April 13, 2025
 

နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာသတင်း

မောင်ဝံ့သ  Rohingya Today 29.12.2018 မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မီးသတ်တပ်ဖွဲ့က မောင်တောမြို့နယ်ရှိ ဆိုင်ခန်းတိုင်းတွင် မီးသတ်ဆေးဗူးများ မဖြစ်မနေတပ်ဆင်ထားရမည်ဟုဆိုကာ မီးသတ်ဂက်စ်ဗူးများကို အဆမတန်ဈေးနှုန်းဖြင့် လွန်ခဲ့သည့် ၁၀ ရက်ခန့်မှ စတင်၍ ရောင်းချလျက်ရှိပြီး&...

မြန်မာသတင်း

ယျာတင်​ (ရိုဟင်းသား) RB News 27.8.2018 မြန်​မာ့တပ်မတော်  ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်​နှင့်အခြားစစ်ဖက် အကြီးအကဲ ၅ ဦးကို လူမျိုးတုံးသတ်ဖြတ်မှု (Genocide)၊ လူသားထုအပေါ် ကျူးလွန်သည့်​ ရာဇ၀တ်မှု (Crimes against Humanity) နှင့်​စစ်ရာဇ၀တ်မှု (War Crimes) များကျူးလွန်​...

ဆောင်းပါး

ဓါတ်ပုံ - Flickr/European Commission DG ECHO ထွန်းခင် Rohingya Today 24.12.2018 မြန်မာနိုင်ငံမှာကော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာပါ ရိုဟင်ဂျာကလေးငယ်တွေက ပညာရေးနဲ့ ပတ်သက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ အဟန့်အတား တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၇ သြဂုတ်လတုန်းက မြန်မာ့တပ်မတော်ကနေ ရက်စက်တဲ့ နယ်မြေရှင်းလင်း...

ဘလောဂါများ

ဤမိုးဝသန် (သို့) ဩဂုတ်လနှောင်း တစ်နံနက် ရေးသားသူ - ရိုခရီးသည် RB ကဗျာ 25.8.2018 ဤမိုးဝသန်၊ သည်ကမ္ဘာဝယ် သည်အရွယ်ဖြင့်၊ မျက်ကွယ်မပြု ငါမြင်ဖူးသည်၊ လူ့စိတ်မာန်ကို။ တက်အရုဏ်ဦး၊ တက်တိမ်မိုးပျံ ရှိန်ပြင်းမိုးပေါက်၊ တဖြောက်ဖြောက်နှင့်။ ကြောက်မက်ဖွယ်ရာ၊ မြင်တွေ့ရှာသည် ခါမမီ​သော၊ သေနတ်ပစ်သံ ဆူဆူည...

ကမ္ဘာ့သတင်း

ဗွီအိုအေမြန်မာပိုင်း 4.2.2016 အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားဟာ အမေရိကန် ခေါင်းဆောင် တဦး အနေနဲ့ ပထမဆုံး အကြိမ် ဗလီတခုကို သွားရောက် လည်ပတ်စဉ် အတွင်းမှာ ကျနော်တို့ အားလုံးဟာ အမေရိကန် မိသားစု တစုတည်းပဲလို့ ပြောကြားပြီး၊ ညီညွတ်မှု ရှိကြဖို့ တိုက်တွန်း လိုက်ပါတယ်။ ဗုဒ္ဓဟူးနေ့က ဘော်တီမိုးမြို့က အစ္စ...

ကြေညာချက်များ

ပူးတွဲကြေညာချက် ၂၀၁၈ စက်တင်ဘာ ၂၅ အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံးနှင့် ယင်း၏ခေါင်းဆောင် ဒေါက်တာ ဝါကာအူဒင်ကို  ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းများက ဆန့်ကျင်ပယ်ချခြင်း အာရ်ကာန် ရိုဟင်ဂျာ အစည်းအရုံး (ARU) ညွန်ကြားရေးမှူးချုပ် ဒေါက်တာဝါကာအူဒင် က စက်တင်ဘာလ (၂၃) ရက်နေ့တွင် ဗီအိုအေသတင်းဌာ...

ရိုဟင်ဂျာသမိုင်း

ရိုဟင်ဂျာဝီကီ

အစ္စလာမ်ဝီကီ

လှေစီး ဒုက္ခသည် ၇၀၀ ကျော် ထဲမှာ မြန်မာဘက်ခြမ်းက ၁၀၀ ကျော်ပါဝင်

လှေစီး ဒုက္ခသည် ၃ဝဝ ရာကျော်ကို ရခိုင် ပြည်နယ် မောင်တော မြို့နယ် တောင်ပြို လက်ဝဲ မြို့နယ်မှာ တွေ့ရစဉ် 

RFA မြန်မာပိုင်း
4.6.2015

ဟိုင်းကြီး ကျွန်းဘက် ကနေ ရခိုင်ပြည်နယ် မောင်တော ဘက်ကို ရွှေ့ပြောင်း လိုက်ပြီ ဖြစ်တဲ့ လှေစီး ဒုက္ခသည် ၇၀၀ ကျော်ထဲမှာ မြန်မာနိုင်ငံက အယောက် ၁၀၀ ကျော်ပါဝင်ကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောပါတယ်။

ဒီလှေစီး ဒုက္ခသည်တွေကို လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းမြင့်နဲ့ အဖွဲ့ အပါ အဝင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း ဦးဆောင်တဲ့ အဖွဲ့တို့ သွားရောက် စစ်ဆေး ခဲ့ရာမှာ မြန်မာနိုင်ငံက ဘင်္ဂါလီ လူမျိုး အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် အယောက် ၁၀၀ ကျော် စစ်ဆေး တွေ့ရှိခဲ့ကြောင်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

"အားလုံးပေါင်း အရေအတွက်က ၇၃၄ ဦး လို့သိရတယ်၊ ယောက်ျားက ၆၁၁ ယောက်၊ အမျိုးသမီးက ၇၂ ယောက်၊ ကလေးက ၅၁ ယောက် သူတို့ကို ယနေ့စပြီးတော့စစ်နေပြီ၊ ၁ဝဝ ကျော်လောက်ကတော့ မြန်မာနိုင်ငံဖက်ကပေါ့နော်၊ ဘင်္ဂါလီလူမျိုးတွေ ဖြစ်ပြီးတော့မှ ကျန်တာတွေကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေလို့ အကြမ်းဖျင်းသိရပါတယ်"

ဒီမြန်မာနိုင်ငံသားလှေစီးဒုက္ခသည်တွေကို လောလောဆယ်မှာ ထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးချက်တွေပေါ် မူတည်အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် အစောပိုင်း ရခိုင်ပြည်နယ်ဘက်မှာ ဖမ်းမိထားတဲ့ ဘင်္ဂလားဒေ့ရှ် လှေစီးထွက်ပြေးသူ ၂၀၀ ကျော်ထဲက ၁၅၀ ကို ဇွန်လ ၇ ရက်နေ့မှာ ပထမအသုတ်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေနဲ့ လက်ရှိကယ်ဆယ်ထားတဲ့ လှေစီးဒုက္ခသည်တွေအရေးကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တာဝန်ရှိသူတွေ ရန်ကုန်မြို့နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဒီကနေ့သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

Comment ရေးရန်

Pages 22123456 »
Rohingya Exodus