နောက်ဆုံးသတင်း/ဆောင်းပါးများ

ရမ်းကုများကို တရားဝင် ဆေးခန်း ဖွင့်ခွင့် ပေးထားမှုကြောင့် အသက်မသေသင့်ဘဲ သေဆုံးနေရ

RB News
23.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်ရှိ ကျေးရွာ များတွင် ရမ်းကုများထံမှ လစဉ်ကြေး ယူ၍ တရားဝင် ဆေးခန်း ဖွင့်ခွင့် ပေးထားမှုကြောင့် မသိ နားမလည်သည့် လူနာများမှာ အသက် မသေသင့်ဘဲ သေဆုံး နေရကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် ကျောက်လှေကား ကျေးရွာ အုပ်စု၊ ခေါ်ရီတူလာရွာမှ ဒေသခံ တစ်ဦး ဖြစ်သည့် ဦးအာဘူဆိဒိတ်၏ ချွေးမ ဖြစ်သူ မတော်ယိုဘာ (အသက် ၂၈ နှစ်) သည် ဧပြီလ (၁၆) ရက်နေ့တွင် ဓမ္မတာ သွေးဆင်းခြင်း များနေသဖြင့် ညနေ (၆) နာရီခန့်တွင် ဇင်ပိုင်ညာ ကျေးရွာမှ ရမ်းကု ဦးအာဘူမောန်ဇူရ် အားခေါ်၍ ဆေးကုသခဲ့သည်။ ရမ်းကု ဦးအာဘူမောန်ဇူရ်က လူနာဖြစ်သူ မတော်ယိုဘာကို ညနေ (၆) နာရီမှ (၉) နာရီ အတွင်းတွင် ဂလူးကူစ် (၃) လုံး၊ သွေးရပ်ရန် ထိုးဆေး၊ တားဆေး ထိုးပေးပြီး သောက်ဆေး (၆) မျိုး ပေးခဲ့သည်။ ၎င်းက ပေးသည့် သောက်ဆေးများကို ည (၁၀) နာရီ အချိန်တွင် မိသားစုများ ရှေ့မှောက်တွင် သောက်ပြီးနောက် (၅) မိနစ်ခန့် အကြာတွင် မူးလဲသွားခဲ့ပြီး၊ သတိလစ်သွားပြီးနောက် အသက်ပါ ဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မောင်တောမြို့နယ် မြို့ပေါ်နှင့် ကျေးလက် ဒေသများတွင် ရမ်းကုများ တရားဝင် ဆေးခန်း ဖွင့်လှစ်၍ ဆေးကုသ နေသည်ကို အာဏာပိုင်များက သိရှိသော်လည်း တားမြစ်ခြင်း မပြုဘဲ လူမျိုးတုန်း သတ်ဖြတ်မှု စီမံကိန်းကို အထောက်အကူ ပြုနေသောကြောင့် မျက်စိပိတ် နားပိတ် ထားသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ဆမ လိုင်စင်ရ ရှားပါးသည့် အရပ်ဒေသ ဖြစ်သည်က တစ်ကြောင်း၊ ပညာ ဗဟုသုတ နည်းပါးသည်က တစ်ကြောင်း တို့ကြောင့် အများစုမှာ ရမ်းကုများထံတွင် ဆေးကုသမှု ခံယူနေရပြီး အသက်မသေသင့်ဘဲ သေဆုံးနေရသည်ဟု ၎င်းကဆိုသည်။

ဇင်ပိုင်ညာ ကျေးရွာ အုပ်ချုပ်ရေးမှူးထံ လစဉ်ကြေး ပေးပြီး တရားဝင် ဆေးခန်း ဖွင့်လှစ် ထားသည့် ရမ်းကုများမှာ --

(၁) ဦးအာဘူမော်န်ဇူရ် (ဇင်ပိုင်ညာဈေး)
(၂) ဦးဇူဘိုင်ရ် (ဇင်ပိုင်ညာဈေး)
(၃) ဦးနူရူလာမီးန် (ဇင်ပိုင်ညာဈေး)
(၄) ဦးအေနာယာတ်အုလ္လာ (ကျွဲတောပြင်)
(၅) ဦးဒေါလာ (ဒိုးတန်း) -- တို့ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ ဦးဝင်းနိုင် (ခ) ဦးဇီယာဘူ (ဘ) ဦးရှော်မ်ရှု (သဲချောင်း၊ ကျောက်လှေကား ကျေးရွာအုပ်စု) ထံ လစဉ်ကြေး ပေးပြီး တရားဝင် ဆေးခန်း ဖွင့်လှစ် ထားသည့် ရမ်းကုများမှာ --

(၁) ဦးရှော်ဘီအုလ္လာ (ကျောက်လှေကားဈေး)
(၂) ဦးတာဟဲရ် (ကျောက်လှေကားဈေး)
(၃) ဦးအစ္စမိုင်လ် (ကျောက်လှေကားဈေး)
(၄) ဦးအဗ်ဒူလ္လာ (ကျောက်လှေကားဈေး)
(၅) ဦးရှော်ဖီအာမတ် (ကျောက်လှေကားဈေး)
(၆) ဦးဂျာဘဲရ် (လှဘော်ဇား)
(၇) ဦးမိုဟာမတ်ရော်ရှိတ် (လှဖိုးခေါင်)
(၈) ဦးအီဆုဖ် (လှဖိုးခေါင်)
(၉) မော်လ၀ီဟူဆောင်း (မင်္ဂလာကြီး)
(၁၀) ဦးဇော်မိလ် (ပေါင်းဇား) -- တို့ဖြစ်သည်။

မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ အဆိုပါ ရမ်းကုများကို ထိရောက်စွာ အရေးယူပါရန်နှင့် ကျန်းမာရေး ဦးစီးဌာနမှ ဒေသခံ ပြည်သူများ ဆေးကုသမှု ရနိုင်ရန် ကူညီ ဆောင်ရွက် ပေးရန် တောင်းဆိုကြောင်း ဒေသခံများက ပြောပါသည်။

လှဖိုးခေါင် ကျေးရွာမှ ရမ်းကု ဦးမိုဟာမတ် ရော်ရှိတ်၏ ဆေးစာ


Comment ရေးရန်

Rohingya Exodus