February 15, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

ခမရ ၅၆၄ မှ တပ်ရဲ တပ်ကြပ်ကြီး ဘကျော်က အရာရှိများ၏ အမည်သုံး၍ ဒေသခံများထံမှ ငွေညှစ်



RB News
14.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အခြေစိုက် ခမရ ၅၆၄ မှ တပ်ရဲ တပ်ကြပ်ကြီး ဘကျော်က ခြင်းသမား ကျေးရွာအုပ်စု၊ မိကျောင်းဈေး ကျေးရွာအုပ်စု၊ ဒါးပိုင်ဆရာ ကျေးရွာအုပ်စုနှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ ဆိုင်ကယ် တစ်စီးဖြင့် လှည့်လည်၍ ဒေသခံများကို အမှုဆင် ဖမ်းဆီးခြင်း၊ အပြစ်မရှိ အပြစ်ရှာ လုပ်ကြံ စွပ်စွဲခြင်း၊ ခြိမ်းခြောက်ခြင်းများ အပြင် တပ်ရင်းမှူးက ခေါ်ခိုင်းသည်၊ တပ်ရေး ဗိုလ်ကြီးက ခေါ်ခိုင်းသည်ဟု လိမ်ညာ ပြောဆို၍ ငွေညှစ်ခြင်း၊ ဒေသခံ ရိုဟင်ဂျာများအား လူမျိုးရေး မုန်းတီးရေး စိတ်ဖြင့် ခွဲခြား ဆက်ဆံပြီး နဖူးပေါ် ခြေဖြင့် ကန်ခြင်း၊ လက်ထိပ်ခတ် ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အဆိုပါ တပ်ရဲ တပ်ကြပ်ကြီး ဘကျော်သည် ၂၀၁၁ ခုနှစ်တွင် မိကျောင်းဈေး ကျေးရွာအုပ်စု၊ ရွာသစ်ရွာမှ ကျောင်းသား လူငယ် တစ်ဦး ဖြစ်သည့် နူရ်ဘော်ရှော် (ဘ) ဦးဒူဒူမျာ တပ်ရင်းမှ ထွက်ပြေးပြီး သေဆုံးမှုတွင် အဓိက ပါဝင် ပတ်သက်ခဲ့သည့် လူသတ် ရာဇ၀တ်ကောင် တစ်ဦး ဖြစ်သော်လည်း အထက် ခုံရုံးမှ စစ်ဆေးရာတွင် အရေးယူခြင်း မခံရသည်ကိုလည်း တွေ့ရှိရသည်။

၎င်း၏ ရာထူး တည်မြဲနေခြင်းမှာ ၎င်းသည် ငကျည်တောက် ဒိုင်းနက်ရွာ ဇာတိ၊ ဒိုင်းနက် လူမျိုး တစ်ဦး ဖြစ်ပြီး တပ်ရင်းမှူး အပါအ၀င် အရာရှိများအား ဒေသခံ ရိုဟင်ဂျာများထံမှ မတရားသဖြင့် ညှစ်ယူထားသည့် ငွေများမှ ဝေစုခွဲကာ ပေးနေသည်က တစ်ကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူကလည်း တပ်ရင်းမှူး အိမ်သို့ သွားရောက်၍ တပ်ရင်းမှူး ကတော်ကို ချဉ်းကပ်၍ အိမ်ဖော်သဖွယ် ချက်ပြုတ်ပေးခြင်း၊ အ၀တ်လျှော်ပေးခြင်း တို့ကြောင့် တစ်ကြောင်း၊ ၎င်း၏ တပ်ရဲ တာဝန် တည်မြဲနေခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ အခြားသော ရဲဘော်များကို တပ်ရဲ တာဝန် ခန့်အပ်ပါက တစ်ပတ် နှစ်ပတ်ထက် ပို၍ပင် တာဝန်မြဲခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

တပ်ရဲ တပ်ကြပ်ကြီး ဘကျော်၏ မတရားသဖြင့် ငွေညှစ်ခြင်း ခံရသူ အချို့မှာ --

(၁) ဦးဇာဟိဒ်အုလ္လာ (ဘ) ဦးဟာမိဒ်ဟူစိန်း -- ပုလဲတောင်ရွာ -- ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း ငါးသောင်း
(၂) ဦးမာမတ်အာရော်ဖ် (ဘ) ဦးအာဘူအာမတ် -- ခြင်းသမား - မြစ်နား -- ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း
(၃) ဦးတော်ယုဖ် (ဘ) ဦးဘေလာဟူဆောင်း -- မောင်နူရွာ -- ညှစ်ခံရသည့် ငွေကျပ် နှစ်သိန်း
(၄) ဦးဆော်လိမ် (ဘ) ဦးကာလူ -- မောင်နူရွာ -- ညှစ်ခံရသည့် ငွေကျပ် ငါးသောင်း

ဤကဲ့သို့ လိုင်စင်ရ ဓါးပြတစ်ဦး ကဲ့သို့ ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်နေခြင်းကို အထက် အရာရှိများက ဟန့်တား၍ အရေးယူ ဆောင်ရွက် ပေးခြင်းမရှိပါက ဒေသခံ ရွာသားများနှင့် ထိပ်တိုက် ပြဿနာ ဖြစ်လာဖွယ် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။ သို့ဖြစ်၍ တပ်မတော် အကြီးအကဲများနှင့် နိုင်ငံတော် အစိုးရက အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ဆိုသည်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus