ အကြား မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ဒေသခံများ ပြောပါသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus