နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် မြို့နယ်တွင် ပေါ့ဆမီးကြောင့် အိမ်ခြေ ၄၂ လုံး မီးလောင်ကျွမ်း



MYARF
RB News
3.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ ဒါးပိုင်ဆရာ ကျေးရွာ အုပ်စုတွင် ဧပြီလ (၂) ရက်နေ့က မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၄၂ လုံး မီးလောင်ကျွမ်း သွားကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း ဒါးပိုင်ဆရာ ကျေးရွာအုပ်စုတွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၄၂ လုံး မီးလောင် ပြာကျခဲ့ရသည်။ မီးလောင်မှုမှာ ပေါ့ဆမီးကြောင့် ဖြစ်ပြီး၊ မီးလောင်မှု ဖြစ်ပွားပြီးနောက် ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မီးစတင် လောင်ကျွမ်းခဲ့သည့် အိမ်များမှ အိမ်ထောင် ဦးစီးများကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

မီးလောင်မှုကြောင့် မီးဘေး ဒုက္ခသည်များ ဖြစ်သွားသည့် မိသားစု အချို့မှာ ဆွေမျိုးသားချင်းများ၏ နေအိမ်များတွင် ခိုလှုံလျက် ရှိပြီး၊ အချို့မှာ မိမိတို့၏ ခြံဝင်းအတွင်းတွင် တဲထိုး၍ နေထိုင်လျက် ရှိသည်။ မီးဘေး ဒုက္ခသည်များကို ခြင်းသမား ကျေးရွာ၊ ပြင်တော်ပြင် ကျေးရွာ၊ ငရန်းချောင်း ကျေးရွာ စသော ကျေးရွာများမှ ဆန်၊ အိုးခွက်၊ အ၀တ်အထည်များ လှူဒါန်းခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus