နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒု-ရဲမှူး ကျော်မြင့်ရွှေက အလိုမတူဘဲ သားမယား ပြုကျင့်မှု၊ ငွေညှစ်မှုများ ကျူးလွန်လျက်ရှိ



RB News
6.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၈) နယ်မြေ မြင်းလွှတ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေမှူး အဖြစ် တာဝန် ထမ်းဆောင် နေသည့် ဒု-ရဲမှူး ကျော်မြင့်ရွှေသည် မြင်းလွှတ် အနောက်ရွာနေ ဦးအလီဂျူဟာရ် (ခ) ဦးလားလား၏ သမီးပျို ဖြစ်သူ ဖြစ်သူ ရှောမ်ရှီဒါ (အသက် ၁၇ နှစ်) ကို အတင်း အဓမ္မ တရားမ၀၀င် ပေါင်းသင်းလျက်ရှိပြီး၊ ယခုအခါ ကိုယ်ဝန် လေးလပင် ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ဦးအလီဂျူဟာရ်၏ နေအိမ်ကို ယခင် န.စ.က လက်ထက်က နယ်မြေရုံးတွင် စိုက်ပျိုးထားခဲ့သည့် အော်ရေရှား အပင်များကို ခွဲစိတ်၍ ဒု-ရဲမှူး ကျော်မြင့်ရွှေက ဆောက်လုပ်ပေး ထားသည်ဟု ဒေသခံများက RB News သို့ပြောသည်။ 

ဒု-ရဲမှူး ကျော်မြင့်ရွှေသည် ညအချိန်တွင် မရှောမ်ရှီဒါ၏ နေအိမ်သို့ သွားရောက်၍ အတင်းအဓမ္မ ခြိမ်းခြောက်ကာ တရားမ၀င် ပေါင်းသင်း နေခြင်းကို ဘေးပတ်ဝန်းကျင်မှ သိရှိပြီးနောက်ပိုင်းတွင် ရွာသူရွာသားများက မကျေမနပ် ဖြစ်လျက် ရှိကြရာ အခြေအနေမှာ တင်းမာလာနိုင်သည့် အခြေအနေတွင် ရှိနေပြီး၊ မလိုလားအပ်သည့် ပြဿနာများ မကြာခင် ဖြစ်ပွားလိမ့်မည်ဟု ဒေသခံများက ပြောပါသည်။ 

ထို့အပြင် ကျောင်းတောင် ကျေးရွာ (ခ) ဂေါ်ရခါလီ ကျေးရွာ အုပ်စု အလယ်မုန်းချီရွာ အထစ အမှတ် (---) နေ ဦး---- ၏ သမီးဖြစ်သူ မ ----- (အသက် ၂၆ နှစ်) မှ ရိုက်မှု တစ်ခုနှင့် ပတ်သက်၍ နယ်မြေရုံးသို့ သွားရောက် တိုင်တန်းရာ ဒု-ရဲမှူး ကျော်မြင့်ရွှေက အခွင့်ကောင်းယူ၍ တိုင်တန်းသူ မ---- ကို မြင်းလွှတ် ကျေးရွာ အုပ်စု၊ ဖွေရာရွာရှိ နေအိမ် တစ်အိမ်သို့ ခေါ်ဆောင်သွားပြီး အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ဒု-ရဲမှူး ကျော်မြင့်ရွှေသည် မြင်းလွှတ် အနောက်ရွာမှ ဦးဆော်လီမူလ္လာနှင့် အရှေ့ရွာမှ ဦးအာနောစ် တို့ကို ဇွန်လ (၁၆) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည်ဟု ဆိုကာ ဖမ်းဆီး၍ တရားစွဲဆိုခဲ့သည်။ ထို့နောက် အဆိုပါ ဖမ်းဆီးခံရသူများနှင့် ဆက်နွယ်မှု ရှိသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲကာ မြင်းလွှတ် အရှေ့ရွာနေ ဦးနူရ်အာမီးန် ထံမှ ငွေကျပ် ၁၀ သိန်း၊ ဦးဂျီယာဘုလ်ဟောက် ထံမှ ငွေကျပ် ၂ သိန်း၊ မော်လ၀ီ ဟာရှိမ်း (ခ) စိန်တလုံး ထံမှ ငွေကျပ် ၂ သိန်း၊ တောင်ရွာနေ ဦးဖေရုစ်ဇူလ်ဟောက် ထံမှ ငွေကျပ် ၄ သိန်း၊ ဇုံကာရာ ရွာနေ မော်လ၀ီ အာတာအုလ္လာ ထံမှ ငွေကျပ် ၃ သိန်း၊ အရှေ့ရွာနေ ဦးဘောက်တူး ထံမှ ငွေကျပ် ၂ သိန်း၊ ဟာဖီးဇ် နူရူလ်ဟောက် ထံမှ ငွေကျပ် ၈ သိန်း၊ မြောချောင်း ရွာနေ ဦးအာဘူလ်ဟာရှိမ်း ထံမှ ငွေကျပ် ၂ သိန်း၊ ရွာသစ်ရွာနေ ဦးဟာဆောန် ထံမှ ငွေကျပ် တစ်သိန်းငါးသောင်း၊ အနောက်ရွာနေ ဦးအီနုစ် ထံမှ ငွေကျပ် ၁၅ သိန်း တို့ကို ဒု-ရဲမှူး ကျော်မြင့်ရွှေက ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

ကျောင်းတောင် ကျေးရွာ (ခ) ဂေါ်ရခါလီ ကျေးရွာ အုပ်စု၊ တောင်ရွာနေ ဦးအဒူလော်တီ (ခ) ဦးအဒူမော်ဇိတ်၊ ဦးနူရ်အာလောမ် (ဘ) ဦးနူရ်အာမတ်၊ ဦးဇော်ကော်ရီယာ (ဘ) ဦးအာယာစ်၊ ဦးအီနုစ် (ဘ) ဦးဒေါ်လုဟူဆောင်း၊ ဦးဆာလူ (ဘ) ဦးနော်ဘီဟူစိန်း၊ အလယ်မုန်းချီးရွာနေ ဦးဒေါ်လုဟူဆောင်း (ဘ) ဦးမော်တုလုဟူဆောင်း၊ ကျောင်းတောင်ရွာနေ ဦးမော်ဇီအူလ္လာ (ဘ) ဦးဟာဘီရောမန်၊ ပေတာရွာနေ ဦးဖော်ဇော်လ်အာမတ် (ဘ) ဦးအလီဟူဆောင်း တို့ထံမှလည်း ဒု-ရဲမှူး ကျော်မြင့်ရွှေက နေအိမ်များ ပြုပြင်ထားသည်ဟု စွပ်စွဲကာ ငွေကြေး အမြောက်အမြား ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 

၎င်းက ယခုအခါ မြင်းလွှတ် ကျေးရွာ၊ ကျောင်းတောင် ဂေါ်ရခါလီ ကျေးရွာ၊ သပြေတော ကျေးရွာနှင့် ဥဒေါင်း ကျေးရွာများရှိ ငွေကြေး တတ်နိုင်သူများကို ဦးဆော်လီမူလ္လာ ကဲ့သို့ ဖမ်းဆီး၍ တရားစွဲဆိုမည်ဟု ခြိမ်းခြောက်လျက် ရှိသည်ဟု ဆိုသည်။ 

ယခုလသည် အစ္စလာမ် ဘာသာဝင် များ၏ ဥပုသ်လ ဖြစ်သော်လည်း အေးချမ်းစွာ ဥပုသ် သီလ စောင့်ထိန်း၍ နေအိမ်များတွင် နေထိုင်နိုင်ခြင်း မရှိကြောင်း၊ ဒု-ရဲမှူး ကျော်မြင့်ရွှေက နယ်ထိန်း ခေါင်းဆောင် တပ်ကြပ် အောင်ဇော်လင်းနှင့် ၎င်း၏ တပည့် ဖြစ်သူ အနူဝါရ် (ဘ) ဦးအီနုစ် တို့ကို ကျေးရွာများသို့ စေလွှတ်၍ ငွေကြေး တတ်နိုင်သူများ၏ နေအိမ်များကို ကြည့်ရှုစေပြီး ညသန်းခေါင်ယံ အချိန်တွင် ဒု-ရဲမှူး ကျော်မြင့်ရွှေ ကိုယ်တိုင် ဦးဆောင်ကာ လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus