နောက်ဆုံးသတင်း/ဆောင်းပါးများ

ခေတ်အဆက်ဆက် မြန်မာ အစိုးရ၏ လိမ်လည် လှည့်စားခြင်း များကို ရိုဟင်ဂျာများ ရိပ်မိလာပြီ

(ဓါတ်ပုံ - BBC)

ငြိမ်းချမ်းရေးဖခင် (MYARF)
RB News
11.7.2015

မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပါလီမန် ဒီမိုကရေစီ ခေတ်တွင် ကျွန်ုပ်တို့ ရိုဟင်ဂျာ လူမျိုးများက အခြား တိုင်းရင်းသား များနှင့် အတူ ရွေးကောက်ပွဲတွင် ရွေးကောက် ခံနိုင်ခြင်း၊ မဲပေးနိုင်ခြင်း၊ အမျိုးသား မှတ်ပုံတင်များကို အတူတူ ကိုင်လာခဲ့သော်လည်း ၁၉၆၂ ခုနှစ် နောက်ပိုင်း စစ်အစိုးရ တက်လာပြီး လိမ်လည်လှည့်စားမှု အမျိုးမျိုး ပြုလုပ်ပြီး ရိုဟင်ဂျာများထံမှ အမျိုးသား မှတ်ပုံတင်များကို သိမ်းဆည်းခဲ့သည်။

၁၉၈၉ ခုနှစ်တွင် အခြားသော တိုင်းရင်းသားများ နှင့်နည်းတူ နိုင်ငံသား စီစစ်ရေး ကဒ်ပြားအစား တစ်လသက်တမ်းဖြင့် ယာယီ သက်သေခံ ကဒ်ပြား (White Card) များ ထုတ်ပေးခဲ့သည်။ အဆိုပါ လိမ်လည်မှုနှင့် မပြီးဘဲ အစိုးရ၏ စီမံချက် အရာမရောက် ဖြစ်ခဲ့သည်ဟု ယူဆရသည်။ ၂၀၁၅ ခုနှစ် မတ်လတွင် အဆိုပါ ယာယီ သက်သေခံ ကဒ်ပြားများ သက်တမ်း ကုန်ဆုံးသည်ဟု ဆိုကာ ပြန်သိမ်း၍ လက်ခံရ ပြေစာများ ထုတ်ပေးခဲ့သည်။ ယခုတဖန် လိမ်လည်လှည့်ဖျား၍ နှုတ်ချိုသာစွာ ပြောလာသည်ကား ယာယီ သက်သေခံ ကဒ်ပြား အပ်နှံ ပြေစာများကို ပြန်အပ်ပြီး၊ အစိမ်းနုရောင်ကဒ် (ခေါ်) နိုင်ငံသား စီစဉ်ခံရမည့် သူ၏ သက်သေခံ ကဒ်ပြားများ လက်ခံယူရန် ဖြစ်သည်။

ရိုဟင်ဂျာများမှာ နား၊ မျက်စိ ပွင့်လာပြီး ဖြစ်ပြီး၊ ယခင်လို လှည့်စား၍ ရမည့် အနေအထားတွင် မရှိတော့ပေ။ မြန်မာအစိုးရက တစ်လအတွက်ဟု ဆိုကာ ပေးခဲ့သည့် ယာယီ သက်သေခံ ကဒ်ပြားကို နှစ်ပေါင်း ၂၀ ကျော် တိုင်တိုင် ကိုင်ဆောင် စေခဲ့ခြင်းဖြင့် ကြုံတွေ့ခဲ့ရသည့် ဒုက္ခပေါင်း များစွာမှာ ခါးသီးလှကြောင်း ရိုဟင်ဂျာ ပြည်သူများ သိရှိသွားပြီ ဖြစ်သည်။

ယခု လိမ်လည် လှည့်စားရန် ကြိုးစားနေခြင်းမှာ အောင်မြင်မည် မဟုတ်ဘဲ၊ ရိုဟင်ဂျာများက အစိုးရက ထုတ်ပေးနေသည့် အစိမ်းကဒ် များကို မည်သည့် အခါမှ လက်ခံယူမည် မဟုတ်ဟု ဆိုနေကြသည်။ မောင်တော ခရိုင် လ.၀.က မှူးက မိမိ ခရိုင် အတွင်းရှိ ရိုဟင်ဂျာများ၏ ရပိုင်ခွင့်ကို အမှန်တကယ် လေးစားလျှင် အစိမ်းရောင် ကဒ်များ ယူရန် နှုတ်ချိုသာစွာ စည်ရုံးနေမည့် အစား နိုင်ငံသား လျှောက်ထားရန် နိုင် ပုံစံ (၂) ထုတ်ပေးဖို့ လိုပေမည်။

ထပ်မံ ပြောရရလျှင် ဤတစ်ကြိမ်တွင် ရိုဟင်ဂျာများက လွယ်လွယ်နှင့် လှည့်စားခံမည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာ လူမျိုး အမည်ဖြင့် နိုင်ငံသား စီစစ်ရေး ကဒ်ပြား ရမှသာ ယူမည် ဖြစ်ကြောင်း၊ ဘယ်လို ဒုက္ခမျိုး ခံရခံရ ခံရန် အသင့်ရှိကြောင်း၊ ယခင်ကလည်း ဒုက္ခပေါင်း များစွာ ခံစားခံရသဖြင့် အတွေ့အကြုံ ရင့်ကျက်လာပြီ ဖြစ်ကြောင်း၊ မြန်မာ အစိုးရ အာဏာပိုင် အဆင့်ဆင့် သိရှိစေရန် RB News မှ တဆင့် သတင်းစကား ပါးလိုက်ပါသည်။

Comment ရေးရန်

Rohingya Exodus